အခန်းငယ်လေးထဲမှာ ငါတစ်ယောက်ထဲ အထီးကျန်ဆဲပါချစ်သူရယ် ငါ့မျက်ရည်တွေကလေ တစ်နေ့တစ်ခြားအဖော်ပြုနေလားတော့မသိ ပါးပြင်ထက်မှာ သူတို့ခိုဆင်းဖို့နေရာတောင် မကျန်တော့ဘူးလေ ချစ်သူရယ် ထားရစ်ရက်တယ်နော် ဘယ်အငြိုးကြောင့်များ မုန်းရက်လေရော့သလဲဟင်  အချစ်တော့လို့လား ချစ်သူရဲ့ အချစ်တွေက အပြစ်ဖြစ်ရော့လေသလားကွယ် ချစ်လွန်းလို့ အလိုလိုက်ခဲ့မိတဲ့ အချိန်တွေကို တစ်ခါတစ်လေမုန်းမိတော့မယ်ထင်တယ် ဒါပေမယ့် ရင်ထဲကတော့ ဘယ်လိုမှမေ့လို့မရနိုင်သေးတာတော့ ခက်တယ် အချစ်ကိုကိုးကွယ်မိခဲ့ပါတယ် သိပ်ချစ်လို့လဲ ပုံအပ်မိခဲ့ပါတယ် ဒါပေမယ့် ချစ်သူပေးခဲ့တဲ့ အမုန်းလက်ဆောင်ကို သိမ်းဆည်းနိုင်တဲ့ အင်အား မွေးကထဲကပါမလာတာ သိခဲ့သင့်ပါတယ်

နာရီသံတွေတစ်ချက်ချက် ငါ့နားထဲမှာ တိုးလို့ဝင်နေတယ်လေ သေချာနားစဉ်ကြည့်တော့ ငါ့ရင်ခုန်သံတွေ တစ်လက်လက်တုန်နေတယ်ဆိုတာ ငါမေ့သွားမိတယ် အခုတော့ အခန်းငယ်လေးထဲမှာ သွေးပျက်မတက် ချောက်ခြားနေရပြီကွယ် ငါ့နံဘေးမှာ အဖော်ပြုနေတဲ့ မင်းလေးရဲ့ဂစ်တာအိုလေးကလဲ အခုတော့ အသံတွေယိုင်နေလောက်ပြီနော် အနမ်းတွေခြွေခဲ့ဖူးပါတယ် ဟောဒီအခန်းငယ်လေးထဲ့က အပန်းဖြေစရာ နေရာလေးတောင် ခြောက်သွေ့နေပြီလေ  အလိုမလိုက်တော့တာမဟုတ်ပါဘူး ငါ့နှလုံးသားက မင်းအတွက်တော့ ထာဝရ အပန်းဖြေနားခိုစရာ နေရာလေးဖြစ်ပေမယ့် အခုတော့ ဆောင်းဦးစနှင်းပမာ အေးဆက်ဆက်မေတ္တာတွေကို ငါစတင်ခံစားနေရပြီကွယ်

သစ္စာဆိုတဲ့စကားက အခုတော့ပြစ်ထားရတော့မယ် အမှိုက်ပုံလေလား ချစ်သူ မင်းသွားရစ်တော့မယ့်တစ်နေ့ ငါလက်ဆောင်လေးပေးခဲ့မယ်နော်

မျက်ရည်တသွင်သွင်

ပါးပြင်ထက်ဝယ်

ဆင်းသက်ခိုနား

တစ်ဆက်ဆက်နာ

ငါ့နှလုံးသားလဲ

ပျက်သုံးချေပြီ

အမုန်းတွေ ပလီပလာပြော

အပြုံးတွေ အစဉ်အလာသဘောမှာ

မေတ္တာဆိုတဲ့ စာသားလေးက

ငါ့ဘ၀အတွက်မှာတော့

အေးမြခြင်းသဘော သက်ဆင်းပေမယ့်

မင်းလေး အလှည့်ကြုံခဲ့ရင်ဖြင့်

ရင်တွင်းထဲသို့ ပုံအပ်ပြီး မဆင်းခဲ့ပါလေနှင့်

                                                                                                ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..