ဒီရက် ပိုင်း အတွင်း မဟာ ဖေ့ ဘွတ် တော် ကြီး မှာ ကျွတ်ကျွတ် ညံ နေတဲ့ အမျိုးစောင့် ဥပဒေ ဆိုတဲ့ ကိစ္စ တစ်ခု ကို စိတ်ထဲ အီလည်လည် ဖြစ် မိလို့ ရွာထဲ ချ ရေး လိုက် ရ ပါ တယ်။ မှော် ဘီ သံဃာ့ အစည်း အဝေး မှာ သဘော တူတယ် ဆိုလား ၊ မတူ ဘူး ဆိုလား ၊ ဧရာ ၀တီ လိမ် တယ် ဆိုလား ၊ ဖ တ် ရင်း နဲ့ ကို မူးနေတာ ပဲ။ ကိုယ်က ပဲ စာဖတ် ရှမ်း လေ သလား မသိ ၊ သံဃာ့ အစည်း အဝေး က သဘောတူ ညီ ချက် ဆိုတဲ့ အထဲ မှာ ၉၆၉ ဆိုတဲ့ စကား လုံး ကို သာသနာ ညှိုး နွမ်း စေတဲ့ နေရာ မှာ မသုံး ရဘူး လို့ တွေ့ လိုက် မိပေမယ့် အမျိုးစောင့် ဥပဒေ ဆိုတာ မတွေ့ လိုက် မိ သလို ပဲ။ ထား ပါတော့ လေ…. ပြောချင်တာ က အိမ် ထောင် သား မွေးဥပဒေ ကို ရေး တဲ့ သူ တွေက အိမ်ထောင် သားမွေး ကိစ္စ နဲ့ လုံးလုံး မအပ်စပ် တဲ့ ဘုန်း ကြီး အချို့ ဖြစ်နေ တာ က ကြား ရတာ နားဝ မချမ်း မသာ ဖြစ် နေရ တယ်။

အဲဒါ ကို အစ ဆွဲ ထုတ် တဲ့ သူတွေ က ဆွဲ ထုတ် ၊ ထောက်ခံတဲ့ သူတွေ က အကြီး အကျယ် ထောက်ခံလို့ ။ တွေ့ ရ သလောက်တော့ ထောက်ခံ တဲ့ သူ အများစု က ပုရိသ တွေ များ နေတယ်။ ထောက်ခံ မှာပေါ့ သူတို့ကတော့ ကင်း လွတ် ခွင့် ရ တာ ကိုး။ ဘာ တဲ့…… ပေ့ခ်ျ တစ်ခု မှာ ဖတ်လိုက် ရတာ ဘာသာ ခြား နဲ့ လက် ထပ်တဲ့ မိန်း ကလေး ၆၀ ရာ နှုန်း တောင် ရှိနေပြီ ဆိုပဲ။ တကယ် သာ အဲလောက် ရှိ ရင် မြန် မာပြည် တော်တော် အခြေနေ ဆိုး နေပြီ ပဲ။ ဒီလို ဥ ပဒေ ပြ ဌာန်း ရုံ နဲ့ မရ တော့ ဘူး နော။ ဘာနဲ့ တူလဲဆိုတော့ ကင်ဆာနဲ့ သေခါနီး လူ မာ ကို ကွမ်း ရွက် ပြုတ် ရည် လေး သောက် လိုက် ပါ အုံး ဆို သလို ဖြစ်နေပြီ။ ဆို လို တာက မိန်း ကလေး ၁၀ ယောက်မှာ ၆ ယောက်လောက် ဘာသာခြား နဲ့ လက် ထပ်နေတယ် ဆို ရင် နိုင် ငံတော် အဆင့် အရေး ပေါ် အခြေ အနေ သတ်မှတ် ရ တော့ မှာပေါ့။

ဥပဒေ ပြ ဌာန်း လိုက် ရုံ နဲ့ လိုက် နာ ကြ ပြီ တဲ့ လား ။ မြန်မာ ပြည် မှာ ရှိ ပြီး သား ဥ ပဒေ တွေ ကိုတောင် တိတိ ကျကျ လိုက်နာ ကြ လို့ လား ။ မြန်မာ ပြည်က ဥပဒေ ဆိုတာတွေ ကလည်း သားရေ ကွင်း အလား ( ကိုရင် ရာမည ရဲ့ သားရေကွင်း မဟုတ်) လို တစ်မျိုး၊ မလို တစ်မျိုး အမျိုးမျိုး ကျုံ့ နိုင် ဆန့် နိုင်  ဆို တော့ အဲဒီ ဥ ပဒေ များ ပြ ဌာန်း ပြီး သွား ရင် ဗုဒ္ဓ ဘာသာ ဖြစ်ကြောင်း ထောက်ခံ ချက် တစ် စောင် ဘယ် နှစ် ပုန်း ပေါက်ဈေး ရှိတယ် ဆိုပြီး ကိုင် ရတဲ့ သူတွေ တော့ ထော ကြော ပဲ။

ဆိုတော့….. အစွမ်း ကုန် သဘော တူ နေကြ တဲ့မဟာပုရိ သ တို့ အတွက် လည်း ညီတူ ညီ မျှ ဖြစ်သွားအောင် ဗုဒ္ဓ ဘာသာ ဆိုတာ သက်သေ ပြနိုင် ဖို့ အတွက် သတို့ သားလောင်း တွေ လက်ထပ် စာချုပ် မှာ လက် မှတ် မထိုး ခင် ကျမ်း ကျိမ် ရင်း တဆက်တည်း ပရိတ်ကြီး ၁၁ သုတ် အလွက် ရွက် ပြ ခိုင်း ၊ အ၀ိဇ္ဇာ နဲ့ တဏှာ ကြောင့် ခန္ဓာ ၅ ပါး ဖြစ် ရ ပုံ ၊ သစ္စာလေး ပါး ကို ဘယ်ဟာ က ပယ်ရမယ် ဘယ် ဟာ က ဆိုက် အောင် ကျင့် ရ မယ် ဆိုတဲ့ ပဋိစ္စသမုပ္ပါဒ် အကျဉ်း လေး ရှင်း ခိုင်း ပြီး မှ ဗုဒ္ဓ ဘာသာ ၀င် စင်စစ် ဖြစ်ကြောင်း အသိ အမှတ် ပြု ပြီး လက်ထပ်ခွင့် ပေး ဖို့ ဥပဒေ မှာ ထပ်မံ ဖြည့် စွတ် ချင် ပါတယ်။

ဒီလို ဆို ပြန်တော့ နောက် ထပ် အရေး ကြီး တဲ့ တစ်ချက် ထပ် ထည့် ချင် သေး ရဲ့။ တချို့ ဘုန်းဘုန်း တွေ ၀ါ တော်တော် ရပြီး မှ ကိလေသာ အပူတော ကို ခုန်ဆင်း ကြတာ ကြုံ ဖူး ရဲ့ ။အရင် က ကြား ရုံ ပဲ ကြား ဖူး ပြီး ခု နောက် ပိုင်း ၂ ဦး တွေ့ ဖူး သွား ပြီ။ ၀န်ထမ်း လုပ်တုန်း က ကြုံ ခဲ့ ဖူး တဲ့ အမျိုး သမီး တစ်ဦး မကြာ ခဏ သီလရှင် ၀တ်လိုက်၊ တရား စခန်း ၀င် လိုက် နဲ့ သဒ္ဒါ လွန်၊ တဏှာ ကျွံ ပြီး သကာလ အဆုံး မတော့ တရား ပြတဲ့ ကိုယ်တော် ပါ အိမ် အပါ ခေါ် လာခဲ့ တယ်။ ငယ်ဖြူ ကိုယ်တော် လူ ထွက် ခမျာ ဘာမှ မလုပ်တတ် မကိုင်တတ် နဲ့ သား ကြွေး မှု မယားကျွေး မှု ကြုံ လာတော့ ဆံ ပင် ညှပ် ဆရာ ဖြစ် ရ ပါလေရော။ ( မယုံ ရင် ကျမ လုပ်ခဲ့ တဲ့ ရုံး မှာ စုံစမ်း နိုင် ပါ တယ်၊ အရင် ပိုစ့် မှာလည်း အဲဒီ ရုံးက အမျိုး သမီး တစ်ယောက် ဘာ သာပြောင်း ရ တဲ့ အကြောင်း ရေး ဖူး တယ်။)

