အားနာလိုက်တာ သူကြီးရယ် ။

မနေ့က ့တင်လိုက်မိတဲ့ ပုံပြင်ထဲက သူကြီးနဲ့ ဂဇက်ရွာ သူကြီး အရောရောအထွေးထွေး ထင်ကုန်အောင် ရေးလ်ု်ိက်မိတယ် သူကြီးရယ် ။

အမှန်တော့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးတယ် ဆိုပေမယ့် ဖတ်တဲ့သူ ရယ်ရွှင်စေဖို့ ့ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ ဟာသ စာရေးသားခြင်း ကို ကိုယ်ပိုင်မဖန်တီးနိုင်သေးခင်မှာ တဆင့်ပြန်ပြောတဲ့ ဟန်လေးနဲ့ ရယ်ရအောင် ရေးကြည့်ရုံပါပဲ ။

ဘယ်သူ ့ကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ။

တခြား ရည်ရွယ်ချက်လည်း မရှိရိုးအမှန်ပါလို ့ ။

ရိုးသားစွာ ဝန်ခံရင်းးးးး အားနာလိုက်တာ သူကြီးရယ် လို့ပြောချင်ပါတယ် ။

တစ်ဆက်တည်းနဲ ့ ပြောချင်တာကတော့ အားနာနာနဲ့ ပဲ နောက်ထပ် သူကြီး ဇာတ်လမ်းပုံပြင်လေးတစ်ပုဒ် ထပ်ပြောပြချင်ပါသေးတယ်။

အားနာလိုက်တာ သူကြီး ရယ် ။ ဒါပေမယ့် . . . . . . . . . . . . . . . . . . ။

=======================

တစ်ခါတုန်းက ရွာတစ်ရွာမှာ. . . . . . . ပဲပြုတ်ရောင်းတဲ့ သူတစ်ယောက်ရှိပါတယ် ။ ( မှတ်ချက် ။ ။ ဂဇက်ရွာ မဟုတ် )

အဲဒီ ပဲပြုတ် ရောင်းတဲ့သူက နှာတို (နှာကျိုး ) ပါ ။ စကားပြောရင် နှာခေါင်းသံ နဲ့ ့ပြောရပါတယ် ။

ပဲပြုတ်ရောင်းတော့ နှာခေါင်းသံလေးနဲ့ ့အော်တာပေါ့ ။

မှဲညှုပ် ရမယ် မှဲညှုပ် မှဲညှုပ် ဆိုပြီး အော်တယ် ။

အဲဒီလို အော်သံကြားတော့ ဝယ်တဲ့သူတစ်ယောက်က လှမ်းခေါ်ပါတယ် ။

ခေါ်တဲ့ သူကလည်း နှာကျိုးးးပဲ ။

ဟေ့ မှဲညှုပ်နှယ် နာအုန်းးးးးး (ပဲပြုတ်သည် လာဦး )

လို့ ့ခေါ်တော့ ပဲပြုတ်ရောင်းတဲ့ နှာကျိုးက သူ့ ့လှောင်တယ်ထင်ပြီး စိတ်ဆိုးပါလေရော ။

နှေညင်းညိုးးး နာ့ မနှောင် နဲ့

( သေချင်းဆိုး ငါ့မလှောင်နဲ ့ လို့ ့ပြောခြင်း ဖြစ်အိ ။ )

ပဲပြုတ် ဝယ်တဲ့ နှာကျိုးကလည်း ပြန် ပြောတာပေါ့ ။

နင့်ငို နှောင်နာ မဟုတ် ။ နာ မှဲညှုပ် ဝယ်မနို ့ နှော်တာ

( နင့် ကို လှောင်တာ မဟုတ် ။ ငါ ပဲပြုတ် ဝယ်မလို့ ့ခေါ်တာ )

နှာကျိုးနှစ်ယောက် ရှင်းလို့မရဘူး ။

ပြဿနာက တက်ပါလေရော ။

အဲဒါနဲ ့ နှာကျိုး နှစ်ယောက်က မကျေမနပ်နဲ့ သူကြီး ဆီ သွားတိုင်ကြပါတယ် ။

မထူးပါဘူး ။ သူကြီးကလည်း နှာကျိုးးပါပဲ ။

 

နှာကျိုး နှစ်ယောက် အော်ကြ ဟစ်ကြနဲ ့ ဝင်လာတော့ လှမ်းမေးတယ် ။

ဟေ့ မာ ညှစ် နာ ညှ ျ နာနဲ ( ဟေ့ ဘာဖြစ်လာကြတာလဲ )

အဲဒီလို လှမ်းမေးတော့. . . . . . . . . . ဟိုနှာကျိုးတွေကလည်း သူ့ ့ထက်ငါ ဦးအောင် တိုင်ကြပါတယ် ။

နှာခေါင်းသံလေးတွေနဲ့ပေါ့ ။

နှာကျိူး သူကြီးလည်း ရိပ်မိသွားတော့ စိတ်တိုပြီး မောင်းထုတ်ပါတော့တယ် ။

နင်တို ့အမှု နှာ ကျိုး အမှု ပဲ ။ မျှန်ညှ ျ ( ပြန်ကြ )

======================

ပုံပြင်လေးကတော့ ဒါပါပဲ ။

မထူးမခြားနားတဲ ့ ဖြစ်ပျက်မှု ကို ဖော်ပြတဲ့ ဟာသ လေးပေါ့နော် ။

ဒီပုံပြင်ကိုလည်း ကြာနီကန်ဆရာတော်ရဲ့ တရားတစ်ပုဒ်ထဲက မှတ်သားခဲ့ရတာပါ ။

နှာကျိုး အသံ ကို ဆရာတော် ဟောပြသွားတာ အရမ်းးးးရီရပါတယ် ။

နှာခေါင်းသံ ကို စာလုံးတွေနဲ ့ရေးပြရတာ တစ်ထပ်တည်း ကျအောင် ရေးပြလို့မရပါဘူး ။

အိမ်ကျမှ ကိုယ့်ဘာသာ က်ိုယ် ပြောကြည့် ကြပေါ့နော် ။

======================

= လေးစားစွာဖြင့်

 

အလင်းဆက်

About alinsett

alinsett has written 615 post in this Website..

. . .