Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးကျရွှေကိုယ်

Kyi LwinJune 5, 20131min3515

မန္တလေးဂေဇက်က သူကြီးနဲ့တကွ ရွသားအပေါင်း ကျန်းမာတော်မူကြပါစ။

ခုတလောတော့ သူကြီးတို့ရွာ ဘာတွဖြစ်နေတယ်မသိပေမင့် ရွှေများရဲ့ ရွှေမြန်မာ မတော့ ရယ်ချင်လိုက်တာ ဖတ် ဖတ် မော ရင်ဘတ် နောက်က ကျော ဆိုသလို ပ။

ပြိးခဲ့တဲ့ တစ်လလောက်က ဘတ်စ်ကားတွေပေါ်မှာ အာဘောင် အာရင်းသန်သန် နဲ့ လာရောင်းတဲ့ စာအုပ်လေးတစ်အုပ် ရန်ကုန်မြို့နေ အများ သူ ငါတော့ မှတ်မိကြမယ်ထင်ရဲ့။

စာအုပ် အမည်က   မြန်မာနိုင်ငံ ခေတ် အဆက်ဆက် က နိုင်ငံတော် သမ္မတ များ ဆိုပဲ။ ရေးတဲ့သူက ဒေါ်အုန်းကြည်သား တဲ့ ။ တို့များ ထင်လိုက်တာက ပြောင်ကြီး သားများလားလို့။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ပြီး ဘဘပြောင်ကြီးကို အားပါးတရ ချီးမွမ်းထားလို့လေ။

လိုရင်းကို တိုရှင်းပြောရရင်တော့ မြန်မာ့အဌမမြောက် သမ္မတ ကြီး ဦးသိန်းစိန်သည် DSA  ၄ နှစ်တက်ပြီး BA ( DSA ) ဘွဲ့ ရလေ၏။ လက်ရှိသမ္မတ ဦးသိန်းစိန်သည် စစ်အုပ်ချုပ်ရေးစနစ်မှ ပါလီမာန် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွါးရေး အရွေ့ တွင် ပဌမ ဆုံးပေါ်ပေါက်လာသည့် သမ္မတ ဖြစ်ရလေ၏။ ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ( ၉ ) တါင် တက်ရောက်ခဲ့ပြီး ၁၉၆ရ ခုတွင် သင်တန်းဆင်းရာ  ဗိုလ်သိန်းစိန် ဖြစ်လာခဲ့ရလေသည်။ နိုင်ငံတကာ အတွေ့ အကြုံ ရှိပြီးလျှင် နညမည်ပျက်စာရင်း မရှိ စစ်မှုထမ်း လုပ်သက် ကြာသည်နှင့်အမျှ ရာထူးမှာလည်း တဖြည်းဖြည်း မှန်မှန်လေး တက်လာခဲ့ရလေ၏။ ( ၈၈၈၈ အရေးအခင်းကာလ တွင် တပ်ရင်းမှူးဘဝ ဖြင့် ရှိနေခဲ့သည်။ ဤကား စကားချပ်။)

ဦးသိန်းစိန်သည် န  အ ဖ ခေတ်တွက် အတွင်းရေးမှူး ၂ ထို့နောက် အတွင်းရေးမှူး ၁ တစ်ဆင့်ပြီး တစ်ဆင့် တက်ခဲ့ရာ ၂၀၀၈ အောက်တိုဘာလ တွင် နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်လာခဲ့ရလေသည်။ ( ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ရေးဆွဲသည်။ )

၂၀၁ဝ ပြည့်နှစ် ဧပြီ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် ဗိုလ်ချုပ်ကြီးရာထူးမှ နှုတ်ထွက်ကာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဌအဖြစ် တာဝန်ယူလိုက်လေတော့၏။

၂၀၁ဝ ခုနှစ် နိုဝင်္ဘာလ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရပြီး ပြည်ထောင်စု မြန်မာနိုင်ငံသမ္မတဖြစ်လာခဲ့လေ၏။ ( ဤကား ထို ဒေါ်အုန်းကြည်သားရေးသောစာအုပ်ထဲမှ ကူးခြင်းများဖြစ်၏။)

ဒီစာအုပ်ထဲက အချက်အလက်တွေကိုဖတ်ပြီး စာရေးတဲ့သူဟာ သူ့ ငါးချဉ် သူ တော်တော်ချဉ်ခဲ့ပါတယ်ဆိုတာ သိသိသာသာကြီးဖေါ်ပြနေတာပါပဲ။ ဒီရက်ပိုင်းတွေမှာ သမ္မတကြီး မိန့်ခွန်းတွေကလည်း နိုင်ငံခြားမှာပြောတာရော။ ပြည်တွင်းမှာပြောတာပါ တော်တော်များပေတာပဲ။ အဲဒီ မိန့်ခွန်းတွေထဲမှာ ပြောင်ကြီး မကြာ မကြာ ထပ်ခါ ထပ်ခါ ပြောတာကတော့ အများသိကြတဲ့အတိုင်း အရင် ခေတ်အစိုးရ အဆက်ဆက် က မအောင်မြင်ခဲ့တာတွေ မငြိမ်းချမ်းခဲ့တာတွေမတည်ငြိမ်ခဲ့တာတွေမတိုးတက်ခဲ့တာတွေ နိမ့်ကျခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ ၊ ပြောလိုက်ရတာ တတွေ တွေ နဲ့ အပ်ကြောင်းကိုထပ်နေတာပဲ။

