မိုးကလေးက စိုတိုတိုရုံတင်မက (တင်မက လို ့ ဖင်က လားလို ့ကျွန်ုပ်အား လာမမေးကြပါနှင့် ၊ နှာအထူးကျွမ်းကျင်သူ ရွာသား “ မိုပိုင်း ” ဆိုသူအား သွားရောက်မေးကြပါရန်) …….

ဝုန်းဒိုင်းနဲ ့ ၊ မိုးသီးကြီးတွေ မိုးသီးလေးတွေ မိုးသီးဇွန်တွေပါ ပါလာတော့
မန်းတလေးမြို ့မှာ သစ်ပင်တွေ၊ ဓါတ်တိုင်တွေ ၊ ကြေညာဘုတ်တွေ ပါ မြေခကြရကုန်ရှာပေါ့လား ။

အဲ့ချိန်မှာ ကံထူးရှင် ကျွန်ုပ် မောင်ပေ မှာ ရန်ကုန်-မန်းတလေး အမြန်လမ်းမကြီး တွင် စူပါကပ်စတမ်ကားပေါ်နှိုက် ထန်းရည်လေးသောက်ရင်း ပဲကြီးလှော်လေးဝါးရင်း ၊ ထွေးညိုဘူးလေးကို ရင်မှာပိုက်ကာ ဇိမ်ကြခဲ့လေသည် တမုံ ့။

ထိုထွေးညိုဘူး ရရှိခဲ့ပုံမှာ…
လမ်းခရီးဘေးတွင် ကျွန်ုပ် တို ့ ထန်းရည် ပါဆယ်ဝင်ဆွဲနေကြ ထန်းတဲလေးရှိသည် ။ ခါတိုင်းခရီးတွေတုန်းကတော့ ထန်းတဲပိုင်ရှင် ကို ဘာမှ ထွေထူးမေးမြန်းမနေပဲ ၊ ထန်းရည်သာ ဝယ်ခဲ့ရာမှ ၊ ယနေ ့မူ ၊ တခြား ဘာရသေးလဲ ဟု မေးကြည့်မိတော့
တောလဲ ရပါတယ် ဆရာကြီးတဲ့ ။

ကျွန်ုပ် မောင်ပေ သည် စကော့စမ်းရေနှင့် ချက်သော ဝီစကီ ကို ရံဖန်ရံခါ မှီဝဲလေ့ ရှိသော်လဲ ၊ ကိုယ့်အမျိုးသားချင်းအားပေးသည့်အနေဖြင့်သော်လီကောင်း ( လီကောင်း = ခရက်ဒစ်တူ ကိုအောင်ပု ) ကျွန်ုပ် ကိုယ်နှိုက်ကိုယ်က ကြိုက်နှစ်သက်ရွေ ့သော်လီကောင်း ၊ ထွေးညို အစစ်ရလျှင် သောက်လေ့ ရှိသည်။

ကျွန်ုပ်နှင့် ခရီးသွားဖော်များကို ထွေးညို ယူဦးမလား မေးတော့ ၊ ဟင့်အင်းတဲ့ ၊ ထန်းရည်ပဲ ကောင်းတယ်တဲ့ ။
ဒါတောင် ထန်းတဲပိုင် က အမြည်းအဖြစ် ထွေးညို တစ်ခွက် လာချပေးသေးသည် ။
မည်သူမှ မသောက်ကြ ။
ထွေးညိုကလေးက နောက်မနေပဲ ၊ ကြည်တည်တည်လေးမို ့ ၊ ထိုအမြည်းခွက် ကို ကျွန်ုပ် ကောက်သောက်လိုက်ရာ ၊ ချိုတိုတိုလေး ပူပြီးဆင်းသွားတာ… ဟက်ထိရ၏ ။

လျှာဖျားမှ လည်ချောင်း ၊ နောက် အစာအိမ် သို ့ပူဆင်းရောက်ရှိသွားသော အရသာ ထူးကဲလွန်းသည့် အရက်ကို ကျွန်ုပ် အဘယ်မှာလျှင် မျက်နှာလွှဲနိုင်တော့မည်နည်း ။
ကျွန်ုပ်လဲ ဘာမှ မပြောတော့ပဲ ၊ ကိုယ်ဝယ်သော ဘူးကိုသာ အသာပိုက်ယူလာခဲ့၏ ။

