အမှားပါရင်နားလည်ခွင့်လွှတ်စေချင်ပါတယ် အပြစ်သဘောဆောင်ခြင်းမဟုတ်ပါဘူး  အပြုသဘောသက်သက်ပါ လောကအလည်မှာ သောကတွေနဲ့

ရှင်သန်နေရတဲ့ လူသားတွေဘ၀တွေကို ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာလို့ ရေးသားခြင်းပါ

လူ့ကမ္ဘာလူဖြစ်ရတာ ရှုံးနှိမ့်ခြင်းတွေလား

မာနတွေအပြိုင်ကြဲ ဒေါသကိုစစ်ခင်းနေခြင်းက အောင်နိုင်ခြင်းတဲ့လား

မေတ္တာဆိုတာ ဆော့ကစားရာလက်နက်အဖြစ်ဖန်ဆင်းခြင်းများလား

ကြည့်စမ်းပါဦးကွာ တစ်ဖက်မှာငြိမ်းအေးသလောက် ပူလှောင်ခြင်းကို

ဘာကြောင့်များယူဆောင်နေရသလဲလေ မတွေးမိဘူးလား

ဘေးဖြစ်စေမယ့်ဒုက္ခတွေဆိုတာ

လောဘတွေ မောဟတွေ မာန်မာနတွေအပြိုင်ကြဲနေကြတဲ့

လူ့သားတွေက အေးချမ်းခြင်းတဲ့လားကွယ်

စစ်လက်နက်တွေရဲ့အောက်မှာ ကြီးပြင်းလာကြမယ့်

ကလေးသူငယ်လေးတွေရဲ့စိတ်ဓါတ်ကို

မင်းတို့ပုံသွင်းစေခိုင်းခြင်းလားကွယ်

အေးချမ်းခြင်းဆိုတာ နှလုံးသားနဲ့ကြည့်ပါ

အနီးအနားမှာ နားခိုနေမယ်ဆိုတာ

အခုတော့ ထမင်းတစ်လုပ်စားဖို့ထက်

မင်းတို့သွေးစာနေတဲ့လက်များက

ဟင်းအဖြစ်ဖန်တီးနေပြီလား

မိဘခေါ်စရာမရှိ အဖော်ဆိုတာလွန်စွာဝေး

ပူလှောင်ခြင်းတွေ ပေးနေပြီပေါ့နော်

ကိုယ်ချင်းစာတရား စာနာတက်တဲ့တစ်နေ့

မင်းလည်းလောကအလည်မှာ ရှိပါစေလို့

သူတို့လေးတွေဆုတောင်းပေးနေမယ်ဆိုရင်……………

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..