ကျတော်ချစ်တဲ့ မြန်မာပြည်.

bigchefMay 6, 20131min31317

ကျတော် အမှန်အတိုင်းဝန်ခံရရင် ရွာထဲမရောက်ဖြစ်တာကြာပါပြီ။အားတဲ့ အချိန်မှာ Fb ပေါ်မှာပဲ အချိန်ကုန်တာများနေတယ်. ကိုယ်ကိုယ်တိုင်က လည်းပို ့မတင်တတ် တတ်တော့ သူများ ရှယ်ထားတာ တဲ ့ဟာလေးတွေ ကြည် ့ပေါ့. မိတ္ထီလာအရေးမှသည် နစ်ကီ အဆုံးပေါ့. ကွန်မန် ့လေးဘာလေးဝင်ပေး ပေါ့. ဒီကြားထဲ ရှေ ့အပတ်ထဲမှာ အိမ်ပြန်ဘို ့ရှိနေတော့ ပို ့လေးတစ် ခုရေးမိတယ်ပေါ့. အကြံညဏ်လေးများ ရမလားဆိုပြီး. ဘယ်သူမှ လဲမပေးကြဘူး.။အေးလေ ကိုယ်က ဆယ်ရီဘရတီမဟုတ်တော့ ဘယ် အရေးစိုက်ကြမှာတုန်းပေါ့. ဒါနဲ့ ငါသာဒီပို ့လေးကု်ိရွာ ထဲမှာတင်ရင် အနည်းဆုံးတော့ ရွာထဲက လူတွေ ဖတ်မိပြီး အကြံညဏ်လေးတော ့ ပေး လောက်တယ် ဆိုတာတွေး မိရင်း fb ပေါ်က ပို ့ကိုရွာထဲကို ဆွဲလာတာပါ. ကျေး ဇူးပြုပြီး ဘာ လုပ်ရင်ကောင်းမှာလဲ အကြံညဏ်လေးပေးကြပါဗျာ ။
ခင်လျက်
big chef

ကျတော်ချစ်တဲ့မြန်မာပြည်
တစ်ခါတလေ ကိုယ့်နိုင်ငံပြန်ဘို ့စဉ်းစားလိုက်တိုင်း ဘာလုပ်စားရမလဲဆိုတာကြီးက ခေါင်းထဲအရင်ဝင်လာတယ်.နောက်တစ်ချက ်မီးမမှန်ရေမမှန် ခိုအိမ်သာသာတိုက်ခန်းတွေမှာ ကိုယ်ပြန်နေနိုင်မှလား။ နယ်မှာပြန်နေဘို့တော့ ဘယ်လိုမှမဖြစ်နိုင် .နယ်မှာ လုပ်ကိုင် စားသောက်ရတာ အဆင်မပြေလို ့ရန်ကုန်တက်ပြီး နိုင်ငံခြားထွက်လာတာဆိုတော့ နယ်ပြန်နေဘို ့ကဘယ်လိုမှ ့မဖြစ်နိုင်ပါ.နောက်ပြီး Bus ကားကျပ်ကျပ်တွေကို ပြန်တိုးစီးနိုင်အုံးမှာလား စတဲ့ အတွေးတွေ ခေါင်းထဲရောက် လာတယ်.လူတွေ ကတော ့ဒီကောင်ကြီးကျယ်လိုက်တာ လို ့အပြစ်တင် ကြမှာပဲ.ခုလောလောဆယ်ကိုယ်ကြုံတွေ ့နေရတဲ့ ပစ္စုပ္ပန် အခြေအနေမှာ အဲဒီဒုက္ခတွေ မရှိတော ့ပြန်မလို ချင်တာအမှန်ပါ.ငယ်ကတည်းက သူများတွေလို စွန် ့စွန်စားစားနဲ ့ကြီးပွားချမ်းသာအောင် ကိုယ့်နယ်မှာ ထွက်တဲ့ကျောက်စိမ်းတူးတာတို ့ရေမဆေး ကျောက်ရှာတာတို ့တောင်မလုပ်ခဲ့ တာဆိုတော့ အလုပ်ကြမ်းတော ့ပြန်မလုပ်ချင်ဘူး။နောက်ပြီးချမ်းသာလွယ်တဲ ့မူးယစ်ဆေးဝါးတို ့ဘာတို ့ ကလဲ မလုပ်ရဲ. ထောင်ကျမှာစိုးတယ်လေ.အရင်တုန်းကတော့ကိုယ်တစ်ယောက်တည်း ဆိုတော့ အပူအပင်မရှိ ဖြတ်သန်းလာတာဆိုတော့ ခုချိန်ထိ ဒုက္ခကြီးကြီးမားမား တွေ ့တာတို ့ပူပင်သောက ရောက်တာမျိုးမကြုံဖူးဘူး.ခု အိမ်ထောင်ရက်သား ကျပြီးတဲ့နောက်ပိုင်းလဲအေးအေးဆေးဆေးပါ.မချမ်းသာနိုင်ပေမဲ့ လူတန်းစေ့ နေနိုင်လောက်အောင်ဝင်ငွေရှိနေတဲ ့အလုပ်ကလေး ရှိနေနေတော ့သိပ်မပူပင်ရဘူးပေါ့.ဒီအလုပ်ကထွက်ပြီး မြန်မာနိုင်ငံပြန် အခြေချရအောင်လဲ မဝံ့မရဲပါ. ကိုယ်ကိုယ်တိုင်က အရမ်းချမ်းသာတဲ့ဘဝကိုမျိုး ကို မတမ်းတပါဘူး. ဒါပေမဲ့ ပူပင်သောက ကင်းကင်းနဲ့ အေးချမ်း ပျော်စရာကောင်း တဲ့ မိသားစု ဘဝ မျိုးလေးတော့လို ချင်တယ်.အဲဒီအတွက် ငွေက အတိုင်း အတာတစ်ခုထိလိုပါတယ်။ဘာလိုလုပ်ရမှာလဲ. တွေးရင်းတွေးရင် ခေါင်းပူလာတယ်။ ဆိုင်ခန်းလေး ငှားပြီး စားသောက်ဆိုင်ဖွင် ့ရအောင်လဲ အခန်းခက နယူးယောက်ထက်တောင် မြန်မာြ့ပည်က ဈေးကြီးသေးတယ်ဆိုပဲ.အခန်းမငှား ပဲလမ်းဘေးဈေးရောင်းရင်လဲစည်ပင်က ဝင်ဆွဲအုံးမယ်။အရက်ဆိုင်ဖွင် ့ရအောင်လဲ ယာမကာလုလင်တွေနဲ ့ ကိုယ်နဲ့ဖြစ်မှာမဟုတ်ဘူး။ ဒီကြားထ ဲရဲကိုကု်ိတွေနဲ့ ပတ်သက်ရမဲ့ အလုပ်တွေ လဲမလုပ်ချင်ဘူး. ဖြစ်နိုင်ရင်ဝေးဝေးရှောင်နေချင်တာ။ အဲဒီတော ့ကိုယ်လုပ်နိုင်တဲ ့ဘောင်က တဖြည်းဖြည်း ချင်းကျဉ်းလာတယ်.ပြန်သွားတဲ့ သူတွေက လဲ ဘာလုပ်စားရမှန်း မသိလို ့ပြန်ထွက်ကြတာချည်းပဲဆိုတော့ပို ပြီး မဝံ့မရဲ ဖြစ်လာတယ်။ဒါပေမဲ့ ပြန်မှာပါ။ဘာပဲ ဖြစ်ဖြစ်ကျတော်ပြန်မှာပါ. ဘုရင် ့နောင်လို ဖောင်ဖျက်တိုက် ဘို ့ကျတော့လဲ ဖောင်လုပ်ဘု ိ ့ဝါးဘိုးတောင် အနိုင်နိုင်။ ဲနိုင်ငံခြားရောက်နေတဲ ့သူတော်တော်များ များ ကျတော် ့လိုပဲ နေကြမယ်ထင်ပါတယ်။
အဲဒါတွေးနေရင်း နိုင်ငံရေးဘက်ကိုတွေးမိတယ်. ကိုယ်က လဲနိုင်ငံရေး ကို သိပ်နားမလည်တော့လူပြိန်းတွေးပေါ့.ခုလည်း အီးယူက စီးပွားရေးတွေ ဖွင် ့ပေးလိုက်ပြီတဲ့ .အရင်ဆုံးဝမ်းသာတာက ခရိုနီတွေပဲဖြစ်မှာပါ.သူတို ့ပိုက်ဆံတွေ ဆွစ်(စ) ဘဏ်တွေမှာ အပ်လို ့ရတော့မယ်လေ.ခုလက်ရှိမြန်မာနိုင်ငံ ရဲ့ အပြောင်းအလဲဟာ တော်လှန်ရေးကနေပြောင်းလဲလာတာမဟုတ်တဲ့ အတွက် ဆင့်ကဲဆင် ့ကဲပြောင်းလဲမှုတွေဟာ သိပ်နှေးလွန်းတယ်လို ့ထင်ပါတယ်. ကိုယ်တွေက ဆန္ဒစောနေတာလဲပါမှာပေါ့. ချက်ခြင်းကြီတော့ ဘယ်လိုလုပ်ပြီးပြောင်းလဲ နိုင်မှာလဲနော။ကျတော် ့အထင် အခြေခံလူတန်းစားတွေ အတွက် ဘာမှမပြောင်း လဲသေးဘူးထင်တာပဲ.လူငယ်တွေနိုင်ငံခြားတွေ ထွက်ဘို ့ကြိုးစားနေကြဆဲ. ကိုယ်တွေဆီကိုလဲ ရောက်လာမစဲ တဖွဲဖွဲပေါ့.ပျော်လို ့အလုပ်လာလုပ်နေကြတာမဟုတ်မှန်းတော့သေချာသည်. နောက်င်္ပြီး ကျတော် ့ထင်မြင်ချက်ပါ.တခြားသူတွေနဲ ့လဲတူချင်မှတူနိုင်မှာပါ. ကျတော်တို ့တွေသိပ်မျှော် နေကြတယ်လို ့ထင်တယ်.နိုင်ငံခြားရင်နှီးမြုပ် နှံမှုကိုမျှော်တဲ့သူ . ၂၀၁၅ကိုမျှော်တဲ့သူ.အစိုးရ များကောင်းလာမလားမျှော်တဲံ့သူ၊စီးပွားရေး ပြန်ကောင်းလာမလား မျှော်တဲ့ သူ နဲ့ အားလုံးကမျှော်တော်ယောင်ဖြစ်မှန်းမသိဖြစ်ကုန်ကြပြီ.ကျတော် ့အတွက်တော့ ရှေ့ ကိုမျှော်ကြည် ့လိုက်တာ ဝိုးတိုးဝါးတားပဲ .ကိုယ်က ပဲ အဆိုးမြင်ဝါဒီများဖြစ်နေပြီလားမသိ.ပြန်ဘို ့ပိုပြီးဝေးလာသလိုပဲ. အတွေးတွေများများတွေး သက်ပြင်းတွေများများချ.။နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုတော့ ချလိုက်တယ်.ဘာပဲဖြစ်နေဖြစ်နေ တစ်နေ့မြန်မာနိုင်ငံ တော့ပြန်ဖြစ်အောင်ပြန်မယ်. တစ်နေ ့နေ ့တော့ပြန်မှာပါ. ဘာလို ့လဲ ဆိုတော့ကိုယ်က မြန်မာပြည်ကို ချစ်တာကိုး။

17 comments

  • bigchef

    May 6, 2013 at 7:20 am

    ကိုယ် ့ fb wall ပေါ်မှာကိုယ်ရေးထားတာ ဆွဲလာတော့ copy paste ထဲမှာ ထည် ့လိုက်တယ်။း)

  • ကထူးဆန်း

    May 6, 2013 at 9:00 am

    ခေါင်းမပူနဲ့ .. ပြန်လာဦးမှာဘဲ
    ပြန်လာမှ ကြည့် ..ဆုံးဖြတ်ပေါ့.
    bigchef ဆိုတော့ bigfat တွေက တမ်းတ မှာ အမှန် ..
    အောင်မြင်နေတဲ့ စားသောက်ဆိုင်တွေရှိသလို ကျရှုံးသွားတဲ့ စားသောက်ဆိုင်လည်းရှိတော့ ကိုယ်ဘာပိုင်နိုင် တယ်ဆိုတာလည်းမှုတည်မှာပေါ့နော်…

  • ဦး ကျောက်ခဲ

    May 6, 2013 at 9:13 am

    ကိုရင်ရေ…
    ကျုပ်တို့ပြည်ပနေသူတွေဘဝက “ကုလားခပ်တဲ့ရေ ကုလား _င်ဆေးတာနဲ့ကုန်ရော” ဆိုသလိုပဲ…
    စုမိလို့ ရွာပြန် စီးပွါးရေးလုပ်ဖို့ကြတော့လည်း ကိုယ်တွေကခေတ်ကို မျက်ခြေပြတ်ကုန်ပြီ…
    ဘာပဲဖြစ်ဖြစ် တိုင်းတပါးမှာခေါင်းမချနိုင်တာမို့ အချိန်တန်အိမ်ပြန်ဖို့ ပြင်ထားရတယ်ဗျို့…

  • Foreign Resident

    May 6, 2013 at 12:44 pm

    ကိုရင် big chef နိုင်ဂျန်ဂါးမှာ ဘာအလုပ်လုပ်ပြီး ၊
    ဝင်ငွေဘယ်လောက်ရလဲတော့ ၊ သိဘူးရယ် ။
    ဒါပေမယ့် ရေးထားပုံ ကတော့ လူတန်းစေ့ နေနိုင်ပုံ ရတယ် ။

    ပြောရမယ် ဆိုရင် ၊ ကိုရင် big chef နိုင်ဂျန်ဂါးမှာ ဆိုရင် ၊
    ၁ ။ ဝင်ငွေ ကောင်းမယ် ( More Income ) ၊
    ၂ ။ အေးအေးချမ်းချမ်း ခရီးသွားနိုင်မယ် ( Convenient Transport ) ၊
    ၃ ။ ကလေးတွေ ပညာရေး ကောင်းကောင်း ရမယ် ( Reliable Education ) ၊
    ၄ ။ ချွေတာတတ်ရင် ငွေ စုမိမယ် ( Certain Saving ) ၊

    အဲ ၊ ကိုရင် big chef ရန်ကုန် ပြန်လာရင်တော့ ၊
    ၁ ။ ဝင်ငွေ နည်းသွားမယ် ( Less Income ) ၊

