အများသုံးနေကြတဲ့ လိပ်ခေါင်းလန်းစ် လေးပါတဲ့ ကော်ဆူးမား ကင်မလာ တွေ၊ ပလိုဆူးမား ကင်မလာတွေမှာ လန်းတွေက အသေဖြစ်နေပေမယ့်  (လန်းစ်ပြောင်းလို့ရတဲ့ ကင်မလာ အသေးလေးတွေလဲရှိပါတယ်။ Sony Nex7, Nikon1..) ငုတ်တုတ် လိပ်ခေါင်းလန်းစ် လေးက ဇွန်းဆွဲလို့ တော်တော်ရပါတယ်.. အောက်မှာ ဂီဂီရဲ့ မတ်ဆေ့ကို ခွက်ဒစ်ပြန်လုပ်ပါတယ်။

 

[ဇွမ်း ဆွဲတဲ့အခါ ဇွမ်း ဘယ်လောက်ဆွဲထားပြီ ဆိုတာကို ပြတဲ့ ဘားလေး စကရင်ပေါ်

ပေါ်လာတာ ကြည့်ဖူးမယ် ထင့် အဲ့သည့်မှာ ကန့်လန့်ဖြတ် လိုင်းလေး တစ်လိုင်းပါတယ်..

|_________|______|

ဒါမိုးလေးပေါ့ …

အလယ်လောက်က ကန့်လန့်ဖြတ် လိုင်းလေးရဲ့ ဘယ်ဘက် ခြမ်းက Optical Zoom ခည 

လိပ်ခေါင်း lens လေး ၀င်ကာထွက်ကာ နဲ့ ချိန်ညှိပေးတဲ့အပိုင်း

ညာဘက်ခြမ်းက အပိုင်းကတော့ Digital Zoom ဗျ.. သူကျတော့ ကွန်ပူတာမှာ

စကရင် တ၀က်လောက်ရှိတဲ့ ပုံ ကို စကရင် အပြည့် ချဲ့ကြည့်တာ နဲ့ သဘောတရားတူတယ်..

(ပြောချင်တာ Pixel ကျတယ်ပေါ့)

နောက်တခု သေဖို့ကောင်းတဲ့ မာကတ္တာ တချို့ လက်ချက် ကြောင့်လည်း ပါတယ်ခည 

လိပ်ခေါင်း ကင်မလာတွေ ၀ယ်ရင် လူတွေက Zoom ဘယ်လောက် x ရလဲပဲ ကြည့်တတ်ကြတာရယ်..

ဆိုပါတော့ 10x, 15x, 20x ရေးထားကြတယ်..

ဆိုပါတော့ 20x သေချာရှာကြည့် တော့မှ 16x အထိပဲ Optical Zoom (အမှန်တကယ် Zoomတာ)

16 to 20 (အပေါ်က လိုင်းကလေးရဲ့ ညာဘက်) က Digital Zoom (ပုံရိပ်ဆွဲဖြဲတာ)ဖြစ်နေတတ်တယ်ဗျို့ ..

ဖုန်းကင်မလာ လို ကင်မလာမျိုးဒွေမှာ Zoom ဆွဲရိုက်လေ ပုံရိပ်အရည်အသွေးကျလေဆိုတာ

အဲ့ဒါကြောင့်ဗျ.. သူ့မှာ လိပ်ခေါင်းမှမရှိတာကောDigital Zoom နဲ့ပဲ ပုံကို ဆွဲဖြဲ သလို ဖြစ်နေတာကြောင့်ရယ်ပါ။]

 

DSLR တွေမှာတော့ အရင် ပို့စ်တွေမှာ ပြထားတဲ့ လန်းစ်တွေ အမျိုးမျိုးကို ဖိုကယ်လန့် ဆိုတာနဲ့ အဓိက ခွဲထားပါတယ်. ဖိုကယ်လန့် (focal length) ဆိုတာ ကင်မလာ ထဲက ဆင်ဆာ နဲ့ မှန်ဘီလူးရဲ့ စင်တာ  အကွာ အဝေးဖြစ်ပါတယ်။

 

 

ဖိုကယ်လန့်ကိ mm နဲ့ဖော်ပြပီး. လန်းစ်တွေမှာ ဖော်ပြထားတာ တွေ့ဖူးမှာ ပါ။

 

ဖိုကယ်လန့်ကြောင့် ပြောင်းလဲမှု ၂ ခုဖြစ်စေပါတယ်။ တစ်ခုက မြင်ကွင်း နဲ့ နောက်တစ်ခု အနီး/အဝေး ဖြစ်ပါတယ်

 

(၁)မြင်ကွင်း

ဖိုကယ်လန့် တိုတာ/ရှည်တာဟာ မြင်ကွင်းကို ပြောင်းလဲ သွားစေပါတယ်.. ဥပမာ လက်ညှိုးနဲ့လက်မကို ကွေးပြီး မျက်လုံးနဲ့ ကပ်ကြည့်ပါ ..

 

မျက်လုံးနဲ့ လက်ကအ၀ိုင်း ကပ်နေတဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းက ကျယ်နေပေမယ့် လက်ကို ရှေ့တိုးလေလေ လက်ရှေ့ကြိုမင်ရတဲ့ မြင်ကွင်းကကျဉ်းသွားလေလေ ဖြစ်ပါတယ်.. အဲလိုပါပဲ ဖိုကယ်လန့် နည်းတဲ့လန်းစ်ဟာ ပိုမြင်ကွင်း ကျယ်ကျယ်မြင်ရပြီး .. ဖိုကယ်လန့် ရှည်သွားတဲ့ မြင်ကွင်းဟာ ကျဉ်းသွားပါတယ်။

 

(၂) အနီး/အဝေး

မှန်ဘီလူးကို အနီးကပ်ကြည့်တာနဲ့ အဝေးကို ခွာလိုက်ရင် ကြည့်နေတဲ့ ဆက်ပဂျက်က ပိုကြီးသွားသလိုပါပဲ အဲဒီတော့ ဖိုကယ်လန့် နည်းတဲ့ လန်းစ်မှာ  ဆက်ပဂျက်ကို သေး မြင်ရပြီး .. ဖိုကယ်လန့် ရှည်သွားတဲ့ အခါ ဆက်ပဂျက် ကိုပိုကြီးကြီး မြင်ရပါတယ်။

 

 

ဆက်ပါဦးမယ်..

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)