အာစရိယ ငါးခုံးမ

နံနံခင်း

စာသင်ကျောင်းမှာဆို

ခေါင်းပဲကိုက်သလိုလို

ရင်ပဲပြည့်သလိုလိုနဲ့

ချောင်းကလေး တဟွတ်ဟွတ်ဆိုးပြလိုက်

ပါးစပ်နားကို လက်ကိုင်ပ၀ါလေး အုပ်ပြလိုက်နဲ့

အိုက်တင်ပေးအလွန်ကောင်းတယ်

ညနေခင်း

ကျူရှင်ကျောင်းလည်း ရောက်ကရော

မော…မမောနိုင်ဘူး

ပြောလိုက်တဲ့ ဆုံးမစကားတွေ

ဖြေလိုက်တဲ့ မေးခွန်းတွေက

ငွေသံကြေးသံ တချွင်ချွင် တတောက်တောက်မြည်တယ်

နဖူးကစီးကျလာတဲ့ ချွေးပေါက်တွေကိုတောင် မသုတ်အားတော့ဘူး

ကျေးဇူးတော်ကြီးမားလှပါပေတဲ့

(ကျွန်တော်တို့ခင်ဗျားတို့ရဲ့)

တစ်လှေလုံးပုပ် အာစရိယ ငါးခုံးမတွေလေ

အောင်ရဲ(၁)

ကိုယ်လည်း အာစရိယဂိုဏ်းဝင်တစ်ယောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကဗျာဆရာကရေးထားတော့ ချီးကျူးမိပါတယ်။ကောင်းတဲ့လူလည်း ရှိသလို၊ မကောင်းတာလည်း ရှိတာပေါ့။ ဒါတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်လာတာပါ။ ၀န်ထမ်းကိုလောက်အောင် မပေးနိုင်တဲ့ အစိုးရကို မျက်စောင်းထိုချင်မိတယ်။

About Mr WorldWide

Mr WorldWide has written 99 post in this Website..

လက်ထောက်ကထိက (Member of DASA)