    ၂ ။ ဘတ်စကား စီးရဖို့ များတယ် ၊ မွန်းကျပ် ပိတ်သိပ် နံစော် နေတဲ့ ဘဝ ၊ အသွား ၁ နာရီ ၊ အပြန် ၁ နာရီ ။
    အကုသိုလ်များ ဘယ်လောက်ကြီးရှာလဲဆို ၊ မသေခင်ကတည်းက ၊ တနေ့ ၂ နာရီ ငရဲကို ကြိုခံထားတာပါ ။
    ( Taxi ခ က ရေရှည် မတတ်နိုင်ဘူး ၊ ကိုယ်ပိုင်ကား ဆိုရင်တောင် ဆီဖိုး တော်တော် ထောင်းတယ် )

    ၃ ။ ကလေးတွေ ပညာရေး ကတော့ သဗ္ဗေ သတ္တာ ကမ္မသကာ သဘောထားရမယ် ။
    ပညာရေး ကောင်းကောင်း ရမယ့် ကျောင်းတက်မယ်ဆိုရင်လည်း ငွေ မတတ်နိုင်ဘူး ။

    ၄ ။ ငွေ စုမိဖို့ မဖြစ်နိုင်သလောက်ပဲ ။
    အကြမ်းဖျင်း ပြောရရင် ၊ ရန်ကုန် ရဲ့ စားသောက်မှုစရိတ် က ဘန်ကောက်ထက် ဈေးကြီးပြီး ၊
    ရန်ကုန် မှာ ရမယ့် ဝင်ငွေ ကတော့ ဘန်ကောက် ထက် ပက်ပက်စက်စက် နဲ ပါမယ် ။

    အထူး အနေနှင့် ထပ်ပြောရရင် ။

    ၁ ။ နိုင်ငံခြား ရင်နှီးမြုပ်နှံမှု က ဘာတစ်ခုမှ လောက်လောက်လားလား မဝင်လာပါဘူး ။
    သယံဇာတ တူးမယ့် ကုမ္ပဏီ နှင့် သူ့ပစ္စည်း ရောင်းမယ့် ကုမ္ပဏီ တွေပဲ ဝင်လာသေးတယ် ။
    ၂၀၁၅ အမေစု အခြေအနေကို စောင့်နေကြတာက တစ်ချက် ၊
    လက်ရှိ လျှပ်စစ်မီး အခြေအနေ နှင့် ကလည်း ဘယ် နိုင်ငံခြား ရင်နှီးမြုပ်နှံမှု မှ လာလို့ မရပါဘူး ။
    လျှပ်စစ်မီး ဆိုတာကလည်း ချက်ချင်း / နောက် ၄/၅ နှစ် အတွင်း ထူးမလာနိုင်ဘူးလေ ။

    ၂ ။ နိုင်ဂျန်ဂါးမှာ ကိုရင် big chef ပိုက်ဆံ / အရင်းအနှီး ဘယ်လောက်စုမိသလဲတော့ မသိဘူး ။
    သေချာတာကတော့ ၊ ကိုရင် big chef နိုင်ဂျန်ဂါးမှာ စုမိခဲ့တဲ့ ပိုက်ဆံ Amount ဟာ ၊
    မြန်မာပြည်မှာ ဘာမှကို လုပ်လို့ မရလောက်အောင် အရမ်း နည်းနေတာကို တွေ့ရပါလိမ့်မယ် ။

    အမှန်ပြောရရင် ၊ နိုင်ဂျန်ဂါး ရောက်နေတဲ့ မြန်မာတွေ ပိုက်ဆံ ရှိလှတယ် ဆိုတာ ၊
    မြန်မာပြည်က သူဋ္ဌေးကြီးတွေ မယားငယ်ကို မုန့်ဖိုး ပေးပစ်သလောက်ပဲ ရှိတာပါ ။
    မြန်မာပြည် မှာ တကယ့် သူဋ္ဌေးကြီး တွေ အများကြီး ဖြစ်နေပါပြီ ။

    ၃ ။ ” စားသောက်ဆိုင်ဖွင် ့ရအောင်လဲ အခန်းခက
    နယူးယောက်ထက်တောင် မြန်မာြ့ပည်က ဈေးကြီးသေးတယ်ဆိုပဲ ”

    Big Chef နှင့် ဆိုင်တာ တစ်ခု ပြောပြရရင် ၊
    ဂျပန်မှာ စားသောက်ဆိုင် လုပ်ခဲ့တဲ့ သူတစ်ယောက်က ၊
    ရန်ကုန်မှာ ဟံသာဝတီ ရွှေပလ္လင် နားက ဂျပန် ဆိုင်လိုမျိုး ဖွင့်ချင်တယ် ဆိုပြီး ၊
    နေရာကောင်းကောင်း တစ်ခု ကို မြေချည်းပဲ ( မြေချည်းပဲ ) ငှားဖို့ ( ငှားဖို့ ) သွားမေးတာ ၊
    မြေငှားခ ချည်းပဲ တစ်နှစ် သိန်း ၁၅၀ဝ တောင်းပါတယ် ။
    အဆောက် အဦး က ကိုယ့်ဖာသာကိုယ် ဆောက်ရမှာ ၊ မြတ်မယ် မမြတ်ဘူးက မသိရသေးဘူး ။

    ၄ ။ ” ပြန်သွားတဲ့ သူတွေက လဲ ဘာလုပ်စားရမှန်း မသိလို ့ပြန်ထွက်ကြတာချည်းပဲ ”

    ပြန်သွားတဲ့ သူတွေ အားလုံးလောက် နီးနီး ဟာ ပညာမတတ် ၊ အကြံတုံး ဉာဏ်တုံး တွေမို့လို့ ၊
    မြန်မာပြည်မှာ မလုပ်မကိုင်နိုင်လို့ ပြန်ထွက်လာကြတာ မဟုတ်ပါဘူး ။
    အားလုံးလောက် နီးနီး ပြန်ထွက်လာရတယ် ဆိုကတည်းက အကြောင်း ခိုင်ခိုင်လုံလုံ ရှိနေပါတယ် ။

    လိုရင်းကို ချုပ် ပြောရရင် ၊ ကိုရင် big chef ဟာ သားသမီးကို တကယ်ချစ်တဲ့ မိဘ သာဖြစ်ရင် ၊

    ” မြန်မာပြည်ကို အိုကြီး အိုမ ဖြစ်မှပဲ အနားယူဖို့ ပြန်လာပါ ၊ အခု ပြန်မလာပါနှင့် ”

    ကျနော့် ပုဂ္ဂလိက အမြင်ပါ ။ ကွဲလွဲနိုင်ပါတယ် ။

    • Don Juan Ronald

      May 6, 2013 at 8:40 pm

      ဆရာ ဖေါ ရဲ့ analysis က အ ရမ်း ၊ အရမ်း ။ အရမ်း ကို ကောင်း ပါ တယ် ။

      စေ တ နာ အ ပြည့် အ ဝ ပါ နေ သည် ကို လည်း ခံ စား ရ ပါ တ ယ် ။

  • မောင် ပေ

    May 6, 2013 at 1:00 pm

    အမြင်အတိုင်း ပြောရရင်တော့
    လုပ်စားလို ့ကောင်းသည် ဖြစ်စေ
    လုံးဝ လုပ်စားလို ့မရသည် ဖြစ်စေ
    အမိမြေ ဟာ တစ်ကမ်ဘာလုံးမှာ နေလို ့အကောင်းဆုံး ဖြစ်ပါတယ်

  • တိမ်မည်း

    May 6, 2013 at 1:21 pm

    ဟုတ်ပ ဦးပေ ပြောတာကို ထောက်ခံရဲ့ဗျာ…..
    အမိမြေထက်သာတာ မရှိပါဖူး……..
    သို ့ပေသိ အဘဖော ပြောသလို အချိန် အခါ လေးကလည်းရှိပါ့……….
    ကျုပ်ရဲ့ သီးသန် ့အမြင်ကတော့ ပြန်လာချင်ရင်လာခဲ့ပါ……
    ဘဝဆိုတာ ဆိုးတာကြီးပဲ လိုချင်လို ့မရသလို ကောင်းတာကြီးပဲလည်း မရနိုင်ပါဖူး………..
    ကျုပ်ကတော့ မနေ ့က မြန်မာထက် ဒီနေ ့ မြန်မာက သာတယ်လို ့ မြင်ယောင်မိပါတယ်……..
    ကြိုးစားနေတဲ့သူအတွက်ကတော့ ရှုံးနိမ့်ခြင်းဆိုတာ ရလဒ် တခုသက်သက် ပါ…….
    ပျင်းရိသူအတွက်ကတော့ ဆွဲကြိုးချဖို ့ အကြောင်းအရာတခုသာဖြစ်ကြောင်း……………
    အမြဲတမ်း ကိုယ့်ကိုယ်ကို ပြောမိတာတခုကတော့……
    ငါတကယ်ကော ကြိုးစားခဲ့ပီလားဆိုတဲ့ မေးခွန်းပါပဲ……….
    ပြန်လာချင်ရင် ကြိုးစားပါ…….
    တကယ်တမ်းတော့ အဘဖော ပြောတာတွေထဲမှာလည်း အမှန်တရားတချို ့တော့ ပါရဲ့….
    အဲ့အမှန်တရားဆိုတာလည်း ဘယ်ခေတ်မဆို ရှိတက်ပေမို ့………
    ပြန်လာချင်ရင် လာသာလာခဲ့ပါဗျာ…………
    ကြိုဆိုပါတယ်………………………………………………

    ခင်လျက်
    တိမ်မည်း

  • kyeemite

    May 6, 2013 at 2:20 pm

    ခင်ဗျားပြန်လာရမှာပါ..မိသားစုနဲ့ခွဲပီး အမြဲနေသွားဖို့မှမလွယ်တာ..
    ဒီတော့ ပထမတော့ ခွင့်နဲ့ပြန်လာ..ရန်ကုန်မှာဘာလုပ်လို့ရမလဲ ကိုယ်တိုင်လေ့လာ..
    သေချာပီဆိုတော့ မှ အပီးပြန်လာပေါ့ဗျာ…ရန်ကုန်မှာ နေရာခတွေ ဈေးကြီးတယ်ဆိုတာဟုတ်ပါတယ်..
    ဒါပေမဲ့ သင့်တင့်တဲ့နေရာလေးတွေလည်းရှာလို့ရနိုင်ပါတယ်..
    စားသောက်ဆိုင်ဆိုလည်း ကိုယ့်အစားအသောက်သာတကယ်ကောင်း…
    ဝေးလည်း တကူးတက လာစားလေ့ရှိကြပါတယ်….

