မျက်မမြင်များအတွက် Smart Phone
Braille သည် မျက်မမြင်များအတွက် စာဖတ်ခြင်း၊ စာရေးခြင်းများပြုလုပ်နိုင်သည့် စနစ်တစ်ခု ဖြစ်သည်။ ၎င်းတွင် ကိန်းဂဏန်းများ၊ စာလုံးများနှင့် ပုဒ်မထည့်ခြင်းအစရှိသည်တို့အား အစက်ကလေးများဖြင့် ပြုလုပ်ထားပါသည်။ အဆိုပါအစက်ကလေးများအပေါ်တွင် လက်ချောင်းလေးများကို ရွေ့လျားခြင်းဖြင့် မျက်မမြင်များအတွက် စာဖတ်နိုင်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် အိနိ္ဒယအင်ဂျင်နီယာများအနေဖြင့် မျက်မမြင်များအတွက် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းအား ပြုလုပ်နိုင်ခဲ့ပြီး ၎င်းဖုန်းအနေဖြင့် မည်သည့်ဘာသာစကားဖြင့် ရေးသားထားသည့်စာမဆို မျက်မမြင်စာစနစ်သို့ ပြောင်းလဲပေးနိုင်ပါသည်။ အဆိုပါဖုန်းကို တီထွင်ခဲ့သည့် Sumit Dagar နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၃ နှစ်ကပင်
စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မျက်မမြင်စမတ်ဖုန်းတွင် Shape Memory Alloy နည်းပညာကိုအသုံးပြုထားပြီး ဖုန်း၏ မျက်နှာပြင်တွင် အပေါ်အောက်ရွေ့လျားရန်အတွက် ချိတ်ကဲ့သို့သော အရာလေးများပါဝင်ကာ ၎င်းအရာကလေးများသည် စာ၊သို့မဟုတ် အချက်အလက်များအား ကိုယ်စားပြုမည်ဖြစ်သည်။
ယခုဖုန်းသည် ဖုန်းအသုံးပြုသူများအတွက် ဆက်သွယ်ရေးစနစ် ပြောင်းလဲထားသည့် ပုံစံတစ်မျိုးဖြစ်ပြီး ဒါဂါ၏ ဝက်ဘ်ဆိုက်တွင် အဆိုပါဖုန်းထုတ်လုပ်အောင်မြင်မှုအား ဧည့်သည်များအား အစမ်းပြသခဲ့ပါသည်။ ၎င်းစမတ်ဖုန်းနမူနာသည် အသုံးပြုရန် ထုတ်လုပ်လာနိုင်ခဲ့ပါက မျက်မမြင်များအနေဖြင့် စမတ်ဖုန်းမှတစ်ဆင့် sms များ၊ အီးမေးလ်များကို ဖတ်ရှုလာနိုင်မည်ဖြစ်ပြီး ပုံများကိုလည်း စာများကဲ့သို့ အလွယ်တကူ ပြောင်းလဲ ပေးနိုင်သည်ဟု ဆိုသည်။
Indian Engineers Made World’s First Braille Smartphone For The Blind
Braille is a system of reading and writing by touch, widely used by blind people. It consists of arrangements of dots, which make up letters of the alphabet, numbers, and punctuation marks. Blind people can read braille by moving their fingers over the dots. Recently, we’ve come to know that Indian engineers have made the world’s first braille smartphone for the blind. The phone can convert text in any language to braille letters.
Originally Posted: http://thetechjournal.com/development/indian-engineers-made-worlds-first-braille-smartphone-for-the-blind.xhtml#ixzz2RpyJTnM9
Originally Posted: http://thetechjournal.com/development/indian-engineers-made-worlds-first-braille-smartphone-for-the-blind.xhtml#ixzz2RpyGGLLn
ဒီလို နည်းပညာတွေကိုတော့ တကယ် ကြိုဆိုပါတယ်။
ဆက်လက်လို့လဲ ဒီနည်းပညာကို ပိုတိုးတက်အောင် လုပ်နိုင်ပါစေလို့လဲ ဆုတောင်းမိပါတယ်။
Was this answer helpful?
LikeDislikeဝမ်းသာစရာ သတင်းကောင်းပါ
ဆက်လက်ပီးလည်း တီထွင်ကြံဆနည်းလမ်းရကြပါစေ
Was this answer helpful?
LikeDislikeအခုလို နည်းပညာတွေတိုးတက်လာတာ
ဂုဏ်ယူစရာပါပဲ…..
Was this answer helpful?
LikeDislikeတော်တော်ကုသိုလ်ရမယ့်သူ..
ကမ္ဘာ့နိုင်ငံကြီးတွေရဲ့.. မြို့ကြီးတွေမှာ.. မျက်မမြင်တွေအတွက်.. လမ်းသွားလွယ်အောင်.. ဖုံးနှိပ်လို့ရအောင်.. လမ်းဖြတ်နိုင်အောင်.. အသံတွေ..လမ်းအမှတ်အသား.. မျက်မမြင်စာကလေးတွေ.. ထားတယ်..
ရန်ကုန်မှာရော…ရှိပြီလားလို့..
ကျုပ်ကမကမ်းသေးပါဘူး.. ။. မှန်ကထူထူလိုက်လာတာ.. တော်ကြာမမြင်ပဲလမ်းလျှောက်ရခက်မှာစိုးလို့..
Was this answer helpful?
LikeDislike