ဒီစကားကြားရတော့ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော ဆိုသလိုပ။

အရင် အစိုးရ အဆက်ဆက် ထဲမှာ သူမပါပဲ ။ ခု မှ မိုးပေါ်က ဖုတ် ကနဲ ကျ လာတဲ့ မိုးကျရွှေကိုယ် သမ္မတကြီးပေကိုး။

ဒီစာအုပ်ထဲမှာပဲ    ဗိုလ်သိန်းစိန်  –  ၁၉၆၇

ဗိုလ်ကြီးသိန်းစိန် –  ၁၉၈၃

ဗိုလ်မှူးသိန်းစိန် –  ၁၉၈၇

ဒု-ဗိုလ်မှူးကြီးသိန်းစိန် – ၁၉၉၃

ဗိုလ်မှူးချုပ် သိန်းစိန်  – ၁၉၉၆

( ၂၀၀ဝ ခုနှစ်နောက်ပိုင်း အတွင်းရေးမှူး ၂ ၊ အတွင်းရေးမှူး ၁ )

ဝန်ကြီးချုပ် သိန်းစိန် – ၂၀၀၈

သမ္မတကြီး သိန်းစိန် – ၂၀၁၀

ကဲ ဖတ်တော်မူကြအုံး။ အရ်ငအစိုးရ အဆက်ဆက် ဆိုတဲ့အထဲ ဒင်းကြီးက ဘယ်နေရာတွေမှာ အသုံးတော်ခံခဲ့တယ်ဆိုတာ။

ဪ ဘဘပြောင် ဘဘပြောင် တော်တော်လည်းပြောင် ပေတာပဲ။ ခုလို စကားလုံးတွေပြော နိုင်အောင် နဖူးနဲ့ မျက်နှာ အပြောင်ချင်း ပြိုင်နေတာလားကွယ်။

သမ္မတ သက်တမ်း ၃ နှစ်ရှိခဲ့ပါပြီ။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ဘာမှ လုပ်မရသေးတဲ့ မြန်မာ သမ္မတ မို့ သနားရမလား တောင် မသိတော့ပါဘူး။ ကာကွယ်ရေးဦးစီးချုပ် ကို ကချင်အရေး တိုက်ပွဲတွေရပ်ပါဟဲ့ ။အပစ်အခတ်တွေ ရပ်ပါဟဲ့ လို့ ပြောတဲ့ သမ္မတစကားကို နဲနဲမှ ဂရုမစိုက်တဲ့ကာ / ချုပ်ဆိုတဲ့ကောင်ကြောင့် သမ္မတကြီးလည်း မြောင်းထဲ ကျလိုကျ။

အင်း ဒါပေသိ သမ္မတကြီးက ကံကောင်းပါတယ်လေ။ သူ ဘာမှ လုပ်မပေးပေမယ့် စိန်နားကပ်ရောင်နဲ့ ပါးပြောင်ပြီး မရောက်ဖူးတဲ့နေရာတွေရောက် ၊ မစားဖူးတာတွေ စား၊ မမြင်ဖူးတာတွေမြင် နဲ့ အတိတ်ကံ က ပို့ပေးမယ့်သူတွေ အဆင်သင့်မို့ ဘဝင်မြင့် စရာပါပဲ။ ဒါကြောင့်လည်း စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်ပြီး ပြောချင်ရာတွေ စွတ် စွတ်ပြောတာပဲနေမယ်။

ဒင်းတို့ သမ္မတကြီး ကို ဒီလိုတွေရေးနေတာ မြင်ရင် ငရဲထွဋ် တို့ ငမှူးဇော် တို့ ငါတို့ အဖေ ကြီးကိုကာကွယ်မလေလို့ ထ အော်ကြအုံးမှာ အသေချာပါလား။

အိမ်း နောက်ဆုံးတော့ ဖွတ် သမ္မတကြီးကိုယ့်စကားနဲ့ကိုယ် လူမလေး ခွေးမခန့် ဖြစ်မယ်ဆိုတာ ရွှေဉာဏ်တော် မရှိလေတော့ သဘောကောင်း မနောကောင်း သမ္မတကြီးအတွက် ခုလို ခပ်နာနာလေးဖြစ်အောင် ပြောရတာ ဝမ်းနည်းပါသည်။

