(အထူးမေတ္တာရပ်ခံချက် (၁)

ဤပိုစ့်သည် sexual orientation အကြောင်း ဖြစ်ပါသောကြောင့် မြန်မာ့မျက်စေ့/နား တို့ဖြင့် ကြားရဖတ်ရရိုင်းသည့် အသုံးအနှုံးများပါဝင်မည်ဖြစ်ပါသဖြင့် သည်းခံကြပါရန် တောင်းပန်ပါသည်။ အဆိုပါ အသုံးအနှုံးများကို ရှောင်၍၊ ဖေါ့၍၊ သွယ်ဝိုက်၍ ရေးလျှင် တိကျရှင်းလင်းသော အဓိပ္ပါယ် မရနိုင်သောကြောင့် ထည့်သွင်းရေးသားရပါကြောင်း။

အထူးမေတ္တာရပ်ခံချက် (၂)

လောလောဆယ် အင်တာနက်သုံးရ အင်မတန်ခက်နေပါသောကြောင့်၊ ဤပိုစ့်ကို ဝင်ရောက်ဆွေးနွေး မှတ်ချက်ပေးသည်များရှိပါလျှင် ၊ အချိန်မီ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက၊ အပြည့်အစုံ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက ၊ နားလည်ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါကြောင်း။)

 

 

 

ဆိုတော့ …………

 

မိန်းမစိတ်ရှိနေတဲ့ ယောက်ျားတွေ  တနည်းအားဖြင့် မိန်းမလျာတွေအပေါ် လူတကာတို့ရဲ့ အမြင်၊ အထင် လေးတွေကို ဘဝင်မကျနိုင်လွန်းလို့…

ပြီးတော့ ဒီကိစ္စကလဲ  ဘာမှမဖြစ်သယောင် အိညောင်အိညောင်နဲ့ ကျုပ်တို့လူ့ဘောင်လူ့အသိုင်းအဝိုင်းကို ထိခိုက်နစ်နာပျက်စီးစေနိုင်ရာ အကြောင်းတွေရှိနေလို့ ဒီပိုစ့်လေးရေးဖြစ်ပါတယ်။

 

ပထမဆုံး ကျုပ်က အတိုက်အခံပြောချင်တာက…..

အဲ… နေစမ်းပါဦး ဦးပါလေရာရဲ့…

ဘယ်သူတွေနဲ့ အတိုက်အခံလုပ်မလို့လဲ …

ဆိုရင်ဖြင့်….

လူများစုနဲ့ပါ…။

ကျုပ်တို့မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းက လူများစုရဲ့ အထင်အမြင်တွေနဲ့ပါ……။

 

အဲသည်တော့  .. ပထမဆုံးတော့  ဟိုဖက်က မောင်အာဂရဲ့ အင်တာဗျူးပိုစ့်လေး

(http://myanmargazette.net/182145)မှာပါတဲ့ မကြီးစန်းရဲ့ စကားလေးကို ငြင်းပါမယ်။

 

………..

မကြီးစန်းတို့လိုလူမျိုး …..။  ဟုတ်ပါတယ်။ ဆန်ကုန်မြေလေးဖြစ်ပါတယ်။ ယောကျင်္ားမပီသပါဘူး။ မြင့်မြတ်တဲ့ဘဝကို မပိုင်ဆိုင်ဘူး။

………

ဒါကတော့ မိတ်ကပ်ခင်စန်းဝင်းက ယဉ်ကျေးစွာနဲ့ ကိုယ့်ကိုယ်ကို နှိမ်ချပြီးပြောထားတာပါ။

ကျုပ်ငြင်းမှာက-

မကြီးစန်းတို့လို မိန်းမလျာ ဆိုတာ ဆန်ကုန်မြေလေးမဟုတ်ပါဘူး…။

ဆန်ကုန်မြေလေးဆိုတာ လူ့ဘောင်လူ့လောက လူ့အသိုင်းအဝိုင်းအတွက် အကျိုးမရှိ အသုံးမကျတဲ့သူကို (ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ဂေးဖြစ်ဖြစ်)ခေါ်တာပါ။

ကိုယ့်ဝန်းကျင် ကိုယ့်မိသားစု ကိုယ့်အသိုင်းအဝိုင်းနဲ့တကွ လူ့ဘောင်လူ့လောက လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရှိ အသုံးကျကျ နေထိုင်လုပ်ကိုင်သူဆိုရင် (ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ဂေးဖြစ်ဖြစ်) အဖိုးတန်တဲ့လူလို့ပဲ သတ်မှတ်ရပါမယ်။

 

မကြီးစန်းတို့လို မိန်းမလျာဆိုတာ မြင့်မြတ်တဲ့ (ယောက်ျား) ဘဝကို မပိုင်ဆိုင်ဘူး…. ဆိုတာကိုလဲ

လုံးဝ ငြင်းဆိုပါတယ်။

မြင့်မြတ်တယ်ဆိုတာ ရုပ်ကဘယ်လိုဖြစ်နေတယ်၊ စိတ်က ဘယ်လိုဖြစ်နေတယ် ဆိုတာနဲ့မဆိုင်ဘူး…

မြင့်မြတ်တယ်ဆိုတာ  –

အကျင့်

…နဲ့ပဲ ဆိုင်တာ…။

မြင့်မြတ်တဲ့အကျင့် ၊  စာရိတ္တရှိရင် ဘယ်သူမဆို  မြင့်မြတ်တယ်..။

ယုတ်ညံ့တဲ့ အကျင့်၊ စာရိတ္တရှိရင် ဘယ်သူမဆို (ဘယ်သူမဆို) ယုတ်ညံ့တယ်..။

ဒါပဲ…။

 

မြင့်မြတ်တယ် / ယုတ်ညံ့တယ် ဆိုတာ

သီလ အခြေအနေပြ အညွှန်းကိန်းဖြစ်တယ်…

မွေးရာပါပစ္စည်းရဲ့ အခြေအနေပြ အညွှန်းကိန်း မဟုတ်ပါ…

လုံးဝ … လုံးဝ ….  မဟုတ် လေပါ။

 

ဒုတိယ ငြင်းချင်တာလေးက-

ငယ်စဉ်ကတည်းက မိန်းမစိတ်ဖြစ်နေရင် ဘာမှမတတ်နို်င်ဘူး… ဆိုတဲ့ အထင်အမြင်များ……။

ထပ်သရီး……..   ဘယ်ကလာ………..

ဘာလို့မတတ်နို်င်ရမှာလဲ….

 

မွေးကတည်းက မိန်းမစိတ်ဖြစ်တဲ့သူဆိုတာ ၊ သူ့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဟိုမုန်းအနေအထား အချိုးအစားကြောင့်ဖြစ်တာ။ အဲဒါကတော့ (ဆေးပညာနဲ့မပြုပြင်ရင်) ပြင်လို့မရဖို့များတယ်။ အသေးစိတ်က စာအုပ်တွေထဲမှာရှိပါတယ်။ ကျုပ်မအားလို့ ရှာမပေးနိုင်တဲ့အတွက် လိင်တူချစ်သူတယောက်ယောက်ကို မေးနိုင်ပါတယ်။

 

ကျုပ်ပြောချင်တာက အဲသလို မွေးကတည်းက မိန်းမစိတ်ဖြစ်တယ်ဆိုတဲ့ဦးရေဟာ ကလေးဘဝမှာ မိန်းမစိတ်ပေါက်တဲ့ဦးရေရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်။

 

ကလေးဘဝမှာ မိန်းမစိတ်ပေါက်တဲ့ အခြားအမျိုးအစားတွေရှိသေးတယ်-

-မိန်းမတွေကိုအားကျလို့ ၊ သဘောကျ လို့ …

-အထက်အောက် မွေးချင်းတွေက မိန်းကလေးတွေဖြစ်လို့ ….

-ကစားဖေါ်များအပါအဝင် ပတ်ဝန်းကျင်က မိန်းမတွေ အရမ်းများလို့ ….

-အကြောင်းတစ်စုံတစ်ခုကြောင့် ယောက်ျားဖြစ်ရမှာကြောက်သွားလို့ ….

-ပြင်းထန်တဲ့ရောဂါ (ဥပမာ-အတက်ရောဂါ) တစ်ခုခုကြောင့် စိတ်နေစိတ်ထား စံလွဲသွားလို့ …

-ပတ်ဝန်းကျင်က အထူးသဖြင့် အပျိုကြီး၊ အဖွားကြီး တွေက ဝိုင်းလှုံ့ဆော်လို့ ….

စတဲ့… စတဲ့.. အချက်တွေကြောင့်လဲ ကလေးယောက်ျားလေးတွေဟာ မိန်းမစိတ်ပေါက်၊ မိန်းမလိုဖြစ်ချင်၊ မိန်းကလေးလို နွဲ့ သွားတတ်ပါတယ်။

 

ပြောရရင်-

အဲဒါမျိုးက အရမ်း အရမ်း များပါတယ်…။

အဲဒါမျိုးတွေကို သေချာပေါက် ပြုပြင်ပြောင်းလဲလို့ ရပါတယ်။

မိဘက မပြုပြင်ပေးပဲထားရင်လဲ အသက်အရွယ်တစ်ခုမှာ တဖြေးဖြေး ယောက်ျားဆန် ယောက်ျားနဲ့တူသွားတတ်ပါတယ်။

 

ကျုပ်ငယ်ငယ်က ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ဟာ

အထက်အောက် အမ ညီမ တွေကြားမှာနေရင်း ခပ်နွဲ့နွဲ့နဲ့ မိန်းမလျာလို ဖြစ်သွားပါတယ်။

အဲဒါ သူ့အဖေက စိတ်ပျက်ပြီး စစ်တပ်ထဲ သွားပို့ပါတယ်။

အဓမ္မ ပို့တာ မဟုတ်ပါဘူး။ စစ်ထဲဝင်ချင်အောင် အမျိုးမျိုးသွေးဆောင် ဖျောင့်ဖျပြီး ပို့တာပါ။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်မှာတော့ အဲသည်သူအကြောင်းပြန်သိရပါတယ်။

တပ်မတော်အရာရှိကြီးအဖြစ်က – အရပ်ဖက်ပြောင်း- အရပ်ဖက်အရာရှိကြီးဖြစ်

ဇနီး + သားသမီး လေးယောက်နဲ့ ဘီယာဗိုက်ကြီးတစ်လုံး ပိုင်ဆိုင်နေပါပြီ…။

ကေတီဗွီတွေမှာလဲ မင်းသား ဖြစ်နေပါပြီ…။

အဲသည်တော့.. သူငယ်ငယ်က သူ့မှာရှိတဲ့ ကနွဲ့ကလျ မိန်းကလေးစိတ်က ဘယ်ရောက်သွားသလဲ  ????

 

ဘယ်ရောက်သွားရမလဲ…

ပျောက်သွားတာပေါ့ …..

(အဲသည်ကောင် သူ့အဖေကို ဘယ်လောက်တောင် ကျေးဇူးတင်နေမယ်ထင်သလဲ….)

အဲသည်လို နမူနာတွေ များမှများ…….။

 

ဒီမှာပြောချင်တာက

ကိုယ့်သားကလေး နွဲ့နေရင် ၊ မိန်းကလေးစိတ်ဖြစ်နေရင်

အဲဒါကို-  နှိပ်စက် ညှင်းပမ်း ခြိမ်းခြောက် အကျပ်ကိုင်ခြင်းမပါပဲ

အခြားနည်းများနဲ့ ပြောင်းလဲကြည့်ကြရမယ်။

ရရင်လဲ ကောင်းသွားတာပေါ့….။

မရရင်ကော… ဘာဖြစ်သလဲ..

ကိုယ့်သား မိန်းမလျာအစစ်မှန်းသေချာသွားပြီး

သူ့ရှေ့ဆက်ရမယ့်ဘဝခရီးအတွက် သင့်လျှော်သလို ပြင်ဆင်ပေးနိုင်တာပေါ့….။

 

မိန်းမလျာလဲ လူပဲ။ တန်ဘိုးရှိတဲ့သူဖြစ်အောင်နေထိုင်တတ်သွားရင် တန်ဘိုးရှိတဲ့ မိသားစုဝင်ကောင်း၊ နိုင်ငံသားကောင်းဖြစ်မှာပဲ။

 

အဲဒါ ဂေးသမာကျမ်းစာ၊ ဂေးပိဋကတ် တွေမှာပါသလို

ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာနှုံးဟာဂေးဖြစ်တယ်..တို့

ငယ်စဉ်က ဂေးစိတ်ပေါက်ရင် ပြင်မရတော့ဘူး၊ မတတ်နိုင်ဘူး… တို့

လိင်စိတ်ကိုမထိန်းချုပ်ရဘူး( ×င်ခံပေ့စေ) လွှတ်ထားရမယ်… တို့

ဘာတို့ညာတို့တွေကို အဟုတ်မှတ်ပြီး မသေမချာပဲနဲ့ လွှတ်ထားလိုက်ရင်

ကိုယ့်သားသမီး လမ်းဘေးမှာ ကလေကချေဖြစ်သွားမှာဖြစ်တယ်။

 

ဘာကြောင့်လဲ ဆိုတော့..

မိန်းမလျာဖြစ်ရုံ၊ မိတ်ကပ်လိမ်းရုံ၊ နှုတ်ခမ်းနီဆိုးရုံ၊ ထမီဝတ်ဘော်လီဝတ်ရုံကတော့

အိမ်မှာပဲ မိဘဆွေမျိုးမိတ်ဆွေတွေကြားမှာ

လုံလုံခြုံခြုံ အိန္ဒြေရရ လုပ်လို့ ရတယ်…..

လိင်စိတ်ကိုမထိန်းချုပ်လို့ .  လိင်တူဆက်ဆံရတော့မယ်ဆိုရင်တော့

(ကိုယ့်ဘဝကိုယ်မပိုင်သေးတဲ့ ကလေး/လူငယ်ဘဝမှာ)

အိမ်မှာ ×င်ခံဖို့ မဖြစ်နို်င်ပါကြောင်း…..။

လမ်းဘေး၊ မြောင်းကြားခြုံကြားမှာပဲ တွေ့ကရာလူနဲ့ ဆက်ဆံရတော့မှာဖြစ်လို့

ကလေကချေ အခြောက်ဘဝ ကျရောက်သွားတော့မှာဖြစ်ကြောင်း…..။

 

 

ကိုယ့်အမြီးပြတ်တိုင်း သူများအမြီး ပြတ်အောင်လှုံ့ဆော်ပေးနေတဲ့

အခြောက်ဆိုး အခြောက်ညံ့တွေစကား နားမယောင်ကြပါစေနဲ့… လို့

ဆန္ဒပြုလျှက်…………………………။

 

 

 

 

 

(ပြောင်းဖူးရိုး၊ ရေသန့်ဗူးတို့၏ အခြေအနေကိုကြည့်၍ ဆက်သင့်က ဆက်ပါမည်)

 

မေတ္တာဖြင့်-

 

ဦးဦးပါလေရာ

 

 

 

 

 

 

About ဦးဦးပါေလရာ

parlayar 46 has written 74 post in this Website..

CJ # 3302011 2011/03/30 1:01:16 am