ဒိန်း ဒက်..ဒက် ဝုန်း ဒိုင်း အုံး ဂွမ်း.. ကမ္ဘာပျက်မတတ် ပေါက်ကွဲသံများ ဆူညံပွက်နေသည်။ ပစ်ကွာ အလွတ် မပေးနဲ့.. ရှိသမျှ လက်နက်ကြီး အကုန်သုံး.. လေယဉ်ပေါ်ကနေ တန်၅၀၀၀ တောင်ဖြိုဗုံးချ၊ ပစ်မလွဲပဲ့ထိန်း တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ပင်လယ်ထဲကလွှတ်ထည့်။ ကောင်းကင် ထောက်လှမ်းရေး ဂြိုလ်တုကို ၂၄နာရီ မျက်ခြေမပြတ် စောင့်ကြည့်ခိုင်း.. ကုန်ကုန်ပြောမယ်ကွာ.. ညူကလီးယားဗုံးကြဲဖို့ပါ စီစဉ်ထား။ လူ့အခွင့်အရေး ဘာရေးညာရေး နောက်မှရှင်းမယ်။ ဘာဖြစ်ဖြစ် ကမ္ဘာမြေက ဒင်းအစအန ပျောက်သွားရင် ကျေနပ်ပီ။ စစ်ရုံးချုပ် အမိန့်ပေး ဆက်သွယ်ရေးစက်မှလာသော တပ်ချုပ်ကြောင်ကြီး ကြိမ်းဝါးသံဖြစ်၏။ ကတုတ်ကျင်း အတွင်းပုန်း နေသူမှာ တိုင်းပြည် ဆူးညှောင့်ခလုတ် မဟာရမ်သူ တရုတ်သဗုံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် ဖြစ်သည်တမုံ့..

အမှန်တော့ ဤအရေးသည် ကျောင်းတော်က ဇာတ်လမ်းဆိုလျင် မှားအံ့မထင်၊ ၎င်းတို့နှစ်ဦး လွန်ခဲ့သော နှစ်ပေါင်း ၃၀က စစ်တပ်ကသိုကျောင်းဒေါ်တွင် လေးနှစ်တာ အတူတကွ ပညာသင်ကြားခဲ့သော ဗိုလ်လောင်း များဖြစ်ကြသည်။ ကျောင်းဆင်းသောအခါ ကြိုးစားရိုးသား ဘက်စုံထူးချွန်သော ကြောင်ကြီးက အကောင်းဆုံး ဗိုလ်လောင်းရွှေဓါးဆု ရရှိပြီး ရေသာခို အချောင်သမား အပေါ်ဖား အောက်ဖိ ကြေးမုံဂျီးကမူ အများကပေးသော အဟောင်းဆုံး လေဖားဆု ပေးခြင်းခံရသည်။ ထိုမှအချိန်မှစ၍ ကြေးမုံဂျီးတယောက် ဂျေဝင်ကာ ကြိတ်မနိုင်ခဲမရ ဖြစ်ရင်း ကြောင်ကြီးအား သွားပုပ်လေလွင့် တိုက်ခိုက်လေတော့သည်။ စစ်သားဂေါင်းကြောင်ကြီးမှာ ဒါတွေကို ဂရုမစိုက်အား အရှေ့မြောက်စစ်ဒေသရှိ နယ်စပ်လုံခြုံရေးအား ဂရုစိုက်ရင်း ရင်မြေကတုတ်လုပ် စောင့်ရှောက် ကာကွယ်သဖြင့် အောင်ဆန်းသူရိယဘွဲ့၆ကြိမ်၊ သီဟသူရဘွဲ့ ၅ကြိမ်၊ သူရဘွဲ့၎ကြိမ် ပေးအပ်ခြင်းခံရပီး ရာထူး အလီလီတက်၍ တပ်ချုပ်ကြီး ဖြစ်လာချိန်ဝယ် ကြေးမုံဂျီးမှာ ဘေးကင်းရန်ကွာ မြို့တွင် ထောက်လှမ်းရေးလုပ်ခါ ရဟန်းရှင်လူ၊ကျောင်းသားပြည်သူအား နှိပ်စက်ကလူပြု ဗိုလ်ကျစိုးမိုးနေပေသည်။

ထောက်လှမ်းရေးအဖွဲ့ အဖျက်ခံရ၍ ကြေးမုံဂျီး အာဏာလက်မဲ့ ဖြစ်သွားသည်တွင် တရုတ်စပိုင်ယောင်ယောင် ဝသူပုန်လိုလိုနှင့် ရိုးသားသည့် ပြည်သူများအပေါ် ဂုတ်သွေးစုပ် အမြတ်ထုတ် စီးပွားရှာနေခဲ့သော ကြေးမုံဂျီး ဒီတချီ ဇာတ်သိမ်း မလှနိုင်ပြီ။ အခွင့်ဆိုသည်မှာ နှစ်ခါမရစကောင်း.. ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းရသည်။ ဒင်း စော်ကားပေါင်းလည်း များခဲ့ချေပီ။ အတွေးစဖြတ်ရင်း တပ်ချုပ်ကြောင်ကြီး ဆက်သွယ်ရေးစက် ဖွင့်ကာ ကြောင်နတ်မှ လင်းယုန်.. ကြောင်နတ်မှ လင်းယုန် ဂြီဂြီ ဂွမ်ဂွမ်… ။

ကြေးမုံဂျီးကားလူလည်.. အလံဖြူကိုင်လျက် ကြောက်ပါပီ ကိုကိုကြောင်ကြီးရှင့်.. သာမီးကို ခွင့်လွှတ်ပါချင့်…. အချိန်မှီ လက်နက်ချဖို့ ကြိုးစားသော်လည်း နောက်ကျသွားချေပြီ.. ဗူးဆို ဖရုံမသီးသော တပ်ချုပ်ကြောင်ကြီးမှ စိတ်နာနာဖြင့်… ပစ်ကွာ အလံဖြူ တည့်တည့်ကို ညူကလီးယားဗုံး၊ ဒုံးကျည်၊ ဗုံး၊ အမြောက်၊ မော်တာ၊ အာပီဂျီ၊ စက်ကြီး စက်လတ် စက်လေး အကုန်ဆော်..။ အခြေအနေ မလှမှန်း ရိပ်စားမိသော ကြေးမုံဂျီး ဘန်ကာထဲသို့ ဒိုက်ဗင်ထိုး ပြေးဝင်လျက် တေဂျင်းဇိုး ကြောင်နာ၊ သူတပါးပြောဆိုခွင့် ပိတ်ပင်တဲ့အကောင်၊ လူသားစားချင်တဲ့ ကြောင်ဗူးဂျီး.. စုံစေ့အောင် ဆဲဆိုလေသည်။ သူမျှော်နေသော ကူမြူနစ်တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မဒေါ်ဂျီး လာမကယ်နိုင်ပြီ။ ပါးနပ်လိမ္မာသော ကြောင်ကြီးမှ ကေအိုင်အိုနှင့် ဝသူပုန်များအား ကိုယ်ပိုင်နိုင်ငံ ထူထောင်ခွင့်ပေးကာ တရုပ်နယ်စပ် ပိတ်ဆို့ထားလိုက်သောကြောင့်ပေတီး။

ကြေးမုံဂျီးမှ ကြောင်ကြီးအား အမြင်ကျဉ်းမြောင်းကြောင်း စွပ်စွဲနေဗုံ

ကြေးမုံဂျီးမှ ကြောင်ကြီးအား အမြင်ကျဉ်းမြောင်းကြောင်း စွပ်စွဲနေဗုံ

မျှော်လင့်ချက် ကုန်ဆုံးသွားပြီဖြစ်၍ နောက်ဆုံးရိက္ခာလက်ကျန် ဝက်သားပေါက်စီ စားမည်အပြု……အီတွန့်ဗွမ် အီတွန့်ဗွမ်.. ဆက်သွယ်ရေးစက် အသံမြည်လာသည်။ ရထားဖြစ်လား ရထားဖြစ်ရင် လက်မှတ်ခိုးစီး။ ကြေးမုံဂျီး မျက်နှာဝင်းကနဲ ဖြစ်သွားသည်၊ ကယ်တင်ရှင် ပေါ်ပြီတကား။ တဖက်မှ ဆက်သွယ်သူမှာ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် ဟာရေး အာစွပ်လျှာပွတ် မာမွတ်ခိုမ်ဖြစ်မှန်း သိသည်နှင့် လက်ထဲမှ ဝက်သားပေါက်စီအား အလျင်အမြန် ဝှက်လိုက်ပြီး ဗီဒီယိုကင်မရာ ခလုပ်ဖွင့်လိုက်သည်။ ထို့နောက် အနောက်ဖက် မျက်နှာမူ၍ အိနြေ္ဒမပျက် ဖင်ဗူးတောင်းထောင် ဘုရားဝတ်ပြု နေပြလိုက်သည်တွင် မော်နီတာ စခရင်မ်မှ ကြည့်နေသော မာမွတ်ခိုမ်နှင့် အိုအိုင်စီအဖွဲ့ လူဂျီးများ လွန်စွာနှစ်ထောင်းအားရ ဖြစ်ကုန်ကာ….။

ကြေးမုံဂျီး နင် ဘာမှမပူနဲ့.. ငါတို့ကယ်တင်မယ်။ ကြေးမုံဂျီးကား ထီမထင်သော မျက်နှာပေးနှင့် အို. သေချင် သေပါ့စေ.. ဒင်းလို ရှိုက်တန်နတ်ဆိုး ပူးဝင်နေတဲ့ မိစ္ဆာဒိဋ္ဌိကို တသက် အရှုံးမပေးဘူးရှင့်.. ဆလံမာရေးကွမ်း.. အားရမားဒစ္စကိုဒန်းစား…။ ထို့နောက်တွင်ကား ကြေးမုံဂျီးတယောက် လူသားဂျင်းစာနာမှု အစီအစဉ်ဖြင့်  ဆော်ဒီလေကြောင်းလိုင်း ပထမတန်းမှစီးကာ တိုင်းပြည်ပြင်ပသို့ ထွက်ပြေးလွတ်မြောက် သွားလေသည်။

ဇာတ်လမ်းကား ဤမျှနှင့်မပီး.. အမျိုးသားရေး သစ္စာဖောက် တရုတ်သဗုံ ဘင်္ဂါလီ မွတ်ဆလင် ကြေးမုံဂျီး၏ အဖျက်အမှောက် လုပ်ရပ်များကို မနက်ဖြန် အပိုင်း၂ ဇာတ်သိမ်းခန်းတွင် ဆက်လက် တင်ဆက်ပေးပါမည်။ စောင့်မျှော်ဖတ်ရှု အားပေးဂျပါကုံ…. :mrgreen:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 647 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး