ပီအက်(စ)အိုင် ၄၀၀ တဲ့!!
တမီး၊ တမီးလေ ……. နောက်ခါဆို………
– ခြင်ဆေးလည်း မထွန်းတော့ပါဘူး:::
– ရေမွှေးနံ့ ပြင်းပြင်းမခံနိုင်တဲ့သူတွေကို ရွဲ့ပြီး ရေမွှေးတွေလည်း နင်းကန်မဆွတ်တော့ပါဘူး:::::
– အမှိုက်တွေ မီးရှို့တာကိုလည်း အားမပေးတော့ပါဘူး:::::
– ဆေးလိပ်မီးခိုးလောက်ကိုလည်း နှာခေါင်းမရှုံ့တော့ပါဘူး::::::::
– ဆိုက် ထဲက ဖုန်နံ့လောက်ကိုလည်း ဆွေ့ဆွေ့မခုန်တော့ပါဘူး:::::::::
– ပွဲဈေးက မီးခိုးမှိုင်းကိုလည်း ဆန်းဆန်းတင့် မဖြစ်တော့ပါဘူး:::::

တမီး နောင်တရပါပြီ။
ဤမှန်သော စကားကြောင့် စနေနေ့ ဓာတ်ပုံရိုက်ပြီးတာနဲ့ မီးခိုးတွေ ပျောက်သွားပါစေ။   :mrgreen:

(ဟီးဟီး။ သောကြာနေ့က စိတ်ပေါက်ပေါက်နဲ့ တင်တဲ့ စတေးတပ်ပေါ့။)

.

.
စလုံးမှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတာ ဒီ တစ်ပတ်လုံးပဲ။
အင်ဒိုက တောမီးက မီးခိုးတွေ ဒီဘက်လာစုတာ။
သူတို့ ဝန်ကြီးချုပ် ချင်းချင်း ရန်ဖြစ်ကြတာတော့ မပြောပြတော့ပါဘူးးးး ဟီးဟီးးးးးး   :mrgreen:

.

.

လည်ချောင်းထဲ စပ်နေတာကလွဲရင်………..
ရာသီလေး ပူနေတာကလွဲရင် ………………
ပတ်ဝန်းကျင်လေးက ကျနော် ကြိုက်တဲ့ အနေအထားပဲ။

နေမပူ၊ မိုးမရွာ၊ မြူတွေ ဆိုင်းလို့ …………………… (အမှန်တော့ မီးခိုးတွေရယ်)   :mrgreen:

အဲယားကွန်းခန်းထဲက ထိုင်ကြည့်ဖြစ်ရင် ဆောင်းတွင်းလေး အလားပဲ။ မြန်မာပြည် အလွမ်းပြေ။  :)

.

.

ဒါနဲ့ပဲ  …………
စနေနေ့ထိ ဒီတိုင်းရှိရင် ဓာတ်ပုံထွက်ရိုက်ရမယ်။ ညင်းညင်း::::::  ဆိုပြီး ကြိမ်းထားတာရယ်။  :mrgreen:

စနေနေ့က နိုးတော့ ပျင်းပြီး ထုံးစံအတိုင်း အစီအစဉ်တွေ ရွှေ့ပြန်ရော။ တနင်္ဂနွေနေ့မှဆိုပြီး သူငယ်ချင်းတွေ ပြောင်းချိန်းကြပြန်ရော။။
ပြီးတော့ ဖဘ တက်ကြည့်တော့ တနင်္ဂနွေ မိုးအတုရွာမယ်ဆိုပဲ။
အမှန်လား ကောလဟလ လားလည်းမသိဘူး::::::::

မိုးမပြို ပြိုခဲ့သော်ဆိုပြီး စနေနေ့ အားချင်းပဲသွားရိုက်လာခဲ့တယ်။
ဘာမှတော့ မထူးခြားပါဘူး:::::::

ကျနော်အတွက်ပဲ မမြင်ရတာကြာတဲ့ အနေအထားလေးမို့ ဆတ်ဆော့ပြီး ရိုက်တင်တာ။

မျက်နှာဖုံးကိုယ်စီနဲ့ သွားပြီး ရိုက်ခါနီးမှ မျက်နှာဖုံးချွတ်ကြတာရယ်။
လူပုံတွေတော့ မျက်စိနောက်မစိုးလို့ မတင်တော့ဘူး:::::::: ။
ပတ်ဝန်းကျင် အနေအထားလေးသာကြည့်ပါတော့။

ကြည့်နေရင်း၊ ရိုက်နေရင်း စိတ်ထဲမှာ ညည်းမိတဲ့ သီချင်းက “မြူမှောင်ဝေကင်း”

ဒီဘက်ရောက်တော့လည်း ကျုပ်ကို အားမနာတမ်း လမ်းလျှောက်ခိုင်းတဲ့ ရွာသား ၂ ယောက်ကို သတိရသားကလားးးးးးးးးး   :mrgreen:

 

photo(4)

နေလုံးကို ဒီလိုပဲ မြင်ရတယ်။

photo(5)

နေလုံးကို ဒီလိုပဲ မြင်ရတယ်။

photo(2)

photo(3)

စကိုင်းပါ့ ကို မှုန်ဝါးဝါးပဲ။

IMG_1069

ဒူးရင်းသီးလည်း မှုန်ဝါးဝါးပဲ။

IMG_1070

ဒူးရင်းသီးလည်း မှုန်ဝါးဝါးပဲ။

IMG_1071

IMG_1072

IMG_1073

IMG_1074

ခြင်္သေ့ကြီး အန်တာလည်း ဝါးတားတားပဲ မြင်ရတယ်။

IMG_1075

IMG_1090

IMG_1115

IMG_1140

IMG_1144

ဒီ တံတားလေးပေါ်မှာ ဆော့ပြေးကစားခဲ့တာတွေ ။ခွိခွိခွိ။

IMG_1149

IMG_1150

IMG_1151

 

 

ဒါလေးတွေက စိတ်ကြည်အောင် ရိုက်လာတာ။
သူတို့ကတော့ လန်းလန်းဆန်းဆန်းပဲ။

 

photo(14)

photo(13)

photo(12)

photo(11)

photo(10)

photo(9)

photo(8)

photo(7)

ဇီဇီ

About ဇီဇီ

ဇီဇီ has written 348 post in this Website..

CJ # 129120