ခပ်ရဲ့ရဲ့ဆွေး

ကြွေ

ပွင့်ဖို့ရွယ် ငုံသမို့

ပင်ထက်မှာ ခေါင်းမော့လို့

နေခြည်နွေးနွေးကို သောက်သုံးပါပေါ့လား

ကြွေဖို့ရာ စောလွန်းလှတယ်လေ

မျှော်

တစ်ဖက်သက်ဆန္ဒတစ်ခု

ဆောင်းမြူကတောင် ကြည်ဦးမယ်

သူသိနိုးနိုး အတွေးရူးတာမို့

မျှော်ရတာလည်း မောတယ်မဆိုမိဘူး

လွမ်း

ဒဏ်ရာ နုနုလား

ခံရတာခြင်းတူတူ

ပေါက်ကွဲဒဏ်ရာက သာပါတယ်

လွမ်းရသူမှာတော့ ကျွမ်းရက်သား

ညီး

လေးသွဲ့သွဲ့သံနွဲ့နွဲ့

ပီတိမလွှမ်းညှိုးနွမ်းနွမ်းရယ်

မသာယာဘူး ပြောတဲ့သည်ကြားက

ညီးနေကျ သူ့နာမည် လှလှ

ဝေး

ကြုံစရာမရှိဘူးလေ ဒါပေမယ့်

ဆုံနေရတယ် ဘာကြောင့်ရယ်မသိ

အနီးဆုံးမှာနေရတယ် သူငယ်ချင်းရယ်

ဝေးရခြင်းကလည်း ကမ္ဘာခြားသလားကွယ်

 

လူကလေး

လူကလေး

About လူကလေး

လူကလေး has written 16 post in this Website..