ဒီလ ထဲမှာ ကျတော်အိမ်ပြန်မှာပါ .တစ်ကယ်ပြန်မှာပါ. မပြန်လို့ လဲမရတော့ ဘူး မဟေသီက နေ့ စေ့ လစေ့ ဆိုတော့ ပြည်တော်ပြန် ၇တော့မှာပေါ့ .မြန်မာ ပြည်ရောက်ရောက်ချင်းဘာ လုပ်မယ်ညာလုပ်လိုက်မယ်စိတ်ကူးမရှိပေမဲ့ မဟေသီ ဗိုက် အပ် ဘို့ ကတော့ ပထမဦးစားပေးပေါ့ .ရွာထဲက အတွေ့ အကြုံရှိတဲ့ သူတွေ ဘယ်ဆေးရုံမှာမွေးရင်ကောင်မလဲ အကြံပေးကြပါအုံး . လောလောဆယ် အယ်ထရာဆောင်းရိုက်ထား တာကတော့ ကလေးခေါင်းက အပေါ်ဘက်ရောက်နေတော့ ဆ၇ာ ၀န်က တော့ လမ်းများများလျှောက်ဘို့  လမ်းညွန်ပါတယ်. ဒီအတိုင်းဆို ရင် ခွဲမွေးရင်ပိုအဆင်ပြေတယ်လို့  ဆရာဝန်ကပြောပါတယ်. မဟေသီက ၃၃နှစ်ပါ.သားဦးပေါ့. ကျတော်နဲ့သူကတော့ ရိုးရိုးပဲမွေးဘို့ အားသန်တာပါ.လို အပ်လို့ ခွဲရမယ်ဆိုတမျိုးပေါ့. ဒါက အလုပ်တစ်ခု
နောက်တစ်ခုက မိဘ အိမ်ပြန်ဘို့  ကျတော်က ကချင်ပြည်နယ်က ပါ. အိမ်ထောင်ကျတော့ ရန်ကုန်သူနဲ့ .ယောက္ခမ အိမ်တက် သမက်ပေါ့. လောလောဆယ်မဟေသီဗိုက် အပ်ပြီးရင် ကျတော်တစ်ယောက်တည်း ကချင်ပြည်နယ်ဒိုးပေါ့. ကချင်ပြည်ပြန်ရင်မန္တလေး ကို ဖြတ်ပြန်ရတော့ အချိန်ရရင် မန်းလေး က ဇတ်လိုက်ကျော်ကြီးတွေ ဖြစ်တဲ့ ဦးပေါက် တို့ ကိုပေ တို့ ကိုလဲအပြင်မှာတွေ့ ချင်ပါတယ်. အိမ်ပြန်ရောက်လို့  အချိန်ရရင်လဲ ရွာနဲ့သိပ်မဝေးတဲ့ ကိုထွန်းဝင်းလတ် ဆီကိုလဲသွား လည်ချင်ပါသေးတယ်. ရွာရောက်ရင်တော့ အဖေစိမ်ထား တဲ့ ဆတ်ချိုနု ကောက်ညင်းဆန် အရက် သောက်ရတော့မယ်.ြ့ပီးရင်အမေကိုယ်တိုင်လုပ်ထားတဲ့ မုန့် ညင်းချဉ်ဆီတိုဖူး ပဲငပိ အိုးတွေ တစ်ခုပြီးတစ်ခုနိုက်စားမယ်။ အမေချက်ကျွေးတဲ့ရှမ်းဟင်းတွေ လဲတစ်ဝဆွဲရတော့မယ်.မျှစ်တို့ ခြောက် မြီးရှည် ၀က်ခြေထောက် ခေါက်ဆွဲ တို့ ဟူနွေး တစ်နေ့ တစ်မျိုး မရိုးအောင်ချက်ခိုင်းပြီးဝအောင်ဆွဲမယ်.ပြီးရင် ရက်ဆာပီတောင်းပြီး ရန်ကုန်မှာဆိုင်ပြန်ဖွင့် မယ် .ဖွင့် ဖြစ်ရင် ရွာထဲကလူတွေ လာအားပေးကြပါအုံး. နောက်ပြီး ဒါ့ပုံ တ၀ရိုက်မယ်. ပြောရင်းပြောရင်နဲ့ တောင်ပြန်ချင်လာပြီဗျာ . အဲဒီက ပြန်လို့ ရန်ကုန်ပြန်ရောက် ရင် ရွာထဲက လူတွေ ပွဲလုပ်တာနဲ့ ကြုံ၇င်တက်ချင်တယ်ဗျာ.

About bigchef

has written 20 post in this Website..