၁၉၈၈ ကတည်းက တိုင်းပြည်ချောက်ထဲကျမှာစိုးလို့ ကယ်တင်ခဲ့ကြသော ကယ်တင်ရှင် န ဝ တ များ၊ န အ ဖ များ၊တဖြစ်လဲ ကြံ့ဖွတ်များ ကျေးဇူးကား ကြီးပေစွ။

ဒင်းတို့ ကယ်တင်မှုကြောင့် ပြည်သူများ ချောက်ထဲ ကျ ၍ စစ်အာဏာရှင် များ ကြီးပွါးကြ၏။

စစ်အာဏာရှင်များနှင့် ဝေစား မျှစား စီးပွါးရေးသမားများ တရားဥပဒေအပြင်ဖက်ရောက်နေ၏။

ခေတ်ပျက်သူဌေးများ လူရာဝင် လူတွင်ကျယ်များ လုပ်နေ၏။

ခေတ်ပျက်ကြီးတွင် ဖြစ်ချင်တိုင်း ဖြစ် ၊ပျက်ချင်တိုင်းပျက်နေသော ပြည်သူများ တိုးပွါးလာ၏။

မြန်မာ့ ယဉ်ကျေးမှုတွင် ဟီရိဩတပ ခေါ်သော မယဉ်မကျေး မဟုတ်မမှန် လုပ်နေကြ သူများ အရှက်အကြောက်ကင်းစွာ မျက်နှာပြောင်တိုက် ကလိမ်စေ့ ငြမ်းစင် ပြော ကြ လုပ်ကြ လေ၏။

တိုင်းပြည်၏ ကယ်တင်ရှင်ကြီးများ ခေတ်အဆက်ဆက်ပံ့ပိုးခဲ့သော ဆိုးကျိုးရလာဒ်များပေတည်း။

အင်မတန်ကျေးဇူးတင်ရပေ၏။

အဘယ်ကြောင့်ဆိုသော် ခေတ်အဆက်ဆက် အစိုးရများ၏ မအောင်မြင်မှုများ မှားယွင်းမှုများ မှ နေ၍ မြန်မာပြည်ကြီးအားကယ်တင်ရန် ဘဘပြောင် လာလေပြီ။

တိုင်းသူ ပြည်သား လူအများတို့ ပန်းခွေ စွတ်ကာ ကြိုဆိုကြပါကုန်လော့။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်။

 

 

5 comments

  • အလင်း ဆက်

    June 5, 2013 at 6:17 pm

    အခုတ လော မှာ လည်း
    ကယ်တင် ရှင်ဆိုတာတွေ ပေါ်လာမှာ စိုးရိမ် နေမိပါရဲ့ဗျာ

  • အရီးခင်လတ်

    June 5, 2013 at 6:54 pm

    လွတ်လပ်ရေး ရပြီး ၁၉၄၈ က နေ ၁၉၆၂ ထိ သမ္မတ တွေ က – စပ်ရွှေသိုက် (၄နှစ်) ၊ ဒေါက်တာ ဘဦး(၃နှစ်) နဲ့ မန်းဝင်းမောင် (၅နှစ်) ။
    တစ်ယောက်ချင်းရဲ့ သမ္မတ သက် မကြာဘူး။
    ၁၉၆၂ နောက်ပိုင်းမှာတော့ ဦးနေဝင်း ဘဲ သက်တမ်း အနှစ်၂ဝ လောက် နေခဲ့တာ။

  • KZ

    June 5, 2013 at 6:58 pm

    အားပေးသွားတယ်လို့ (အဲ) ဖတ်သွားတယ် လို့။
    ပြောချင်တာတွေ၊ ပြောရဲတာတွေ ပြောပြီးလို့ ဒီ ပို့(စ) မှာ ဘာမှ ထပ်မပြောတော့ဘူးနော်။
    ဂွတ်လပ် ပါ။

    :mrgreen:

  • ဦး ကြိမ်

    June 5, 2013 at 8:35 pm

    ကယ်ပါ…….အဘပြောင်…….။

  • kyaw hteik

    June 5, 2013 at 9:40 pm

    နာမည်​​ကောင်​းတဲ့ ဦးသိန်​းစိန်​ကို ​​ေ့ရှတန်​းတင်​ပြီ ​နောက်​ကွယ်​က​နေ အားပြိုင်​​နေကြတာပါ။
    အ​နောက်​မှာ key player ရှိပါတယ်​။သူတို့ခင်​းတဲ့ကျားကွက်​ထဲ အ​မေစုကိုထည်​့ပြီ ကစား​နေကြတာပါ။
    ကျ​နော်​တို့က အ​မေစုကို POWER ​တွေဝိုင်​း​ပေးမှ သူတို့​ေ့ရွှတဲ့အကွက်​ထဲ မဝင်​မှာပါ။အခုကြ သူတို့
    ကတဲ့အကွက်​ထဲ လူအချို့ကလိုက်​က ​နေကြတယ်​။၂၀၁၅ တိုင်​းပြည်​ အတွက်​ရင်​​လေးပါတယ်​ ခင်​ဗျာ။

Leave a Reply