၂၀၁၃ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့မှာ…

ပန်းသီးရဲ့ World Wide Developers Conference မှာ ပန်းသီးက သူ့ရဲ့ Mobile OS ဖြစ်တဲ့ iOS7 ကို ထုတ်လုပ်တော့မယ့်အကြောင်း

စတင်ကြေငြာခဲ့ပါတယ်…

 

Apple's WWDC

 

iOS7 မထွက်ခင်ကတည်းက ကောလဟာလတွေ… ပေါက်ကြားမှုတွေ… ခန့်မှန်းမှုတွေအများကြီးထွက်ပေါ်ကြားသိလာရသလို…

iOS အသုံးပြုသူတွေအနေနဲ့လဲ သူတို့ရဲ့ဝိဥာဉ်ဖြစ်တဲ့ iOS ရဲ့အပြောင်းအလဲတွေကို ရင်တဖိုဖိုနဲ့စောင့်မျှော်ခဲ့ရတဲ့နေ့တွေလဲ ကုန်ဆုံးသွားပါပြီ…

တကယ်ထွက်ပေါ်လာတဲ့အခါမှာ iOS7 မှာပေါင်းထည့်ပေးလိုက်တဲ့ Features အသစ်တွေက iOS အသုံးပြုသူတွေအတွက်

စိတ်ကျေနပ်စရာကောင်းတဲ့ တောက်တောက်ပပဒီဇိုင်းအသွင်အပြင်အသစ်ကို iOS7 မှာ တွေ့ရမှာပါ…

ကြိုတင်သတင်းတွေထွက်ထားသလိုပဲ…  iOS Cracked Store ဖြစ်တဲ့ Cydia ရဲ့ အသုံးဝင်တဲ့ Tweak အချို့ကို iOS7 မှာပေါင်းထည့်ပေးထား

တာကိုတွေ့ရလို့ မြန်မာစာကလွဲရင် အတော်လေးပြည့်စုံတဲ့ Mobile OS တစ်ခုမလွဲမသွေဖြစ်လာမှာပါ…

iOS7 ဆိုတာ

iOS7 ဆိုတာ

 

လွန်ခဲ့တဲ့ တစ်နှစ်… ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ပန်းသီးရဲ့ WWDC မှာပဲ iOS6 ကိုကြေငြာခဲ့ပြီး iPhone 5 နဲ့အတူ ဈေးကွက်ကို တင်ပို့ခဲ့တာပါ…

အခုအချိန်တစ်နှစ်အတိကြာတဲ့အချိန်မှာတော့ iOS7 ကိုထပ်မံကြေငြာခဲ့ပြီး… ယခုနှစ် ဆောင်းဦးမှာ iOS User တွေကို Update လုပ်ခွင့်ပေးမယ်လို့ ကြေငြာခဲပါတယ်…

iOS6 မှာ Google Map နဲ့ Youtube ကို ဖယ်ထုတ်လိုက်ပြီးနောက်… ကိုယ်ပိုင် Map Application နဲ့ အရဲစွန့်ခဲ့တဲ့ iOS6 ဟာ ဝေဖန်မှုတွေအများကြီးကြုံခဲ့ရသလို…

ပြင်ဆင်မှုတွေလဲ အများကြီးလုပ်ခဲ့ရပါတယ်…. iOS6 ရဲ့သင်ခန်းစာတွေနဲ့ လိုအပ်ချက်တွေကို iOS7 မှာဖြည့်စွက်ပြုပြင်ပြီးထွက်ပေါ်လာမယ်လို့ ခန့်မှန်းရလို့

iOS7 ဟာ ပြီးပြည့်စုံတဲ့ OS တစ်ခုဖြစ်လာမယ်ဆိုတာ မလွဲမသွေပါလို့ပြောချင်ပါတယ်…

 

iOS-7-vs-iOS-6

 

ဒီဇိုင်းအရ အဖြူရောင်ပိုသန်းတဲ့ iOS7 နဲ့ တောက်ပပြီး Flat ဖြစ်တဲ့ Icon သွင်ပြင်အသစ်တွေနဲ့ iOS7 ဟာ အမြင်မှာသိသိသာသာပြောင်းလဲပါတယ်…

အဲဒီအကြောင်းအရာကို ကြည့်ခြင်းအားဖြင့် နောက်ထွက်လာမယ့် iPhone 5S (သို့တည်းမဟုတ်) iPhone 6 မှာတော့ ရောင်စုံဒီဇိုင်းနဲ့လာမယ်ဆိုတာထက်…

ပန်းသီးရဲ့မရိုးနိုင်တဲ့ အနက်၊ အဖြူဒီဇိုင်းအတိုင်းပဲဆက်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်…

ဒီစတိုင်လေး

ဒီစတိုင်လေး

 

ပန်းသီးရဲ့ထုံးစံအရ… User Interface ကိုဖြစ်သလိုမလုပ်ပဲ… စနစ်တကျလုပ်ထားတဲ့ Icon Design Structure ကို အပေါ်မှာတွေ့မြင်ရမှာပါ…

ဒါဆိုရင် အပြင်ပန်းအသွင်အပြင်အရ ပိုမိုလှပဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေပြောင်းလဲပြီးပြီဆိုတော့ ဘယ်လို Feature တွေထပ်ပေါင်းထည့်

ဆွဲဆောင်ထားမလဲဆိုတာ ဆက်ကြည့်ကြရအောင်…

 

Ctrl-Norti-Mtask

အရင်ဆုံးသိသိသာသာပေါင်းထည့်လိုက်တာကတော့ Control Center ပါ…

controlcenter_icon

Wifi, Bluetooth, Aeroplane Mode, Screen Brightness, Music Control, Flashlight, Calculator, Timer, Camera စတဲ့အရာတွေကို အလွယ်တကူ…

ဖွင့်ပိတ်ထိန်းချုပ်မှုပြုလုပ်နိုင်တဲ့နေရာတစ်ခုပါ… iOS6 အထိ ဒီ Function ကို Cydia Tweak မှာသာရနိုင်ပေမယ့်… iOS7 မှာတော့ Built-in ရရှိတော့မှာပါ…

 

notificationcenter_icon

အဲဒီလိုပဲ Notification Center ကိုလဲ အကြီးစားပြုပြင်ပြောင်းလဲမှုလုပ်ထားပါတယ်…

iOS6 ရဲ့ Notification Center မှာ ရှိသမျှ Notification တွေစုပုံပြထားတဲ့ပုံစံကနေ စနစ်တကျစုစည်းဖော်ပြပေးထားလို့… ပိုမို User Friendly ဖြစ်ပြီး…

စနစ်ကျလာတာကို တွေ့ရပါတယ်…

multitasking_icon

နောက်ထပ်ပြောင်းလဲထားတာတစ်ခုကတော့ Multitasking ပါပဲ…

ပန်းသီးကတော့ သူ့ရဲ့ Multitasking System က ပိုပြီးတော့ Smart ဖြစ်အောင်လုပ်ထားတယ်လို့ဆိုပါတယ်… ဒါကတော့ အမှန်ပါပဲ…

သို့ပေမယ့် နည်းပညာရှု့ထောင့်ကကြည့်ရင်တော့ Multitasking အစစ်တော့မဟုတ်သေးပါဘူး… Uni-tasking

အဆင့်ပဲရှိပါသေးတယ်… ဒီနေရာမှာ အလျဉ်းသင့်လို့ Multitasking နဲ့ Uni-tasking အကြောင်းအနည်းငယ်ပြောလိုပါတယ်…

Multitasking ဆိုတာကတော့ Application တစ်ခု (သို့) Game တစ်ခု Run နေစဉ်မှာ နောက်ထပ် Application တစ်ခု (သို့) Game တစ်ခု သို့တည်းမဟုတ်

တစ်ခုထက်ပိုပြီး အပြိုင်အလုပ်လုပ်နေတာကိုဆိုလိုပါတယ်…

ဥပမာ… ကျွန်ပျူတာတစ်လုံးကိုကြည့်ပါစို့…

Microsoft Excel သုံးနေချိန်မှာ… တပြိုင်ထဲဘေးနားမှာ သီချင်းဖွင့်ထားတာမျိုး… ရုပ်ရှင်ဖွင့်ကြည့်ထားတာမျိုးကိုဆိုလိုပါတယ်…

Uni-tasking ဆိုတာမျိုးကျတော့ Application တစ်ခု (သို့) Game တစ်ခု Run နေစဉ်မှာ နောက်ထပ် Application တစ်ခု (သို့) Game တစ်ခု သို့တည်းမဟုတ်

တစ်ခုထက်ပိုနေသောအရာတွေကို… Freeze Stage မှာ ခဏရပ်ထားပေးခြင်းပါ… တစ်ပြိုင်ထဲ Run လုပ်နေတာမဟုတ်ပါဘူး…

iOS7 ရဲ့ Multitasking ကလဲ အစစ်မဟုတ်နိုင်ပါဘူး… Uni-tasking ဖြစ်ဖို့ ၉၉% ကျိန်းသေပါတယ်…

ဘာဖြစ်လို့လဲဆိုရင်… Multitasking ဟာ Uni-tasking ထက်ပိုပြီး တွက်ချက်မှုများတဲ့အတွက် Power အသုံးပြုမှုများပါတယ်…

iOS ရဲ့ Performance ကို ထိခိုက်ပါတယ်…

နောက်တစ်ခုက ပန်းသီးရဲ့ခံယူချက်အရဆိုရင် Mobile Device တစ်ခုအတွက် Uni-tasking ဟာ လုံလောက်တဲ့ Solutionလို့

ယခုအချိန်အထိခံယူထားဆဲ့ပါပဲ… အဲဒီတော့ Uni-tasking အနေနဲ့ပဲတွေ့ရဦးမှာပါ…

ဆက်လက်ပြီးတော့…

Camera-Safari-Siri

ကင်မရာရယ်… Internet Browser ဖြစ်တဲ့ Safari ရယ်… Assistant ဖြစ်တဲ့ Siri အကြောင်းလေးဆက်ပြောပါ့မယ်…

 

camera_icon

 

ကင်မရာအနေနဲ့ iOS6 မှာအတိုင်းပဲ Video ရိုက်လို့ရနိုင်မယ့်အပြင်… Panorama, HRD ရိုက်ချက်တွေအပြင်…

Filter တွေထပ့်ထည့်ပေးထားတယ်လို့ ဆိုပါတယ်… User Interface ကိုလဲ ပြုပြင်ပြောင်းလဲထားပါသေးတယ်…

Camera

ဒီ Feature ကတော့ ဓာတ်ပုံရိုက်တာနှစ်သက်တတ်တဲ့ iOS User တွေအတွက် ၀မ်းသာစရာပါ…

နောက်အကြောင်းအရာကတော့ Internet Browser ဖြစ်တဲ့ Safari ပါ…

safari_icon

ဆာဖာရီဆိုတာ ပန်းသီးရဲ့ကိုယ်ပိုင် Internet Browser  ဖြစ်ပြီး iDevice တွေပေါ်မှာ အတော်လေးအရေးပါတဲ့ Built-in Application တစ်ခုပါ…

အရင် iOS6 အထိ Safari မှာ Address နဲ့ Search ဟာ သပ်သပ်စီဖြစ်နေပါတယ်… အခု iOS7 မှာတော့ အဲဒီနှစ်ခုကို ပေါင်းပြီး Smart Search ဖြစ်အောင်

ပြုပြင်လိုက်ပါတယ်တဲ့… အဲဒီလိုပဲ Tab တစ်ခုနဲ့တစ်ခု အကူးအပြောင်းပုံစံကိုလဲ ပြုပြင်လိုက်ပါတယ်… နှစ်သက်ရာ Link ကို Share လုပ်နိုင်တဲ့ Function ပါလာတယ်…