ထို ့နှင့်ပေါ့လေ…
မန်းတလေး ပြန်ရောက်ရောက်ချင်း ၊ ခေတ္တခဏ အိပ်စက်ပြီးသကာလ ၊ ထမင်းစားရန်အလို ့ငှါ ၊ သောက်တော်ထွေးညိုဘူးကလေးဖြင့် ထွက်လာမိခဲ့သည် ။
မိုးကား ထပ်ရွာချေ၏ ။
ခရီးသွားဖော် ဆရာသမားနှစ်ပါးဆီ ရောက်သောအခါ ၊ ဘာဟင်းနှင့် နှိပ်ကြမည်နည်း ဆိုတော့…
မြန်မာထမင်းဟင်း နဲ ့ဝီစကီ ၂ပက်လောက် ချချင်သတဲ့ ။
ထို ့နောက် မြန်မာထမင်းဆိုင်ဆီပေါ့ ။
ဆိုင်ရောက်တော့ ၊ သူရို ့အရက်မမှာခင်လေး…
ဆရာတို ့ရေ ၊ ဒါလေး အရင် နဲနဲလောက် မြည်းကြည့်စမ်းပါ လို ့ ပြောရင်း တစ်ခွက် တိုက်လိုက်ရာ

“““ အားပါးပါး… ကောင်းလှချီလားကွ ၊ ဒီလိုမှန်းသိ ငါတို ့လဲ ဝယ်ပါတယ်ကွာ ၊ ဒီမယ်… မင်း ဘူးကို ဒီမှာတင် အပြတ်ဖြတ်ရအောင် ””” တဲ့

““ ဘယ်ရလိမ့်မလဲ ဆရာ ၊ ဟိုမှာတုန်းက ကျွန်တော် ပြောသားပဲ ၊ ဝယ်ပါဆိုတော့ ၊ ဘာဖြစ်သလေး ၊ ညာဖြစ်သလေးနဲ ့ ၊ ၂ပက်စာထက်တော့ ပိုမပေးနိုင်ဘူး ခင်ဗျ ””

သို ့နှင့် ဆရာသမားတွေလဲ သူရို ့စကားနှင့် သူရို ့ပိတ်မိနေတော့ ၊ တစ်ယောက် ၂ပက်ကျော်စီမျှနှင့် တင်းတိမ်သွားကြကုန်ရှာသည် ။

ကျွန်ုပ်လဲ ထမင်းမစားခင် ထွေးညိုကလေး ၂ပက်ခန် ့ကို နိစ် ကစ်လိုက်ရာ ၊ လွန်စွာမှ ထမင်းစားလို ့မြိန်ရေရှက်ရေ ရှိတာကလား ။
စားကောင်း သောက်ကောင်းရင်း ဦးစွာ တွေးမိသည်မှာ…
ဂေဇက်ရှိ သောက်တတ်သူ ညီအစ်ကိုများအား ၊ ကျွန်ုပ်နှင့်တူတူ ထွေးညိုဆွဲစေချင်သည့် ဆန္ဒ ပြင်းပျစွာ ပေါက်ဖွားလာသည် ။

ထို ့ကြောင့်…….

သောက်လှည့်ပါ မိတ်ဆွေ

သောက်လှည့်ပါ မိတ်ဆွေ

“““
သောက်လိုက်ရင်ချိုတိုတို
တောကထွေးညို
ရွာကအပြန် မောင်ပါဆယ်ဆွဲတယ်
မိုးည ဘေးကို…….။
”””

*********************

ဘာရယ် မဟုတ်ပါဘူးဗျာ ။ လက်ကျန် ထွေးညိုလေးသွားမကစ်ခင် ၊ ရွာထဲက မိတ်ဆွေများကို သတိရလို ့ ၊ ရေးလိုက်တာပါ ။ ဘာမှ အရေမရ အဖတ်မရ ဖြစ်ခဲ့ရင် ဝန္ဒာမိ ပါဗျား ။

******* အားလုံးကို ကျေးဇူးတင်ပါသည် *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..