မြန်မာစစ်တပ်အား တိုက်မည်မဟုတ်ကြောင်း ဝသွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေး ဒုတိယတာဝန်ခံ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ်မှ အစိုးရ ဘရပ်ရှ်နှင့်သွားပွတ်တံရေးရာ ဝန်ကြီးအား အသိပေး ပြောကြားလိုက်သည်။

ရခိုင်နှစ်ပါတီ ပေါင်းစည်းရေး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုးတက်ရေးပါတီတို့ ဇွန်လ၁၅ရက်နေ့တွင် မျက်နှာခြင်းဆိုင် တွေ့ဆုံမည်ဖစ်ရာ နှစ်ဖက်လူဂျီးများ မျက်နှာပေါင်းတင်ထားရန် ကြိုတင်စည်းကမ်း သတ်မှတ်ထားရှိသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် မေလ၂၉ရက်နေ့တွင် မြန်မာအစိုးရနှင့် ကေအိုင်အိုတို့ တံခါးပိတ် ဆွေးနွေးရာ တံခါးချက်မကျသဖြင့် လက်သမားဆရာ ဖားပြုတ်ဂျော်နီအောင်ပုအား နိုင်ငံတော်လျှို့ဝှက်ချက်များ ပေါက်ကြားစေမှုဖြင့် ဖမ်းဆီးထားသည်။

မြစ်ကြီးနားဆွေးနွေးပွဲရလဒ် ပုံစံအသစ်ဖြစ်ကြောင်း ယူအင်အက်ဖီစီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောကြားခဲ့ပြီးနောက် ၎င်းပြသော ဆွေးနွေးပွဲပုံအား သတင်းထောက်များမှ ကြည့်ရှုစစ်ဆေးရာ ဆမ်ဆောင်း ဂလက်ဆီဖိုး ဖုံးကင်မရာဖြင့် ရိုက်ထား၍ ပုံထွက်ကောင်းနေသည်ကလွဲ၍ မထူးခြားကြောင်း သိရသည်။

မြန်မာ့စီးပွားရေး ပမာဏဟာ ၂၀၃၀ကြရင် ဒေါ်လာဘီလျံ ၄၅မှ ဒေါ်လာဘီလျံ ၂၀၀ကျော်သို့ တိုးတက်ဖွယ် ရှိနေရာ ယင်းအထဲတွင် ဘိမ်းလုပ်ငန်းဝင်ငွေ များစွာပါနိုင်ကြောင်း ကာဘီးလုပ်ငန်းရှင် တာယာပွဂျီးမှ ခန့်မှန်းထားသည်။

နိုင်ငံအဝှမ်း ကျောင်းအပ်ရာသီတွင် ဝင်ကြေးကောက်ခံပုံ အမျိုးမျိုး ဖြစ်နေရာ အချို့နေရာများတွင် အလှူငွေ မကောက်ခံဘဲ ကျောင်းသားတဦးလျင် ငွေတထောင်ကျပ် ထောက်ပံ့သည် သိရှိရသည်။ ထူးခြားချက်အဖြစ် ကျောင်အုတ်ကျီး ဖားပြုတ်ဂျော်လကီအောင်ပု စာသင်ကျောင်းတွင် ကျောင်းအပ်သူတိုင်းအား ဖောရှောအရက် တပုလင်းတိုက်ရာ ခလေးထက် လူဂျီးဦးရေ ကျောင်းအပ်စာရင်းတွင် ပိုနေကြောင်း အန်အယ်လ်ဒီ ပြင်ညာရေး ကွန်ယက်မှ သတင်း ထုတ်ပြန်သည်။  

အလုပ်သမား အခွင့်အရေးတောင်းဆိုသူ အလုပ်သမား၁၂ဦးအား မေလ၂၈နေ့ ရုံးထုတ်ခဲ့သော်လည်း အာမခံ ပေးမရခြင်းမှာ အစိုးမရကို အပ်ထားသော အမှုကြောင့်ဟုဆိုပြီး ဥပဒေမဲ့ ရက်ရက်စက်စက် ရိုက်နှက်သော အလုပ်ရှင်ကိုမူ အစိုးရနှင့် မဆိုင်ဟုဆိုနေရာ နောင်တွင် ဆန္ဒပြအလုပ်သမားများအနေနှင့် ကုမ္မဏီ မှတ်ပုံတင်ပြီး ခရိုနီအလုပ်ရှင်အား ရိုက်နှက်ခြင်းက ပိုထိရောက်ကြောင်း သုံးသပ်နေကြသည်။

ပြန်မပြော နားမထောင် လစာထုတ် အိမ်ပြန် အင်တာနက်တက် ပွန်းကားကြည့်နေသော လွှတ်တော်အမတ် စစ်ဗိုလ်များ၏ အကြီးအကဲ ကာဂျုပ်ဗိုလ်ချုပ်မူးဂျီး မင်းအောင်လှိုင်အား ထိုင်းဘုရင့်တပ်မဒေါ်မှ “ထူထုံထိုင်း” ထိုင်းဘုရင့်တော်ဝင်ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် ကာချုပ်မင်းအောင်လှိုင်မှ ထိုင်းဂုဏ်ပြုတပ်ဖွဲ့ ဘင်ထုသံအား အပြုံးမပျက် ရှိနေ၍ ဆုနှင့်ထိုက်တန်ကြောင်း နေးရှင်းသတင်းစာတွင် ရေးထားသည်။

တရုတ်မြန်မာ နယ်စပ်လမ်းတွင် ရှေ့ထွက်မိုင်း လေးလုံးတွေ့သဖြင့် တပ်မဒေါ်မှ ရှင်းလင်းရာ အောင်မြင်မှုမရဘဲ ပေါက်ကွဲသွားကြောင်း သိရသည်။ မိုင်းရှင်းသူ တပ်သားသစ် မောင်ထုံက ရှေ့ထွက်မိုင်းဆို၍ မိုင်းဗုံးအနောက်မှ စနက်တံဖြုတ်လိုက်ရာ ဝုန်းကနဲ ပေါက်ကွဲသွားကြောင်း စစ်ခုံရုံးတွင် ယနေ့ထွက်ဆိုသည်။

စိန့်မေရီချာ့ခ်ျ ဆန္ဒပြမှုဖြင့် အဖမ်းခံထားရသူ ရုပ်ရှင်မင်းသားရဲဒိုက် အာမခံဖြင့် လွတ်လာရာ ဂျာနယ်များတွင် ဖျားကျောင်းလူဂျီးနှင့် မင်းသား လက်ဆွဲနှုတ်ဆက်နေသော ဓာတ်ပုံပါလာသည်။ လေ့လာအကဲခတ် အချို့ကမူ ၎င်းဓာတ်ပုံဖြင့် လက်နာကျင်စေမှု နောက်တမှုကပ်ရန် သက်သေဖြစ်မည်ကို စိုးရိမ်နေသည်။

ဖျားကျောင်းလူဂျီးလက်အား ရဲတိုက်မှ အတင်းဖျစ်ညှစ်ထားစဉ်

ဖျားကျောင်းလူဂျီးလက်အား ရဲတိုက်မှ အတင်းဖျစ်ညှစ်ထားသည့် အထောက်အထား ဓာ့ပုံ – ဆန်းဒေဂျာနယ်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး