ရခိုင်
ယောင်လို့တောင် မတွေးမိတဲ့နေရာတခုပါ
အရင်က စဉ်းစားမိတာ ပြောမိတာတော့ ရှမ်းမှ ကြိုက်မယ်.. ရှမ်းမဟုတ်ရင် စိတ်မ၀င်ဇားဘူး
ကိုကိုမြားနတ်မောင် ရွေးပေးလိုက်တာကတော့ ရခိုင်အမျိုးသားတယောက်တဲ့ …
တောင်ကြီးနဲက ရန်ကုန် အရှေ့နဲ့ အနောက်
အလယ်ဖြစ်တဲ့ ရန်ကုန်မှာလာတွေ့ကြတယ်
ဒါတော့ info
အခုပြောပြချင်တာက
ရခိုင်က မင်္ဂလာဆောင်အကြောင်း
သူတို့ပြောတာတော့ သမတ်တတ်ပွဲတဲ့
သမတ်ကို မိန်းမအိမ်မှာ ပေးနေဖို့ထင်တယ် :P

အနော် ရန်ကုန်ကနေ ဂွကို အရင်သွားတယ်
ဧရာဝတီတိုင်းအထိ လမ်းတွေ ဖြူးနေသလောက်
ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏ လည်းရောက်ရော ဆိုးလိုက် ကြမ်းလိုက်တဲ့လမ်း..
ဂွကိုရောက်တော့ မနက်အစောကြီး အဲဒီကနေ ဂွ-သံတွဲ လမ်းမပေါ်မှာချိတဲ့အနော့် ယောက္ခမ အိမ် ကိုသွားရတယ်
လမ်းမှာ သာယာလိုက်တဲ့ ဘင်္ဂလားပင်လယ်အော်ကြီး…
ပင်လယ်မမြင်ဖူးတဲ့ အနော့် အတွက် အထူးအဆန်းတွေပဲပေါ့
အဲမှာလဲ လမ်းဆိုးတာပဲ
ရွာ (7)ရွာလောက်ဖြတ်ပြီးတဲ့အခါ … တိုင်ကျိုးဆိုတဲ့ ရွာကိုရောက်တယ်
အဲရွာအ၀င် ဆပ်သွားရွာကနေစပြီး သံတွဲ အထိတော့ လမ်းကောင်းလာတယ်

အနော်ရောက်တော့ နေ့လည် ရောက်နေပြီ
အိမ်ပုံလေးတွေက ချစ်စရာကောင်းတယ်
ဂွက လူတွေစကားက ရခိုင်လိုသိပ်မပြောဘူး ဗမာလိုကို ပျက်ပျက်ကြီး
ဘယ်သွားလဲဆို မသိ
ဘာပြောသွားလဲဆို မပြော … အဲလို ပျက်ပျက်ကြီး
တစ်မျိုးတော့ နားထောင်ကောင်းနေတာပဲ

အနော့် မင်္ဂလာဆောင်က 6ရက် 7ရက်
အနော်ရောက်သွားတာက 4ရက်
5ရက်နေ့ မှာတော့ ရွာအလှူအတိုင်း တအိမ်လုံးကို အလှလာဆင်ကြတယ်
အမျိုးများတော့ တယောက်တမျိုးနဲ့ လုပ်သွားကြတယ်
ငရုတ်သီးကိုကိုယ်တိုင်ထောင်းကြတယ်၊ ငရုတ်ကောင်းမှုန့်တွေကိုလည်း ကိုယ်တိုင်ထောင်းကြပြီး
ခရမ်းချဉ်သီးမသုံး ရှိလည်းမရှိတာကိုတွေ့ခဲ့ရတယ်

6ရက်နေ့ ညနေပိုင်းမှာတော့ 4နာရီလောက်ကစပြီး ဧည့်သည်တွေရောက်လာကြတယ်
စပြီ အဲမှာ တရွာလုံးကို အ၀တိုက်တာပဲ
တကဲ့ ကျွှတ်ဆင်ကြီး … အနော်တို့ ရှမ်း သောက်တယ်ဆိုတာ ရခိုင်မမှီ
ကလေးမှစ လူကြီးအဆုံး ယောင်္ကျား မိန်းမ သောက်တယ်
အနဲဆုံးတော့ ဘီယာတောက်တယ်ဗျာ
မိုက်တယ်
လက်ဖွဲ့ကို ပစ္စည်းပေးတာ မတွေ့ရဘူး .. အနည်းဆုံး 5000 လောက်တော့ပေးကြတယ်
လာတဲ့ ဧည့်သည် လက်ဖွဲ့တဲ့ ဧည့်သည်တွေကို ၀က်သားဟင်း ပြန်ပေးတယ်
ပေးတဲ့ လက်ဖွဲ့ အပေါ်မူတည်ပြီး ပြန်ပေးတယ် ….
စားသွားလည်းရတယ်….

7ရက်နေ့ မနက်မှာတော့ ဘုန်းကြီး (5)ပါးကို မင်္ဂလာဆွမ်းကပ်တယ်…
နောက် 7နာရီလောက်မှာ ရခိုင်စည်တော်ကြီးတီးတဲ့ အကိုကြီး 4ယောက်ရယ် သူ့နောက်မှာ
ယောက်ခမကြီးက သတို့သမီး ဦးသျှေင်၊ ယောက်ခထီးက သတို့သား ဦးသျှောင်ကြီး ကိုင်လို့
သတို့သားအရံ၊ သတို့သမီးအရဲနဲ့ သူတို့ခင်းကျင်းထားတဲ့ နေရာကို တန်းစီပြီးလာကြရတယ်
အဲနောက်မှာ မင်္ဂလာခရုသင်းမုတ်ပြီးတာနဲ့ သတို့သား သတို့သမီးကို ယောက္ခမကြီးနှင့် ယောက္ခထီးတို့က နံ့သာရေ. ပန်းကုံးနဲ့ ဦးသျှောင်ကိုဆောင်းပေးတယ်
အမျိုးတွေကလည်း နံ့သာရေ ဖျန်းရင်း လက်ဖွဲ့ထည့်ပေးရင်းနဲ့ နေ့လည်ကိုရောက်လာပါတယ် ..(အအေး အပတ်တာကံကောင်း)

နေ့လည်ရောက်တော့ မင်္ဂလာထမင်းလို့ခေါ်တဲ့ ထမင်းကို စားရပါတယ် (မ၀ ပါ :P)
မင်္ဂလာထမင်းမှာတော့ ထမင်းရယ်၊ ပုစွန်နှစ်ကောင်ရယ်၊ ကန်စွန်းဥ မီးကင်ရယ် ( ဘာအဓိပ္ပါယ်လဲဆိုတာတော့ မသိဘူး)
ငါးဟင်းရည်သောက်ရယ်ကို စားရပါတယ် (သူတို့ကျတော့ ၀က်သားဟင်းနဲ့ )

ပြီးတာနဲ့ ဘိသိပ်ဆရာကြီးက ဘိသိပ်ပေးတယ်
သိကြတဲ့အတိုင်း ရှည်လိုက်တဲ့ ဘိသိပ်
ပြီးတော့ သတို့သားလက်နဲ့ သတို့သမီး လက်ကို ဆန်တဆုတ်စီ ကိုင်ခိုင်းရင်း လက်ကိုင်ပုဝါနဲ့ချည်
ပြီးတော့ နဲ့သာရည်နဲ့လောင်း ပါးစပ်ကလည်းရွက်… (ရခိုင်လို ရွက်လို့ ဘာရွက်မှန်းမသိ)
ပြီးတော့ အဲဒီ ထည့်ထားတဲ့ ဆန်တဆုတ်မှာ တ၀က်ကို လက်ကိုင်ပုဝါထဲထည့်ခိုင်းတယ်
ကျန်တ၀က်နဲ့ မိဘတွေ ဆရာတွေကိုကန်တော့ရတယ်
ကန်တော့နေစဉ်မှာလဲ ဖျန်းလိုက်တဲ့ နံ့သာရေ
ခေါင်းတခုလုံး စိုရွဲလို့
ဘိသိပ်ခံပြီးတာနဲ့ မင်္ဂလာပွဲပြီးတယ်လို့ဆိုပါတယ်

ခဏနေက ယူထားတဲ့ ဆန်တ၀က်ဆီပါတဲ့ လက်ကိုင်ပုဝါထုတ်ကိုတော့ မြေကြီးနဲနဲရောပြီး အိပ်ခန်းမှာ ထားခိုင်းပါတယ်
ရိုးမြေကျ ပေါင်းနိုင်အောင်လို့ လို့တော့ ပြောတာပဲ ……

နွေးသီး
18-5-2013
ရခိုင်မင်္ဂလာဆောင်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer