အနော့် မဲ့မဲ့က ၀ိုင်လုပ်တာ ကျွမ်းတယ်ဗျ
ထွက်သမျှ အသီး သူဝိုင်မလုပ်ဖူးတာမချိဘူး
နံနတ်၊ သစ်တော်၊ စပျစ်၊ လိမ္မော်၊ စတာတွေအပြင်
ချဉ်စော်ခါးသီး ဇောင်းယားသီးတွေကိုလည်း ၀ိုင်လုပ်တယ်
ဝိုင်လုပ်တယ်ဆိုလို့ စက်တွေဘာဒွေနဲ့တော့ မဟုတ်ဘူး
ဟမ်းမိတ် မှ ဟမ်းမိတ်အစစ်
သူလုပ်တဲ့ ၀ိုင်တွေထဲမှာ ချဉ်စော်ခါးသီးဝိုင်ကိုတော့ အကြိုက်ဆုံးပဲ
ချဉ်စော်ခါးသီး ပေါ်ချိန်မှာ ပေါပေါသီသီ ရတဲ့ ခြံထဲကနေ
ရသမျှ ချဉ်စော်ခါးသီးကို ၀ိုင်လုပ်တယ်
မဲ့မဲ့ ၀ိုင်လုပ်နေချိန်
အမ ကလည်း မခံဘူး … သူကျွမ်းတဲ့ ချဉ်စော်ခါးသီး ချဉ်ပေါင်းလုပ်တယ်
သူတို့နှစ်ယောက်လုပ်လို့ ပိုတဲ့ ချဉ်စော်ခါးသီးတွေကို ညီမလေး က အခြောက်လှမ်းတယ်
(အနော်ကတော့ ၀ိုင်လုပ်တဲ့ သူနား ၀ိုင်ကပ်သောက်တယ် …. ချဉ်ပေါင်းလုပ်တဲ့ သူနား ချဉ်ပေါင်းကပ်စားဒယ် ….)

မဲ့မဲ့ ၀ိုင်လုပ်ရင် အိမ်ဘေးက စဉ်းအိုးကြီးထဲ ထည့်ပြီး စဉ်းအိုးက မြေထဲ တ၀က် မြုတ်ထားတယ်
အကိုနဲ့ အနော်နဲ့က ညချိန် မီးမလာတဲ့ ရက်တွေမှာ ခိုးခိုးသောက်တတ်လို့ တကယ်သောက်ကြမယ်ဆိုရင် မချိတော့ဘူး :P

ချဉ်စော်ခါးသီးတွေကို အမည့်တွေ အရော်တွေက်ု ပါးပါးလှီးတယ်
ပြီးတော့ ချဉ်စော်ခါးသီး တထပ် ပြီးရင် သကြားတထပ် အဲလိုနဲ့ စဉ်းအိုးကြီး ပြည့်တဲ့အထိဖြည့်တယ်
ပြည့်ခါနီးမှာ တဆီးလို့ခေးတဲ့ yeast ကိုထည့်တယ်
ပြီးရင် အလုံပိတ်ပြီးပစ်ထားလိုက်တယ်
New Year လို ညမျိုး နှစ်ကူုးလို နေ့မျိုးမှာ အိမ်ကိုလာလည်တဲ့ သူတွေကို တိုက်လေ့ရှိတယ်
ငွေလေး ဘာလေးရှိတဲ့ နှစ်မျိုးဆိုရင်တော့
သကြားတစ်ထပ်ပြီးရင် ပျားရည်တစ်ထပ် လောင်းထည့်တတ်တယ်

ဒီလိုပဲ တခြား အသီးတွေကိုလည်း ဒီလိုပုံမျိုးလေး လုပ်တတ်တယ်
တောင်ကြီးလို မြို့မှာ အသီးပေါရင်
အလကားကောက်ပါဆိုတာတောင် မကောက်ချင်လောက်အောင် ပေါတတ်တယ်
တခါတလေ နံနတ်သီး တလုံးမှ 50 တရာဖိုး 3လုံးလောက်ရတတ်တဲ့အပြင် ရင့်ပြီးရော်နေတဲ့ အသီး(၀ိုင်လုပ်လို့ကောင်းတဲ့အသီး) တွေကိုပါ အလကားပေးတတ်တယ်

အနော့် မမက တမျိုး
သူက ချဉ်စော်ခါးသီးကို ပါးပါးလေးလှီးတယ်
တကယ့် ပါးပါးလေးမှ ပါးပါးလေး
ပြီးရင် ဂျင်းနု ပါးပါးလေး လှီးထည့်တယ်
ငရုတ်သီးတွေကိုလည်း နှစ်ပိုင်းပိုင်းထည့်တယ်
ပြီးတော့မှ သကြားထည့်ပြီး တညလောက် သိပ်ထားလိုက်ရင်
မနက်ဆို အရသာချိလှတဲ့ ချဉ်စော်ခါးသီးချဉ်ပေါင်းလေး စားရပြီပေါ့

တခါတခါ မျက်စိအရမ်းကိုက်တဲ့အချိန်
မမက မုန်လာဥနီကြီးကို ပါးပါးလေးလွာပြီး သကြားရယ် သံပုရာသီးလေး ညစ်ထည့်ပြီး ကျွေးရင်
လူက လန်းပြီး မျက်စိတွေကြည်လာတယ်

တကယ့် တကယ် ၀ိုင်ဆိုတာတော့
အနော့် မဲ့မဲ့ လုပ်တဲ့ ဟာမျိုးတော့မဟုတ်ဘူးပေါ့
အနော် Duty Free မှာလုပ်တုန်းက
Wine tasting တွေလုပ်ရတဲ့အခါ
ဝိုင်ထုတ်ပုံ ထုတ်နည်းတွေ သင်ရတဲ့အခါမျိုးမှာတော့
အနော့် မဲ့မဲ့ရဲ့ လက်ဖြစ်ဝိုင်က ၀ိုင်လို့မခေါ်တော့ပြန်ဘူး
ဒါပေမဲ့ အနော်တို့ကတော့ ဘယ်ဝိုင်ဘယ်လောက်ကောင်းကောင်း
အနော့် မဲ့မဲ့ လုပ်ပေးတဲ့ ၀ိုင်လောက်မကောင်းဘူးလို့ထင်တယ်ဗျ

ဝိုင်ကတော့ အများအားဖြင့် စပျစ်သီးကနေထုတ်ကြပါတယ်
ဝိုင်နီ ကိုတော့ အခွံနဲ့ ထုတ်ပြီး
ဝိုင်ဖြူ ကိုတော့ အခွံထုတ်ပြီးသား အသားနဲ့ ထုတ်ပါတယ်

ဝိုင်အမျိုးအစားများကို

~~ Red Wine
~~ White Wine
~~ Rose Wine
~~ Sparkling Wine
~~ Dessert Wine
~~Fortified Wine ဆိုပြီးခွဲထားပါသေးတယ်
ဝိုင်နီတွေကတော့ အရောင်ပါတဲ့ ၀ိုင်တွေပါ … အများအားဖြင့် အနီရောင်စပျစ်သီးတွေကနေ ထုတ်လေ့ရှိပါတယ် … ၀ိုင်ကာလာတွေကတော့ ၀ိုင်ထုတ်တဲ့ ကာလတွေမှာ ပြောင်းလဲ နေတတ်ပါတယ် ၀ိုင်နီတွေကလည်း တခုနဲ့ တခု အရသာမတူပဲ အမျိုးမျိုးသော အရသာကိုပေးလေ့ရှိပါတယ်
နာမည်ကြီးတဲ့ ၀ိုင်နီတွေကတော့

Cabernet Sauvignon
Merlot
Pinot Noir
Sangiovese
Syrah/Shiraz
Tempranillo
Zinfandel

Cabernet Sauvignon
သူကတော့ ကမ္ဘာ့အကောင်းဆုံးဝိုင်ထဲမှာ ပါပါတယ် … သူကတော့ cabernet franc နဲ့ merlot ကိုပေါင်းစပ်ထားတာပါ
သူ့ကို အသားနီတွေနဲက တွဲဖတ်ပြီးသောက်လေ့ရှိပါတယ်

Merlot:
ဒီဝိုင်နီကတော့ cabernet sauvignon အမျိုးထဲမှာလည်းပါပါတယ် … ဒီဝိုင်ကိုတော့ Bordeaux wines အဖြစ်အသုံးပြုကြပါတယ် ….အရသာကတော့ ချောကလက် အရသာပါ ..ဒါ့ကြောင့် ချောကလက် ကြိုက်တဲ့ သူတွေကတော့ ဒီဝိုင်မျိုးကို ကြိုက်ကြပါတယ် …. အများဆုံးစိုက်ပျိုးတဲ့ နေရာတွေကတော့ California, Washington, and long island တွေဖြစ်ပါတယ်

Pinot Noir

သူကတော့ ကြက်သား၊ ကဏန်းတွေနဲ့ ဆော်လမွန်ငါးတွေနဲ့ တွဲဖတ်ပြီး သောက်လေ့ရှိပါတယ် …
Pinot noir wines မှာ အက်ဆစ်နဲ့ အချိုမပါတဲ့ ကွဲပြားတဲ့ အရသာတွေ ပါဝင်ပါတယ် သွှူအရသာကတော့ ဆီးဖြူသီးလိုလို၊ ဘရက်ဘယ်ရီလိုလို၊ ချယ်ရီလိုလို၊ ဆီးသီးလိုလို အရသာဖြစ်နေတတ်ပါတယ် ဘာကြောင့်လဲဆိုရင် သူ့ကိုထည့်တဲ့ ဥသျှစ်စည်ပေါ်မူတည်လို့ပါလို့ ဆရာကပြောပါတယ် …..

Syrah or Shiraz
သူလည်း Pinot Noir လိုပဲ အချိုမဲ့တဲ့ အက်စစ် လို အရသာတွေပါပဲ …ဘရက်ဘယ်ရီလိုလို၊ ချယ်ရီလိုလို ဆီးသီးလိုလို အရသာဖြစ်ပါတယ် … တခါတလေ ကဏန်းလိုလို ၊ ချောကလက်လိုလို၊ ကော်ဖီလိုလို၊ အရသာရှိပါတယ် … အရက်ပျင်းအား များလို့ သူ့ကိုတော့ အမဲသား၊ ချိုတဲ့ အရသာရှိတဲ့ မုန်လာဥ၊ ကြက်သွန်နီ၊ ဂျင်း စတာတွေနဲ့ တွဲဖက်သောက်လေ့ရှိပါတယ် …

Zinfandel
သူကတော့ အနီရင့်ရောင်ရှိတဲ့ဝိုင်ပါ… သူ့ကိုတော့ ခရမ်းချဉ်သီးဆော့၊ ပီဇာ၊ ဒါမှမဟုတ် အသားနဲ့ တွဲဖတ်ပြီးသောက်လေ့ရှ်ပါတယ်….
သွှူ အနံ့ကတော့ သစ်ကြမ်းပ်ုးခေါက်လိုလို ငရုတ်ကောင်းလိုလို ဖြစ်ပါတယ်

(အချိန်ချိတော့ဘူး… မနက်ဖြန်မှ ဆက်ရေးမယ် …)
နွေးသီး
18-6-2013
ရုံးတွင် မအားတအား အချိန်

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer