မေမေ့ဝမ်းဗိုက်ထဲ ထွေးပိုက်ရလို့

စိတ်ပျက်နေပြီလားဟင်

စားချင်တိုင်းမစားရလို့ ငြိုငြင်နေတာလားမေမေရယ်

ဒါမှမဟုတ် မသိလို့ဘဲ အပြစ်လုပ်မိသူက မှားတာလား

မရည်ရွှယ်ပါဘဲ အခြေတည်မိသွားသူက အပြစ်လားမေမေရယ်

မရက်စက်လိုက်ပါနဲ့နော် ရခဲလှတဲ့လူ့ဘ၀အိမ်မက်လေး

အရောင်ပြယ်သွားမှာစိုးလို့ပါ

သံသရာတစ်ကျောမှာ အဖန်တစ်ရာမျောနေရတဲ့

လူ့လောကလမ်းခရီးမှာ အပန်းကြီးမှန်း သိပါတယ်မေမေရယ်

ဒါပေမယ့် မှားခဲ့တာကို အခြားတက်ဖက်မှာ မရက်စက်စေချင်ပါဘူးမေမေ

စကားလေးတစ်ခွန်းပြောခွင့်ရရင် မနောအစဉ်မှာ ရှစ်ခိုးလျှက်ပါမေမေရယ်

မျက်ရည်ဆိုတာ ပူလှောင်ခြင်းပါ မအေးမြသေးတဲ့ လောကအလည်မှာ

အရှက်သိက္ခာကျဆင်းခဲ့လေရော့သလားဆိုတဲ့ အတွေးက ရင်ထဲကိုဆိုးနင့်မိပါရဲ့

တောင်းပန်ပါတယ်လေ အခွင့်မရှိလာမိတဲ့ မေမေ့ဝမ်းဗိုက်လေးနာကျင်မှာကို

ကြိုတွေးမိရင်လေ ခွင့်ပန်လိုက်ချင်ပါတယ်မေမေရယ်

နာကျင်သူရော စွန့်ခွာခံရသူရော မည်သူမျှ အလွမ်းဆိုတဲ့စာသားအောက်

သက်ဆင်းကျရောက်ခြင်းမရှိပါစေနဲ့လို့ ရင်နင့်အောင် အစဉ်တွေးရင်း

မိခင်မေတ္တာတရားသို့သည် မိုးထိအောင်တိုးပွားရင်း ချစ်ခြင်းများနှင့်

ရင်ဆိုင်ကြပါစို့နော်……………..

                                           ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..