ကြည့်စမ်းပါဦး စိမ်းလန်းနေတဲ့မြက်ခင်းပြင်မှာ ၀ဲပျံနေတဲ့လိပ်ပြာငယ်လေးတွေ ဘယ်လောက်များကြည်နူးဖို့ကောင်းလိုက်ပါဘိ အလွမ်းဆိုတာသူတို့မသိ

အဆွေးဆိုတာသူတို့နားမလည် အပူအပင်ကင်းဝေးနေလိုက်ကြတာ တစ်ခါတစ်လေတော့လဲအားကျမိတယ်ချစ်ရယ် အခုတော့အလင်းမဖြာနိုင်တော့တဲ့ လမိုက်ညနွေအလည်မှာ တစ်ယောက်ထဲလျှောက်လှမ်းနေရတာ အကျည်းတဲ့ပတ်ဝန်းကျင်လေးကိုသနားမိခဲ့တယ်ကွယ် လူသားတွေဘ၀မို့ ခံစားချက်တွေရင်မှာစု ပြုသမျှခံနေရတဲ့ သံသရာမြစ်ကြောမှာ မျှောချင်တိုင်းမျှောနေခဲ့ရတယ် ကြိုးစားသမ၊ျှတွေအခုတော့ နေအကွယ် အနောက်ရပ်ကနေ မှေးတင်လို့သူငေးနေမလား တစ်ချက်ချက်နဲ့လှောင်တက်တဲ့ နာရီလက်တံလေးကိုမုန်းမိတယ် ငါ့အတွက်သူတို့အပြုံးလေးတွေသယ်ဆောင်မပေးလို့ပေါ့ ငါ့ရဲ့နံဘေးမှာလဲအချစ်မရှိတော့ပါဘူးလေ သံဇဉ်တွေးသွားလေးတွေကအဖော်ပြုတက်နေပါပြီ

အခန်းကျဉ်းလေးထဲမှာ ငါ့တစ်ယောက်ထဲလွမ်းတက်နေပါပြီ နံရံထက်မှာဝဲပျံနေတက်တဲ့ လိပ်ပြာလေးတွေတောင် အခုတော့အလည်တစ်ခေါက်ရောက်မလာတော့ပါဘူး အချစ်မရှိတော့တဲ့  ဒီအခန်းလဲ အိုဟောင်းသည့်အသွင်ကိုဆောင်နေပြီလား ချစ်သူရေ မင်းမြင်နိုင်မလား သိပ်ချစ်တာကို မင်းသိရင်လေ အဝေးတစ်နေရာကနေ အပြေးသာလှမ်းလာခဲ့ပါနော်

ကြယ်လေးတွေမြေမှာခ

ကြွေကျသွားတဲ့အချစ်တွေသည်

ငွေလမင်း အလင်းရယ်မဖြာတော့ပြီမို့

ငါဆွေးတာလူတွေမသိခဲ့ပြီ

ပျံဝဲတဲ့ လိပ်ပြာငယ်တစ်ချို့

ပန်းဝတ်မှုန် သူနံဘေးမှာ

ရစ်ဝဲစွာ ခိုနားရင်း

ပြိုကျသွားတဲ့ ငါ့နှလုံးသားတို့သည်

ရင်ကွဲကာ ကျန်နေရစ်ပြီမို့

မတည်မြဲတဲ့ အချစ်၏သဘောမှာ

ငါလေနစ်မြောစွာ ခံစားရင်း

အလွမ်းဆိုတဲ့ ဒဏ်ရာကို

ကုစားရတော့မယ်ပေါ့

                                                          ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..