တန်ဖိုးနည်းဖုန်းနဲ့ မန္တလေး
နိုင်ငံတော် သမ္မတကြီးကတော့ တန်ဖိုးနည်းဖုန်း ငွေကျပ်(၁၅၀၀)တန် simကဒ် ဆိုပြီး ဒီနှစ် ဧပြီလမှာ စတင်ပြီးထုတ်ပေးမယ့်ဆိုပြီး ကြေငြာခဲ့ပါတယ်။ဖုန်းလိုင်းကဒ် ထုတ်ပေးမယ်လို့ ပြောတော့ ဖုန်းတွေတောင် မပေးရသေးဘူး။မန္တလေးမြို့က ဖုန်းအရောင်းဆိုင်တွေကို (၁၅၀၀)တန် sim card ထွက်လို့ရောင်းရင် ဘယ်လောက်ရမလဲ ဆိုပြီးတော့ နန်းတွင်းထဲက စစ်ဗိုလ်တွေလာလာမေးကြပါတယ်။သူတို့ကဘယ်လောက် နဲ့ကောက်မလဲလို့ လာမေးကြတယ်ဆိုတော့ များများ ရောင်းလို့ရအောင် သူတို့က တစ်ဦးကို ကဒ်ဘယ်လောက် ရမှာမို့လို့လဲ…………….ခင်ဗျာ……
ဒါကလဲ ဖုန်းအရောင်းဆိုင်က ၀န်ထမ်းတချို့ ပြောလို့သိရတာပါ။ရပ်ကွက်ထဲမှာ ရှိတဲ့ပြည်သူလူထု တွေကတော့ မဲနှိုက်ပြီးတော့ ပေါက်တဲ့လူရမယ်တဲ့….ပထမအသုတ် sim cardထုတ်ပေးမယ်ဆိုတော့ တန်းစီကြပါတယ်။လူအမျိုးမျိုး အချိန်အမျိုးမျိုး ပေါ့ တန်းစီကြရပါတယ်။တချို့က တန်းစီပြီးတော့ နေရာရောင်းစား ကြပြန်ရော… ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဆင်းကဒ်တွေ အကုန်လုံးမဲနှိုက်ပီး ပေးရဲ့လား ဆိုတာ ပွင့်လင်းမြင်သာမှု မရှိပဲ တိတိကျကျ မသိရပါဘူး……………..
(၁၅၀၀)ကျပ်တန် ဖုန်းကဒ်ကတော့ ပြည်သူတွေလက်ထဲ ရောက်လာပီး ပြင်ပပေါက်ဈေး အနေဖြင့် ပထမအသုတ်မှာ ၃၀၀၀၀၊၃၅၀၀၀၊၄၀၀၀၀ကျပ်တွေနဲ့ အရောင်းအ၀ယ် ဖြစ်ခဲ့ကြပါတယ်။ဖုန်းအရောင်းဆိုင် တချို့ကတော့ ငါးသောင်းကျပ် ခြောက်သောင်းကျပ် ၀န်းကျင်ရောင်းချကြပါတယ်။နံပါတ်လှရင် လှသလို ဈေးပိုသွားပါတယ်။နံပါတ်လှတယ် ဆိုတာကတော့ အပူးများရင်များသလို ဈေးပိုသွားတာကို ဆိုလိုတာပါ။ပထမအသုတ်မှာတင် နံပါတ်တော်တော်လှတာတွေ ၃၅၀၀၀၀ကျပ်(သုံးသိန်းခွဲကျပ်)၀န်းကျင်ထိ ရောက်သွားတယ်။နိုင်ငံတော်သမ္မတကြီးရဲ့ တန်ဖိုးနည်းဖုန်း(၁၅၀၀)ကျပ်တန် ကတော့ ပြည်သူတွေလက်ထဲ ဘယ်လောက်ရာခိုင်နှုန်း ရောက်သွားပါသလဲ ခင်ဗျာ??????????????????
ကျွန်တော် ထင်ပါတယ် လွန်ရောကျွံရော ၅၀% ကို တန်ဖိုးအတိုင်း ရမယ်လို့ ယုံကြည်မိပါတယ်……..
ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လို့ရတယ် ဆိုပြီးတော့ မသမာတဲ့ လူတချို့က မုန့်ဖိုး(လက်ဖက်ရည်ဖိုး)၅၀၀၀၊၁၀၀၀၀၊၂၀၀၀၀ကျပ် ပေးပြီး မဲနှိုက်စရာမလိုပဲ အော်တို ကဒ်ကိုရနိုင်ပါတယ်။ဒါကလဲ အကျင့်ပျက်ဝန်းထမ်း တချို့ရှိလို့ ဒီလိုဖြစ်ရတာပါ။ဒီကိစ္စကို ဖြေရှင်းလို့ ရတဲ့နည်းလမ်း မရှိတော့ဘူးလား ခင်ဗျာ?????????????
ကျွန်တော် ဒီစာကို ရေးဖြစ်တဲ့အကြောင်းရင်းကတော့ ဆင်းကဒ်သုံးကြိမ် ပေးပေမယ့်လဲ ထူးခြားမှုမရှိခဲ့လို့ပါ။သုံးကြိမ်မြောက်မှာတော့ စေတနာရှိလှလွန်းတဲ့ နိုင်ငံတော်သမ္မတကြီးက ပြည်သူများအဆင်ပြေစေရန် အတွက် ဆင်းကဒ်အရေအတွက် ပိုတိုးပေးခဲ့ပါတယ်။သို့သော်ငြားလဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တချို့က ဆင်းကဒ်တွေကို ပြည်သူလူထုလက်ထဲ အကုန်ချမပေးခဲပါဘူး ခင်ဗျာ…..ဘာဖြစ်လို့လဲ ဆိုတော့ ဆင်းကဒ်မဲ ပေါက်တဲ့သူတွေ ကျွန်တော်မှတ်ထားသလောက် ပြောရမယ်ဆိုရင် ဥပမာ ဆင်းကဒ်က ၁၄၀ပေးတယ်ဆိုကြပါစို့ မဲပေါက်သူ အရေအတွက်က အယောက်ကိုးဆယ်လောက်သာ ရှိတာ လေ့လာတွေ့ရှိရပါတယ်။ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတိုင်းကသာ ဒီလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့မယ်ဆိုရင် မနက်၈:၀၀ နာရီဝန်းကျင် ကတည်းက မွန်းလွဲ၂:၀၀နာရီထိ ပေါက်မဲနံပါတ် စောင့်ပြီး နားထောင်နေတဲ့ ပြည်သူလူထုတွေက ကိုယ်ထင်သလောက် မရကြဘူးပေါ့…….တန်ဖိုးနည်း(၁၅၀၀)ကျပ်တန် ဖုန်းကဒ်နဲ့ပက်သက်ပြီး စိတ်မကောင်းဖြစ်မိလို့ အများသိအောင် ရေးလိုက်ရခြင်းပါပဲ
ကျေးဇူးတင်စွာဖြင့်
မန္တလာသားလေး ကိုကိုပြောင်

About မောင် ဆင်ကြီး

မောင် ဆင်ကြီး has written 7 post in this Website..