နောက် တစ်ဦး ကတော့ ဒီ တစ်ခေါက် ရန်ကုန်ပြန်ရင်း သိခဲ့ ရ တာ ပဲ။ ယောက်ျား ဘက်က ကြီးတော် အပျို ကြီး တစ်ယောက် စာသင်သား ဦးဇင်း တစ်ပါး ကို ငယ်ငယ် ကိုရင် လေး ဘ၀ တည်း က ပစ္စည်း လေး ပါး ထောက်ပံ့ ၊ အရွယ်ရောက်တော့ ရဟန်းအမ ခံ လို့ နောက်ဆုံး ဝေဘာဂီ ဆေး ရုံ နား မှာ ကျောင်း ပါ ဆောက်ပြီး လှူ ခဲ့ တယ်။ တစ် ဆွေလုံး တစ်မျိုး လုံး မြေကြီး သယ်၊ မဆလာ ရွက် လို့ လုပ်အား အလှူ ပါ ထည့် လို့ ပျော်ပျော် ပါးပါး ကြီး လှူ ကြတယ်ပေါ့။ ကြီးတော် ကြီး လည်း အမေဒစ်ကား မှာ ဆူရှီ လိပ်လို့ ရ သမျှ ( ကျန်တဲ့ တူ၊ တူ မတွေ တော့ မသိ၊ ကိုယ်တွေ တော့ ၅ပြား တစ်စေ့ တောင် မရ ဖူးဘူး ) သူ့ ဦးဇင်းလေး လို သမျှ ဖြည့် ဆည်း ပေး ခဲ့ တယ်။ ဒီတခေါက် ကြီး တော် ကြီး ရောက် နေတာ နဲ့ ကြုံ တော့ သူ့ ဦးဇင်းလေး ဘာ ဘွဲ့ တွေ ရပြီ လည်း စကား စပ်မိတော့ မှ ကြီးတော်ကြီး လှူ ထားတဲ့ ထဲက ရွေ့ပြောင်း နိုင်တဲ့ ပစ္စည်း တွေ မ ပြီး အိမ်ယာ ထူတောင် ပြီး လို့ သားသမီးတွေ တောင် ပွား စီး နေပါ သတဲ့။ ကြီးတော် ကြီး မှာ ရှက်လည်း ရှက် ၊ ယူကြုံး မရ အပူ လုံး ကြွ လို့ အိပ်ရာ ထဲ တောင် လဲ ရတာ ခု မှ နလံ ထ တယ် ဆိုပဲ။

ဒီတော့ ယူ စရာ ယောက်ျား အတော် ရှား လို့ ဘုန်း ဘုန်း တွေ ကို မှ ဖျာရောင်း တဲ့ သကောင့် သမီး တွေ ကို သာသနာ ဖျက် မတွေ အနေနဲ့ ပြင်း ပြင်းထန် ထန် အရေးယူအပြစ် ပေး သင့် ကြောင်း ၊ ဘယ် လို အပြစ် လဲ ဆိုရင် ရာသက်ပန် သတ်သတ်လွတ်စား ခိုင်း ၊ ဥပမာ .ငှက်ပျော သီး ၊ ခရမ်း သီး ၊ မုန်လာဥ၊ ပြောင်း ဖူး၊ ကြက်ဟင်း ခါး သီး တွေ ပဲ စား ရ မယ် ။

အလှူ ရှင်တွေ ရဲ့ ယုံ ကြည် မှု ကို အလွဲ သုံး စား လုပ်လို့ မာတုကာမ တွေ ဖျာရောင်း တဲ့ နောက် လိုက် လို့ လူထွတ် တဲ့ ဘုန်းဘုန်း တွေ ကို တော့ ကုန်းကုန်း တွေ လုပ် ပစ် ။ ဒီ လို ဆို ဥပဒေ ပို ပြည့် စုံ သွား မယ် လို့ ထင်မိတယ်။

ဒီ အချက် တင် မက ပါဘူး ဖေ့ ဘွက် ၀င် ဖတ်လိုက် တိုင်း အကုသိုလ် တွေ ဖြစ်ရ ပြီး ပြောချင်တာတွေ တန်း စီ နေပေမယ့် ပြော ပြန်ရင်လည်း ကြိမ်းသေပေါက် ကုလား မယား လို့ ပြော ခံ ရ မှာသေချာနေတယ်။ အဲ တော့ အိမ် က လူကြီး ငယ်ထိပ် ကြိမ်း မယ့် အရေး တွေး လို့ ( ခေါင်း ပေါ် က ငယ် ထိပ် ) ဒီလောက် နဲ့ ပဲ ရပ် ပါ တော့ မယ်။ ရေး ခဲ့ တဲ့ အကြောင်း အရာ ၂ ရပ် က အမှန် များ ဖြစ် လို့ အတော် တော့ လက် ခံ ရ ခက် ပါ လိမ့် မယ် ။

ဆိုတော့ ….. အခု အတည် ရေး ပါမည်။ ကိုယ် တိုင် အတွေ့ အကြုံ များ ဖြစ် သည့် အတွက် ကိုယ် ရည် သွေး များ ပါနေခဲ့ ရင် လို အပ် လို့ ထည့် ရေး ရတဲ့ အတွက် သည်း ခံ ဖတ်ရှု ကြ ပါ ကုန်။

ကျမ ၁၀တန်း အောင်တော့ ၀ိဇ္ဇာ ၊ သိပ္ပံ နှစ်ခု စပေါင်း တဲ့ နှစ်  ၅ဘာသာ( တကယ်ကဟို မရောက် ဒီ မရောက် ၉ ဘာသာ) ဖြေ ရ တဲ့ ထဲ မှာ အင်္ဂလိပ် စာ က လွဲ လို့ ဂုဏ်ထူး ၄ ခု ပါတယ်။ မြန်မာစာ အပါဝင် မြန်မာ လိုရေး ထားတဲ့ ဘာသာတွေကို ကျူရှင် မတတ်၊ အလွတ် မကျက် ပဲ ပုံနှိပ် စာအုပ် နဲ့ ၊ သူငယ်ချင်းတွေ ဆီက အထူးထုတ်တွေ ငှား ပြီး (ကိုယ်တိုင် မ၀ယ် နိုင်လို့ ) နား လည်အောင် သေချာ ဖတ် ၊ မှတ်သင့် တာ မှတ် ၊ ကျက် ဖို့ လို အပ်တာ ကို မှ ကျက် ပြီး သက်သက်သာသာ ပဲ ဂုဏ် ထူး တွေ ရခဲ့ တယ်။ အဓိက က ငယ်ငယ် ထဲက စာဖတ် ၀ါ သနာ ပါခဲ့တဲ့ အကျိုး ပါ ။ စာ စဖတ် တတ် စ ထဲက တွေ့ သမျှ စာတွေ မလွတ်တန်း ဖတ်လေ့ ရှိတယ်။ တော မှာ နေ ခဲ့ တဲ့ ငယ် ဘ၀ တလျောက် မိဘတွေ ၀ယ် ပေး တဲ့ စာအုပ် မျိုး စုံ နဲ့ မွေ့လျော် ခဲ့ တယ်။ ၃ တန်း နှစ် မှာ မိုးမိုးအင်း ယား ရဲ့ညီမလေးက အချစ်ကို ကိုး ကွယ် သတဲ့ လား ၊ ဆရာ မြ သန်း တင့် ရဲ့ ဓားတောင် ကို ကျော် ၍ မီးပင်လယ်ကို ဖြတ် မည် စတဲ့ ၀တ္ထုတွေ က အစ ဆရာဝန် တင် ရွှေ ရဲ့ ညာဏ်စမ်း ပဟေဠိ ၊ ဦးကြီး ပု ရဲ့ ချက်နည်း ပြုတ် နည်း အလယ်၊ ဓမ္မပဒ အတွဲ လိုက် နဲ့ ပရိတ်ကြီး ၁၁ သုတ် ဖြစ်ပေါ် လာပုံ နဲ့ အကျိုး ကျေး ဇူး စတဲ့ ဘာသာရေး နဲ့ ဆိုင်တဲ့ စာအုပ်တွေ အဆုံး စာ ပေါင်း စုံ အောင် ဖတ်တတ်နေပြီ။ ၄ တန်း နှစ် ရန်ကုန် မှာ ကျောင်း လာ တတ်တော့ အဖိုး စာအုပ်စင် က စွယ်စုံ ကျမ်း စီးရီး လိုက် ကို အကြိုက်တွေ့ ခဲ့ ရတယ်။ နောက်ပြီး မိဘ ၊ အထူး သဖြင့် အဖေ ရဲ့ သွန်သင် မှုက အတင်း အကြပ် ပုံ သွင်း တာ မျိုး မဟုတ် ပဲ ၊ လုပ် သင့် တာ မလုပ် သင့် တာ တွေ ကို နား လည် အောင် ရှင်း ပြပြီး အဲ ဒီ အရွယ်ထဲ က ကိုယ် တိုင် စဉ်းစား ဆုံး ဖြတ်တတ်အောင် လေ့ ကျင့် ပညာ ပေး ခဲ့ တယ်။ အကျိုး ဆက် က အရာရာ ကို တွေး တော ဆင် ခြင် ပိုင်း ခြား တတ် သလို ၊ ပေါ့ပေါ့ နေ ပေါ့ ပေါ့ စား မဖြစ်တော့ ဘူး။ ဖခင် ကွယ်လွန် သွား ပြီး ဆယ်ကျော် သက် အရွယ် မှာ ရွယ် တူ တွေ ထက် စာရင် ပို ရင့် ကျက် ခဲ့ တယ်။ အရာရာ ကို သတိ နဲ့ ကြည့် တတ် တယ်၊ လူကဲ ခတ် တတ် တယ်၊ အရိပ် သုံး ပါး နား လည် တယ်။ သစ်ရွက် လှုပ် တာ လည်း မရီ ခဲ့ သလို လက်ဖက် ရည် ဆိုင် ရှေ့ ဖြတ် လျှောက် လို့ လည်း ခြေ လှမ်း မမှား ခဲ့ ဘူး။

ဆို ခဲ့ သလို ဂုဏ်ထူး တွေ အများ ကြီး နဲ့ အောင်ပြီး ပြီ ဆို တော့ မုဆိုး မ အမေရဲ့လုပ်စာ က မတ်တပ် စာ အပြင် ၊ တုံး လုံး စာ မရှိ ၊ အ၀တ် အစား ဆို တာ အဒေါ် တွေ စွန့် ကြဲ တဲ့ အကျ တွေ က လွဲ ရင် နတ္ထိ၊ ပိုဆိုး တာက ဘယ် တက္ကသိုယ် ကြီး ပဲ ၀င်ဝင် အမေ ထား ပေး နိုင်မှာ မဟုတ် တာ သေချာ နေတဲ့ အတွက် အဲ ဒီ အချိန် မှာ ခေတ် စား ကာစ study guide အလုပ် ကို လုပ် ရ တယ် ။ ကိုယ် လုပ်မိတဲ့ အလုပ် တစ်ခု မှာ နေရာ တစ်ခု သို့ မဟုတ် နာမည် တစ်ခု ကျန်အောင် လုပ်တတ်တာက ကျမ အကျင့် ၊ ဒီတော့ အသင်အပြ ကောင်း၊ ဆက်ဆံ ရေးကောင်း ၊ တပည့် တွေ ကို စည်း ရုံး နိုင် ပြီး အောင်ချက်ကောင်းစေ တဲ့ ဆရာမ ချောချော လေး လည်း နာမည်ကြီး လို့ လက်ဖျား ငွေသီး လာပြီ ပေါ့ ။

ဘာကြောင့် ကိုယ် ရည် တွေ သွေး နေ ရ သလဲ လို့ အတွေး မပွား ပဲ ဆက် ဖတ် စေချင် ပါတယ်။ study guide အလုပ် ဆို တာ ကိုယ့် ကို ကိုယ် ကြော် ညာ လို့ မရ ဘဲ တစ်ယောက် ကနေ တစ်ယောက် လက်ဆင့် ကမ်း လို့ သတင်း မွှေး စေ ပြီး မှ တပည့် တွေ ဆက်ရတဲ့ အလုပ် မျိုး ။ အဲ ဒီ မှာ မူ ဆလင် တပည့် လေး တစ်ယောက် က စလိုက်တာ နှစ်စဉ် ကျမ ရဲ့ တပည့် တစ်ဝတ် လောက်က မူ ဆလင် တွေ ချည်း ဖြစ်နေတယ်။ မဆလာစက် ၊ ကန်တော် လေး တကြော မှာ ၊ စာသွားသင် ရတဲ့ အိမ်တွေ ဆိုတာ တစ်အိမ် တတ် တစ်အိမ် ဆင်း လို့ ခြေရာ ချင်း ထပ်အောင် သွား ခဲ့ ဖူး ပါတယ်။ ချောချော လှလှ ၊ ထက်ထက်မြတ်မြတ် ဆရာမလေး ကို သဘော ကျ ကြ တဲ့ မိ ဘ တချို့ က သိသိ သာသာ တစ်မျိုး၊ မသိ မသာ တဖုံ စကား ဆို ကြတယ် ။

ဆရာ မလေး ကို လေ ….ဘာသာ သာ တူ ရင် ကျမ သား အကြီးကောင် အတွက် ဆရာမလေး မိဘတွေ ဆီမှာလာတောင်း တယ် သိလား ဆို တာက တစ်မျိုး၊
တီချယ် ရေ …တီချယ့် ကို သမီး ဦးလေး က အရမ်း သဘော ကျနေတာ ၊ သူက ဘယ် မိန်း ကလေး ကို မှ တော် ရုံ စိတ် ၀င်စား တာ မဟုတ် ဘူး၊ တီချယ့် ကို ကျ မှ အရမ်း ကြွေနေတာ၊ ဘာသာ မတူ လို့ ဖွင့် မပြော ရဲ ဘူး တဲ့ ဆို တာ က တနည်း ၊

ဆရာမရေ …ဆရာမ တပည့် ကတော့ ဆရာမ စကား ပဲ နား ထောင်တာ ၊ ဆရာမ ဆီ မှာ ပဲ တသက်လုံး အတွက် အပ် ချင် တာ၊ ကျ မ တို့ ချမ်း သာ သမျှ ကလည်း သူ့ အတွက် ချည်း ပဲ ဆို တာ က တစ်ဖုံ

သို့ ကလို အပြော တွေ ကို ပြုံး ပြုံး လေး နဲ့ မသိယောင် ဆောင် ကျော် ဖြတ် လို့ ၊ မိတ်လည်း မပျက် စေ ရပဲ ကိုယ့် ကိုယ် ကို မယိမ်း မယိုင် ထိန်း သိမ်း နိုင်ခဲ့ တယ်။
ဒီ နေ ရာ မှာမိန်း ကလေး တစ် ဦး တည်း သွား လာ ရ တဲ့ အတွက် ကိုယ့် အန္တရယ် ကိုယ် ကာ ကွယ် ဖို့ အသိဥာဏ် လက် နတ် အပြင် လက် နဲ့ ခလုတ် တွန်း ဖွင့် ရ တဲ့ ဓား လေး တစ်လက် ကလည်း ကိုယ် နဲ့ မကွာ အိတ် ထဲ အမြဲ ပါနေတတ် တာတော့ ဘယ်သူ မှ မသိဘူး ပေါ့ ။

တကယ့် တကယ် ရင် ခုန် ဘက် ကို ကျောင်းတော် ကြီး မှာတွေ့ တော့ ရုပ်ဆိုးဆိုး ၊ ဘိုင်ကျကျ ဒီလူ နဲ့ စကား ပြော ကြည့် တာ နဲ့ ဒီလူ ဟာ အမှီ အခို မရှိပေ မယ့် ကိုယ့် ဘ၀ ကို တိုးတတ်အောင် ကြီုးစား နိုင်တဲ့ သူ ၊ ကိုယ့် ကို မေတ္တာ စစ် နဲ့ အရူး အမူး ချစ် မဲ့ သူ လို့ ခွဲခြား သုံး သပ် နိုင် ခဲ့ တဲ့ အတွက် ချစ်ခွင့် ပန်သူ အများ ကြီး ထဲ က မှ ရွေး ခြယ် ခဲ့ တယ်။ အဖြေ မပေး ခင် နောက် ဆုံး ဗျူး ခဲ့ တဲ့ မေး ခွန်း က ချင်းတိုင်း ရင်း သား ရုပ် ပေါက် နေတဲ့ သူ့ ကို ဘယ် ဘာသာ ကိုး ကွယ် ပါ သလဲ ဆို တဲ့ မေး ခွန်း ပါ ပဲ။ ကျတော် ဗုဒ္ဓ ဘာသာ ဘာသာ ပါ ဆိုတော့ မေတ္တ သုတ် ရ သလား လို့ မေး ပြီး ရွတ်ပြ နိုင်မှ မီး စိမ်း ပြ ပြီး ခေါင်း ညှိမ့် ခဲ့ တဲ့ သူပါ။ ( တွေ့ ဖူး သမျှ ချင်း မလေး တွေ က ချော သလောက်၊ ချင်း ကောင်လေးတွေ က ဂင်တိုတို မျက် နှာပေါက် ကြမ်း ကြမ်း နဲ့ ရုပ် ဆိုး တတ် ကြတယ်။)

ချုပ်ရရင် မိန်း ကလေး တွေ ဘာသာခြားနဲ့ လက် မထပ် ရေး ဆို တာ ဥပဒေ ထက် ပို ခိုင် မာ တဲ့ ကိုယ် ပိုင် အသိဥာဏ် နဲ့ ထိန်း သိမ်း တာ ပို ဆီ လျော် ပါမယ်။ ဒီလို  အသိ ညာဏ် တွေ ရှိ လာ ဖို့ငယ် စဉ် ထဲ က မိဘ တွေ က နည်း မှန် လမ်း မှန် နဲ့ ပညာ ပေး ပျိုး ထောင် ပေး ရ မယ်။  မိန်း က လေး မှ မဟုတ် ယောက်ျား လေးတွေ ရော ပါပဲ၊ လောက ကြီး ကို အမြင် ကျယ်ကျယ် ကြည့် ဖို့ ၊ မှန်မှန် ကန် ကန် သုံး သပ် တတ် ဖို့ ကြီုး စား သင့် ပါ တယ် ။ နိမ့် ကျ နေ တဲ့ ပညာရေး စနစ် ကို မြှင့် တင် ပေး နိုင်ရင်ဖြင့် ဖြန့် ကျက် တွေး တော နိုင် စွမ်း တွေ ၊ လူ ရည် လူ သွေး တွေ တိုး တတ် လာ နိုင် ပြီး အမှား အမှန် ကိုယ် တိုင် ခွဲ ခြား နိုင် လာတဲ့ အခါ စိတ်ဓါတ် ပျော့ ညံ့ လို့ ၊ သူ များ ဆွယ် လို့ ဘာသာ တရား တစ်ခု ကနေ တစ်ခု ကို အလွယ် တကူ ကူးပြောင်း သွား တာ မျိုး မရှိ နိုင် တော့ သလို ၊ တိုင်း ပြည် စီး ပွား ရေး တွေ တိုးတတ် လို့ စားဝတ် နေ မှု တွေ ချောင်လည် လာရင်လည်း ဆင်း ရဲ လို့ ၊ ခို ကိုး ရာမဲ့ လို့ ဘာသာ ကူးပြောင်း တာ တွေ နည်း သွား ပါလိမ့် မယ်။ ( ဒါ ပေ မယ့် ဒိဋ္ဌိ ကွာအောင် မဖယ် နိုင် သရွေ့ အချိန် မရွေး ဘာသာ ခြား ဖြစ် သွား နိုင် လို့ မြတ် စွာ ဘုရား ဟော ခဲ့ တဲ့ တရား တွေ မှာ ပါတဲ့ အတွက်) ပုထုဇဉ် လူ တစ်ယောက် ဟာ သူ့ ယုံ ကြည် မှု နဲ့ သူ ပြောင်း သွား ရင်တော့ ဘုရား ဟော ခဲ့ တဲ့ အတိုင်း ဖြစ်လို့ လက် ခံ ပေးရ မှာ ပါပဲ။ ဒီတော့ သုည နား ကပ်နေတဲ့ တိုင်း ပြည် ရဲ့ ပညာ ရေး လယ်ဗယ် နဲ့ ခြွတ်ခြုံ ကျ နေတဲ့ စီး ပွား  ရေး လယ် ဗယ် ကို မြှင့် တင် နိုင်ရင်  ဖြင့် နိုင်ငံ့ ဂုဏ် သတင်း နဲ့ အတူ သာသနာရောင်ဝါ လည်း ဂုဏ် သိက္ခာ ရှိ စွာ နဲ့ ပို မို ထွန်း ပြောင် လာ နို င် တဲ့ အကြောင်း တွေး မိ သလောက် ရေး လိုက် ရ ပါသည်။

About မိုချို

မို co has written 41 post in this Website..