ချစ်တယ်ဆိုတာတဲ့စာသားတွေအောက်မှာ ငါဘယ်လောက်များ အိပ်ပျော်မိခဲ့ပြီလဲ လူတစ်ယောက်ကိုချစ်တာ တစ်ခါတစ်လေ ငါ့ရင်တွေ နစ်လောက်အောင်ကို မောပန်းလှတယ်ချစ်သူ မုသားလေလား ငါကျေနပ်တယ် အခုသူကလေ ငါ့ကိုသိပ်ချစ်တယ်တဲ့ မသိစိတ်က အလိုလိုဦးညွန့်လိုက်တဲ့နှလုံးသားလေးလဲ ဖူးငုံပွင့်စပန်းပမာ ရနံ့တွေကြွယ်နေတုန်းပေါ့ ကာရံလေးတွေအောက်မှာ ပျော်မြူးနေတဲ့ ငါ့ဘ၀လေးက အခုဆိုရင် မင်းအချစ်တွေနဲ့ ကဗျာလေးတွေ တည်ဆောက်ခဲ့တာ အမိုးအကာစုံလောက်ပြီနော် အခန်းဖွဲ့ဖို့အတွက် မင်ပေးမယ့် မေတ္တာတရားနဲ့ သစ္စာတရားကို ငါယနေ့တိုင် စောင့်မျှော်နေစဲပါချစ်သူ………………………..

ချစ်သူ့ရင်ခွင် ပွင့်လန်းသည့်ပန်း

အနမ်းခြွေလှမ်း ခူးရန်ခက်လှ

ပင်မြင့်ပန်းဘ၀ ထိုက်သူရမို့

အဝေးကမျှော် တွေးစကာရူး

လေပွေမြူးသည့် ဆောင်းပန်းချီတစ်ချက်

ဆေးစက်မသေချာ အိပ်မက်လေးထဲ နစ်မြောမိတာ

ချစ်မိသူရဲ့ ရင်ထဲမှာ  မင်းကိုချစ်တာ ပေးဆပ်ခြင်းပါ

                            ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..