  • bigchef

    May 6, 2013 at 3:26 pm

    ခုလို အကြံ ညဏ်ပေးတဲ့ အတွက် ဝမ်းသာပါတယ်. ကိုထူးဆန်းတို ့ ကို ကျောက်ခဲ တို ့ ကိုပေ ဦးဖော တို ့ကိုလည်းကျေးဇူးပါ. ဦးဖော ပြောသလို ဝင်ငွေ အကောင်းကြီးမဟုတ်မဲ ့ အဆင်တော့ ပြေပါတယ်. ခက်တာက မိသားစု နဲံ အတူုပြန်နေချင်နေတာပဲ. ရှင်းရှင်းပြော ရရင်မိန်းမ နဲ့မခွဲနို်င်ဘူးပေါ့.လူပျိုလူလွတ်ဆို ရင်တော့တစ်သက်လုံး နို်င်ငံခြားမှာနေလိုက်မယ်. ရန်ကုန်မှာ ကြုံရတဲ့ ဒုက္ခတွေက တစ်နှစ်တစ်ခါ vacation ပြန်တိုင်းမကြုံချင် အဆုံးပါ. အပြီးပြန် ရတော့ မယ်ဆို ရင် တော့ ပိုရင်ဆိုင်ရမှာပေါ့ . အဘ ပြောသလို မြန်မာ ပြည် က ချမ်းသာတဲ့ သူတွေ သိပ်ချမ်းသာ လွန်းနေတယ်.စားသောက်ဆိုင်ဆိုလို ့သူငယ်ချင်း တစ်ယောက် ဖွင့် ဆု်ိင်နေရာ ငှားတာ တောင် တစ်လ ၃၅ သိန်းတဲ့။ကိုယ်တွေဘယ် လိုသွားတိုး လို ့ရမှာ လဲ.မြန်မာနိုင်ငံမှာ လဲကိုယ်ပိုင် လုပ်ငန်းလေး တော့ လုပ်ဘူးပါတယ်.ပျဉ်းမနားနေပြည်တော် ကြီးစတည်ခါ စက ယောက် ဖတွေနဲ့ေ ပါင်း ပြီး ဘယ်သူမှ မလုပ်တဲ့ ကွန်ကရစ် အုတ်တွေ သွားရိုက်ဘူးပါတယ်. နောက်ဆုံး ခွက်ဆွဲ မတောင်း စားရတာကံကောင်း.း) တစ်ခါသေဘူး
    ပျဉ်ဘိုးနား လည်ပေါ့. ဒါမေမဲ့ ခက်တာက ဘယ်လောက်ရှိမှ စလုပ်မယ်ဆို ရင် ဘာမှလုပ်ဖြစ်မှာမှာ မဟုတ်တော့ ဘူးထင်လို ့ပါတယ်. လုပ်ဖြစ်ရင်တောင် အခြေခံလူတန်းစားဈေးကွက်ကို ရည်ရွယ်တဲံ ့ လုပ်ငန်းမျိုးပဲစဉ်းစားထားပါတယ်။

  • bigchef

    May 6, 2013 at 3:35 pm

    ကိုမိုက် တို ့ ဘလက်ကလောက်တို ့ပြောသလို အဆိုးထဲက အကောင်းကို ရအောင်ရှာဖွေယူရမှာပေါ့.

  • Foreign Resident

    May 6, 2013 at 4:48 pm

    ” ရှင်းရှင်းပြော ရရင် မိန်းမ နဲ့မခွဲနို်င်ဘူးပေါ့ ”

    အခုမှ သိလိုက်တယ် ကိုရင် big chef မိသားစုက ရန်ကုန်မှာကိုး ။
    အဘ က ကိုရင် big chef မိသားစုပါ နိုင်ဂျန်ဂါးမှာ နေနေပြီ ထင်လို့ မန့်လိုက်တာ ။

    ဒါဆိုရင်တော့ ၊ ဘာပြောစရာရှိတုန်း ၊ မြန်မာပြည် ကို ပြန်အခြေချသင့်ပါတယ် ။
    အခု လောလောဆယ်တော့ ၊ သည်းခံနိုင်သလောက်ခံပြီး ပိုက်ဆံ စုလိုက်ဦးပေါ့လေ ။
    မိန်းမ ကကော ခလေးမွေးတဲ့ အလုပ်ပဲ လုပ်တာလား ။
    မိန်းမ ကို မြန်မာပြည် မှာ ပိုက်ဆံရတဲ့ အလုပ် တစ်ခု အရင် လုပ်ခိုင်းထားလေ ။

    အင်း ၊ ကိုယ့်မိသားစု နှင့် အတူနေရတာလဲ တစ်မျိုး ကောင်းပါတယ် ။
    အဘ လဲ ၊ အဘ မိန်းမ နဲ့မခွဲနို်င်လို့ ဩဇီ ပြန်နေတာလေ ။
    မိန်းမ သာ ဩဇီ မှာ မရှိရင် ၊ အဘ လဲ ဩဇီ ဘယ်သွားမလဲ ။

    အပေါ်မှာ ပြောကြတဲ့ ကိုပေ နှင့် ကိုတိမ်မည်း ကို ပြောပြရဦးမယ် ။
    အဘ ရဲ့ ကိုယ်တွေ့ ခံစားချက် ကတော့ ၊
    တကယ့် တကယ် က ၊ လူတွေက မြေ / တိုင်းပြည် ကို လွမ်းဆွတ်တာ မဟုတ်ဘူးဗျ ၊
    မိသားစု ၊ အပေါင်းအသင်း နှင့် အစားအသောက် တွေကို လွမ်းကြတာဗျ ။

    အဘ မိန်းမ ဆို ၊ အဘ နှင့် လက်ထပ်မယ့် ကိစ္စ ပေါ်လာလို့သာ ၊
    နို့မို့ရင် မြန်မာပြည် ကို တစ်သက် မပြန်တော့ပါဘူးလို့တောင် ဆုံးဖြတ်ထားတာ ။
    တကယ်လည်း ၈ နှစ် ဆက်တိုက် လုံးဝ မပြန်ဘူးလေ ။ အေးဆေးပဲ ။

  • bigchef

    May 6, 2013 at 5:41 pm

    မဟုတ်ဘူး အဘဖောရဲ ့မိန်းမက ကျတော်နဲ့ အလုပ်အတူလုပ်နေတာ ။ အခုသူက မီးဖွား ခါနီး သူ ့မိဘ ဆီမှာမွေးချင်တယ်ဆို လို ့ မန်တယ်နတီ လစ် (ဗ) ယူပြီး ပြန်မှာ. သူက မွေးပြီးရင် ပြန်မလာချင်တော့ ဘူးတဲ့.ကျတော်လဲ သူမရှိရင် ပြန်မထွက်ချင်တော့လို ့ပါ.

    • Foreign Resident

      May 7, 2013 at 6:17 am

      ဒါများ ကိုရင် big chef ရယ် ၊ ခက်လွန်လွန်းလို့ ။
      ကျနော်တို့များ မေးနေ ၊ အကြံတောင်းနေရသေးတယ် ။

      လွယ်လွယ်လေး ။ မိန်းမ စကား သာ နားထောင် လိုက်ပေါ့ဗျာ ။
      မှားသွားတောင် ၊ အနည်းဆုံး မိန်းမဆီက အပြစ်တင် မခံရတော့ဘူးပေါ့ ။

      စကားပုံတောင် ရှိသေး ဘာတဲ့ ။
      ” မိန်းမ စကား နားထောင်ငြား ၊ သံပြား ကျောက်စောင်း ကျိုသော်ပြောင်း၏ ”
      ဆိုလား ၊ ဟီ ဟိ ။ သွားလဲ ကျိုးဘူးရယ် ။ ဟီ ဟိ ။

  • MaMa

    May 6, 2013 at 10:18 pm

    ပြောရရင်လည်း သဂျီးနဲ့တွေ့မှာ ကြောက်ရသေးတယ်။
    လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုရာမှာ ကံဆိုတာကလည်း ပါသေးတယ်လို့ ပြောရမယ်။
    ဥပမာ အခုတလောလေးတင် သဂျီး ဗျူးသွားတဲ့ မင်းလမ်းရခိုင်မုန့်တီဆိုင်ဆိုရင် လမ်းဘေးဆိုင်လေးက စ တာ။
    ဆိုင်ပိုင်ရှင်သူဌေးက ဘွဲ့ရပညာတတ်လည်း မဟုတ်၊ နိုင်ငံတကာချက်ပြုတ်နည်း သင်တန်းတွေ အောင်ထားတာလည်း မဟုတ်။
    ဒါပေမယ့် အခုနောက်ဆုံးသူငှားထားတဲ့ ဗဟိုလမ်းပေါ်က ခြံဆိုရင် bigchef ပြောတဲ့ ငှားခတန်းတွေထက် မသာရင်သာနေမယ်။ နိမ့်မှာတော့ မဟုတ်ဘူး။
    လုပ်ငန်းတစ်ခု အောင်မြင်ဖို့ ကံကိုချည်းပဲ ပုံချဖို့ ပြောတာတော့ မဟုတ်ပါဘူး။
    ကိုယ်လုပ်မယ့်လုပ်ငန်းကို အမှန်တကယ် နားလည်တတ်ကျွမ်းမှုလည်း အရေးပါသလို၊ ဇွဲရှိရှိနဲ့ ရေရှည်လုပ်ကိုင်ဖို့လည်း လိုလိမ့်မယ်။
    အဆင်ပြေအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ :hee:

  • Foreign Resident

    May 7, 2013 at 7:29 am

    ” သူက မွေးပြီးရင် ပြန်မလာချင်တော့ ဘူးတဲ့ ”

    သတိရလို့ တစ်ခုပြောလိုက်ဦးမယ် ။
    အဘ ညီ နှစ်ယောက်စလုံးလဲ စင်္ကာပူမှာပဲ ကလေးမွေးခဲ့ကြတာပါ ။
    မြန်မာပြည်ကို တစ်ယောက်မှ ပြန်လာပြီး မမွေးကြပါဘူး ။

    ကလေး ပြုစုဖို့တို့ ၊ အမေ ကို အားမငယ်ဖို့ အတွက်ကတော့ ၊
    ဟိုဖက် ဒီဖက် ယောက္ခမ / ထီး တွေ တလှည့်စီ သွားနေကြတာပဲ ။
    ယောက္ခမ / ထီး တွေ မအားတော့လည်း အိမ်ဖေါ် ငှားလိုက်တာပါပဲ ။
    အမေ တွေက Maternity Leave ကုန်တာနှင့် အလုပ်ဆက်လုပ်ကြတာပါပဲ ။

    အင်းးးးးး ၊ တစ်ခုတော့ ရှိတာပေါ့လေ ။
    အဘ တို့ တရုတ်တွေထုံးစံကတော့ ၊ ပိုက်ဆံ ကို ပိုဦးစားပေးလေ့ရှိတာကိုး ။
    ကိုရင် big chef တို့ကတော့ ၊ ခံစားချက်ကို ပိုဦးစားပေးချင် ပေးမှာပေါ့လေ ။
    ကိုယ် ကြိုက်တာ ၊ ကိုယ်ရွေးကြပေါ့လေ ။
    ကိုယ် ကျေနပ်နိုင်တယ် ဆိုရင် ၊ ပြီးတာပါပဲ ။

  • အလင်းဆက်

    May 7, 2013 at 8:33 pm

    ချစ်..
    ချစ်…
    နာလည်း.ချစ်တာပဲ
    တစ်ခါတစ်ခါတော့..လည်း…
    တစ်စက္ကန့်တောင်မနေချင်လောာက်အောင်..မုန်းတယ် ။

    🙂

  • garuda

    May 8, 2013 at 9:01 pm

    မောင်ပေနဲ့ တိမ်မည်း တို့ပြောတာမှန်ပါတယ်…တကယ်တော့ အမိမြေ မြန်မာပြည်ဟာ ရေခံမြေခံအားဖြင့် တကယ်ကောင်းပါတယ်။ တော်တော်များများ အသက်၂ဝ နောက်ပိုင်းမှ နိုင်ငံခြားထွက်သူများဟာ
    မြန်မာပြည်ကိုပဲ ပြန်ချင်ကြပါတယ်။ တကယ်ချစ်သူများ ကတော့ အမိမြေမှာ ပဲဖြစ်အောင် ဆက်လက်ကျိုးစားကြမှာပဲလေ။ ဆြာကြီးမိုက်နဲ့ မမမ ပြောတာလေးတွေကလည်း တကယ်ပြန်ပြီးဆိုင်ဖွင့်မယ် ဆိုရင် သေချာစဉ်းစားရမယ့် အချက်လေးတွေပါပဲ။ လွယ်တာကတော့ တဂယ်မလွယ်ပါဘူး။ ဒါပေမဲ့ အရမ်းကို negative တွေတွေးနေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ နိုင်ငံခြားမှာ နေတာဆိုရင်..နိုင်ငံခြား အတွေ့အကြုံရှိရင်တော့ positive အတွေးလေးတွေတော့ ဝင်စေချင်ပါတယ်။ အောင်မြင်သွားခဲ့တဲ့ နိုင်ငံခြားပြန် စားသောက်ဆိုင်ပိုင်ရှင်တွေ အများကြီးပါ..။ တိုကျို ဖလိုင်း ကြက်ကြော်။ မောနင်းစတား။ Sharky တို့ဟာ နိုင်ငံခြားပြန် စားသောက်ဆိုင်ပိုင်ရှင်တွေလို့ထင်ပါတယ်။ တစ်ခြားစားသောက်ဆိုင်ပိုင်ရှင်တွေလည်း အများကြီးရှိပါသေးတယ်။
    ကိုယ်ပိုင် စီးပွားရေးစရင်တော့ ဘယ်နေရာရောက်ရောက် အစကတော့ ရုန်းရမှာပဲလေ။ ရှုံးချင်လည်း ရှုံးမယ်…နိုင်ရင်လည်းနိုင်မယ်။ မမမ ပြောသလို ကံဉာဏ် ဝီရိယတို့လည်း လိုမှာပေါ့။

Leave a Reply