ကိုယ့်ရဲ့ Information တွေကို iCloud Keychain ကနေပြီးတော့ 256bit AES နဲ့ Encrypt လုပ်ပေးပြီး လုံခြုံမှုပေးထားတယ်လို့လဲဆိုပါတယ်…

ပိုမိုအသုံးတည့်ပြီး Smart ဖြစ်တဲ့ Safari ဖြစ်လာပါတယ်…

Safari

 

နောက်ထပ် Feature ကတော့ အိမ်ရှင်မတွေသ၀န်တိုမယ့် Feature ပါပဲ… သူကတော့ Siri ပါ…

siri_icon

ဆီရီလို့ခေါ်တဲ့သူမကို iPhone4S နဲ့အတူတူပွဲထုတ်ခဲ့ပေမယ့် ပြီးပြည့်စုံတဲ့အဆင့်အထိမရောက်သေးပါဘူး…

အခုအချိန်မှာတော့ iOS6 မှာ Siri ကိုပြုပြင်မှုတွေအများကြီးပြုလုပ်ထားပါတယ်… အဲဒီလိုပဲ iOS7 မှာတော့ ပိုမိုအကူအညီရတဲ့…

ဆွဲဆောင်မှုရှိတဲ့အသံပိုင်ရှင်လေး Siri ကို ပုံစံတမျိုးနဲ့တွေ့မြင်ရပါမယ်…

Siri1

မနက် အိပ်ယာနှိုးပေးဖို့တာဝန်ပေးလို့ရတဲ့ Siri…

ရာသီဥတုအခြေအနေမေးတဲ့အခါ… မိုးရွာနိုင်ရင်… မိုးကာအကျီ င်္မမေ့ဖို့သတိပေးတတ်တဲ့ Siri…

ပြင်ပအပူချိန်ကိုမေးတဲ့အခါ… စိတ်ပျက်လက်ပျက်အသံနဲ့ ပူလိုက်တာ… အရမ်းအေးနေတယ်… စသည်ဖြင့် ပြန်ပြောတတ်တဲ့… Siri…

Siri2

လိုအပ်တဲ့အချက်အလက်တွေကို အင်တာနက်ပေါ်မှာ မငြီးမငြူရှာပေးတတ်တဲ့ Siri ကို ပုံစံတမျိုးနဲ့ ထပ်တွေ့မြင်ရဦးမှာပါ…

Siri ကူညီပေးနိုင်မယ့်အရာတွေလဲ အရင်ကထက်ပိုများလာဦးမှာပါ…

 

မပြောမဖြစ်ပြောရဦးမယ့် Function တစ်ခုကတော့ Photo ပါပဲ…

photos_icon

iOS7  ရဲ့ Photo Application က အရင်တုန်းက ဓာတ်ပုံတွေစုပုံနေတဲ့ပုံစံကနေ အတော်လေးပြုပြင် အဆင့်မြှင့်တင်ထားပါတယ်…

ဓာတ်ပုံရိုက်ကူးထားတဲ့နေရာ… အချိန်နဲ့… သက္ကရာဇ်တွေအတိုင်း Apple ရဲ့ Location Service ကိုသုံးပြီးတော့ ဓာတ်ပုံတွေကို စုစည်းပေးထားမှာပါ…

အတော်လေးလှပအဆင့်မြင့်တဲ့ပုံစံလေးပါ…

Photo1

ရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့ ပျော်စရာကောင်းတဲ့မမေ့နိုင်တဲ့ ပုံရိပ်တွေကို iCloud ကနေ iOS အသုံးပြုသူအချင်းချင်း ဝေမျှခံစားနိုင်မှာလဲဖြစ်ပါတယ်…

Photo2

 

ထပ်မံအဆင့်မြှင့်လာတဲ့ Function နောက်တစ်ခုက Air Drop ပါ…

airdrop_icon

ပန်းသီးပြောပုံကတော့ အကုန်လုံးပစ်ချမယ်တဲ့…. Air Drop, Drop Everything ဆိုပဲ…

ဓာတ်ပုံတွေ ဖိုင်တွေကို iCloud မှာသိမ်းမယ်… Facebook, Twitter ကိုတင်မယ်… Contact ပုံတွေလုပ်မယ်…

အဲ့လိုပဲ Air Play Support လုပ်တဲ့ TV တွေ… ရေခဲသေတ္တာတွေ… အဲ… ရေခဲသေတ္တာမပါဘူး… Media Device တွေကနေတဆင့်…

ထုတ်လွှင့်တာမျိုးတန်းလုပ်နိုင်မယ့်အပြင်…

Wifi နဲ့ Bluetooth ကနေ ဖိုင်တွေရှယ်ယာလုပ်ကြဖို့အဆင့်အထိ ရည်ရွယ်ထားတယ်ဆိုပါတယ်…

AirDrop

 

iOS7 ရဲ့အထူးခြားဆုံး Function ကတော့ iRadio ပါပဲ…

itunesradio_icon

FM Radio ကို iPhone မှာမတွေ့ရပါဘူး… ပန်းသီးကတော့ ဒိတ်အောက်နေတဲ့နည်းပညာကို သူ့ရဲ့ iPhone မှာ မထည့်ဘူးလို့ဆိုခဲ့ပါတယ်…

အခုတော့ ခေတ်မီတဲ့ အင်တာနက် Radio စနစ်ကို ပန်းသီးက ခြေစလှမ်းတယ်လို့ထင်ပါတယ်… iTune Store မှာ Internet Radio Line တွေခေတ်စားလာဦးမယ့်…

အခြေအနေပါ…

iRadio

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နာမည်ကျော် iTune Store ကိုလဲ Update လုပ်ထားပါတယ်…

appstore_icon

iTune Store ဟာ သီချင်း၊ ရုပ်ရှင်၊ စာအုပ်၊ Application နဲ့ Games ရွေးချယ်စရာများပြားခြင်း၊ အသုံးပြုရလွယ်ကူခြင်းတို့ကြောင်း နာမည်ရသော အသုံးပြုသူများ

နှစ်ခြိုက်သော Online Store တစ်ခုဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး… အခုအချိန်မှာတော့ အသစ်ထပ်ထည့်လိုက်တဲ့ Function ကြောင့် User တွေ ပိုမိုအကြိုက်တွေ့

စေမှာပါ…

အဲဒါကတော့ App Near Me ပါ… ဥပမာ… အသုံးပြုသူက တခြားနိုင်ငံတစ်နိုင်ငံကိုရောက်သွားမယ်ဆိုပါစို့…

ပဲရစ်ကိုရောက်သွားရင်… ပဲရစ်နဲ့ဆိုင်တဲ့ Application တွေ၊ လန်ဒန်ကိုရောက်ရင် လန်ဒန်နဲ့ဆိုင်တဲ့ ခရီးသွားလမ်းညွှန်တွေကို သီးသန့်ရှာဖွေတင်ဆက်မှာပါတဲ့…

ပန်းသီးရဲ့ Location Service ကိုသုံးမှာဖြစ်ပါတယ်…

AppStore

ဒါဟာ အသုံးပြုသူတွေရော… ရောင်းချသူတွေအတွက်ပါ… အလွန်အသုံးတည့်တဲ့ Function တစ်ခုဆိုတာ မငြင်းနိုင်ပါဘူးခင်ဗျာ…

 

Mobile Device ဆိုတာ ပျောက်တတ်တဲ့ပစ္စည်းပါ… မေ့ကျန်လွယ်တဲ့ပစ္စည်းဖြစ်သလို… iPhone လို တန်ဖိုးကြီးအဆင့်မြင့် iDevice တစ်ခုအတွက်

ခိုးယူခံရဖို့ ရာခိုင်နှုန်းလဲများတဲ့ပစ္စည်းတစ်ခုပါ…

အဲဒီအတွက် ပန်းသီးက ပျောက်ဆုံးသွားလျှင် ပြန်ရှာရနိုင်မယ့်နည်းလမ်းနဲ့ Application တစ်ခုကို ထည့်သွင်းခွင့်ပေးထားပါတယ်… အဲဒါကတော့

Find My iPhone ပါတဲ့…

find_my_iphone_icon

ဒီရေဒါပုံ Software လေးကတော့ ပျောက်ဆုံးသွားတဲ့ iPhone တွေကို ပြန်ရှာပေးမယ့်ဆော့ဝဲပါ…

Find

ပန်းသီးရဲ့အဆိုအရတော့… ဖုန်းထဲမှာရှိတဲ့ အရေးကြီးအချက်အလက်တွေကို အဝေးကနေပြီးဖျက်ပစ်နိုင်သလို… ဖုန်းရဲ့ Lock Screen မှာ ပျောက်ဆုံးသွားတဲ့ဖုန်း

ဖြစ်ကြောင်းလဲ ကြေငြာနိုင်ပါတယ်တဲ့… အဲဒီအပြင် တခြားသူတစ်ဦးက ဖုန်းကို Reactivate ပြန်လုပ်ဖို့အတွက် အရင်ဆုံး Activate လုပ်ခဲ့တဲ့ ပန်းသီးရဲ့

ID ပြန်လိုမှာပါတဲ့… အဲဒီတော့ ဖုန်းက ပြန်ရသည်ဖြစ်စေ… ပြန်မရသည်ဖြစ်စေ… ဘယ်နေရာပဲရောက်ရောက်… ကိုယ့်ရဲ့ဖုန်းပဲအမြဲဖြစ်နေဦးမယ်လို့ဆိုပါတယ်…

 

ပန်းသီးရဲ့ iOS7 Feature တွေကို တ၀ကြီးဖတ်လိုက်ပြီးတဲ့နောက်မှာ… ကိုယ်ပိုင်ဆိုင်ထားသော iPhone တွေမှာရော ဒီiOS7 ကို Update လုပ်နိုင်မှာလားဆိုတဲ့

မေးခွန်းတစ်ခုဖြစ်လာပါတယ်…

iOS7 for iDevice

 

 

 

 

 

 

ပန်းသီးကတော့ iPhone 4 နဲ့အထက်… ၄လက်မ Screen Size ရှိတဲ့ iPod Touch နောက်ဆုံး ထုတ်ကုန်… iPad 2 နဲ့အထက်အပြင်

iPad Mini တွေကိုတော့ Support ပေးပါမယ်လို့

ကတိပေးသွားခဲ့ပါတယ်…

iPhone 3Gs အောက်နဲ့ iPad ပထမမျိုးဆက်တွေ၊ iPod Touch အစောပိုင်းမျိုးဆက်တွေအားလုံးကိုတော့ ထပ်မံ Support မပေးတော့ပါဘူးတဲ့…

ကိုယ့်ရဲ့ iDevice ကို လဲလှယ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်းလဲ သံချောင်းခေါက်လိုက်သလိုပါပဲ…

 

နောက်ဆုံးပြောချင်တာတစ်ခုကတော့…

၂၀၁၄ ခုနှစ်မှာ ပန်းသီးက ကားမောင်းတဲ့သူတွေအတွက် iOS Function အသစ်တစ်ခုကို ထပ်မံထုတ်လုပ်ပါမယ်ဆိုတဲ့အကြောင်းပါ…

သူကတော့ iOS in Car လို့ လောလောဆယ်အမည်ပေးထားပါတယ်…

ကားတွေမှာပါလာတဲ့ Display တွေကို iPhone နဲ့ချိတ်ဆက်ပြီး… လမ်းကြောင်းပြခိုင်းတာ… ဖုန်းခေါ်ဆိုမှုတွေ… SMS ပို့တာတွေအပြင်…

ခရီးလမ်းရဲ့ ရာသီဥတုအခြေအနေတွေကိုပါ… Siri ကနေပြန်လည်ဖြေကြားရင်း တစ်ယောက်ထဲကားမောင်းချိန်မှာ အထီးမကျန်အောင်…

ကူညီပေးမယ်လို့ ဆိုပါတယ်…

iOS in Car

ဒါဟာ တခြားသော Mobile OS ထုတ်လုပ်သူတွေအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကောင်းဖြစ်လာမှာပါ…

iOS7 ထွက်ရှိခြင်းဟာ… Experian ရဲ့လေ့လာဆန်းစစ်မှုအရ… အမေရိကမှာနေတဲ့ iPhone User တွေဟာ Android User တွေထက်

ဖုန်းနဲ့ကုန်တဲ့အချိန်ပိုများတယ်လို့ဆိုပါတယ်…

ဒီမှာဖတ်ပါ…

iOS7 ဟာလဲ iPhone User တွေကို ဖုန်းနဲ့ အချိန်ပိုကုန်စေဖို့ ပိုဖြစ်လာမှာပါ…

iOS7 ထွက်ပေါ်လာသလို Android ကလဲ သူ့ရဲ့မျိုးဆက်သစ် 5.0 ကို ထုတ်လုပ်ဖို့ ဆိုင်းပြင်းနေပါပြီ…

iWatch ထွက်ပေါ်လာဦးမယ်လို့ ကောလဟာလတွေထွက်နေသလို… Google ကလဲ သူ့ရဲ့ Google Glass (မျက်မှန်)ကို ဈေးကွက်တင်

နေရာယူဖို့ ပြုလုပ်နေပါတယ်…

Tim Cook

 

 

 

 

 

 

 

 

 

 

 

တစ်ဆက်ထည်း Google Glass နဲ့ပတ်သက်ပြီး ပန်းသီးရဲ့ CEO Tim Cook က D11 Conference မှာ ပြောတဲ့စကားလေးတွေကို

မှတ်မှတ်ရရထည့်ပေးလိုက်ပါတယ်…

 

“I wear glasses because I have to. I don’t know a lot of people who wear them because they don’t have to.”

“I think from a mainstream point of view, glasses are risky,”

သူလဲမျက်မှန်သမားပါ… မတပ်မဖြစ်လို့တပ်ပါတယ်… လူတော်တော်များများထဲမှာ ဘယ်သူတွေက မျက်မှန်တပ်စရာမလိုပဲတပ်ချင်မလဲဆိုတာ

သူမစဉ်းစားတတ်ပါဘူးတဲ့… ခေတ်ရေစီးကြောင်းအမြင်အရတွေးမယ်ဆိုရင်တော့ မျက်မှန်တွေထုတ်တာ အတော်လေးစွန့်စားရာရောက်ပါတယ်…

 

ဇာတ်လမ်းစုံကတော့ ဒီမှာပါ…

ကျွန်တော်တို့လို iDevice ချစ်ကြသူတွေ… iOS ကို ခုံမင်ကြသူတွေအတွက် iOS7 က ပိုမိုပြီးပြည့်စုံတဲ့ Mobile OS တစ်ခုဖြစ်လိမ့်မယ်ဆိုတာ

မလွဲမသွေပါပဲခင်ဗျာ…

iOS 6.1.3 နောက်ပိုင်းမှာ jailbreak User တွေအတွက် အခက်အခဲတွေရှိလာပြီး… Jailbreak Developer တွေကလဲ iOS7 ကိုစောင့်မျှော်နေတယ်လို့

သတင်းတွေထွက်ပေါ်လာတာကြောင့် iOS7 က မျှော်ရကျိုးနပ်တဲ့ OS ဖြစ်လာမှာပါခင်ဗျာ…

 

ခင်မင်လျက်-

Cat on Phone

 

 

 

ကြောင်ဝတုတ်၊ ၂၀၁၃

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...