“မျက်လှည့်ဆရာ´´

 

ဈေးထောင့်နားက တစ်နေရာ

လူစုကာ အုံလို့ခဲ

လက်ခုပ်သံ သောသောညံစဲ

ရှေ့ရောက်အောင် တိုးဝှေ့ကာလှမ်း

“ဟဲကလေး အရမ်းတိုးရလား´´

ဆူလိုက်တာ ဂရုမစိုက်ဘဲ

ကြည့်ချင်လို့ ရှေ့ကိုတိုးမြဲ

ရှေ့ရောက်လို ထိုင်ကာအကြည့်

မျက်နှာနဲ့ တည့်ကာတိုးသည့်

ပါးပျင်းထောင် မြွှေဟောက်တစ်ကောင်မို့

လန့်ကာသာ အော်ငိုမိပါတယ်

လကွင်းသံတောင် လွမ်းကာတာမို့

“ကလေးမငိုနဲ့ သူညှို့ထားတယ်တဲ့´´

သြော့် ပေါက်မည့်မြွှေကို ပြန်ကာညှို့နိုင်သူရယ်

စွမ်းချက်ကို အထင်ကြီးလို့

အားကျမိတာ ကလေးဘ၀ကပါ။

 

 

ခင်ခ။

( ငယ်ငယ်တုန်းကပေါ့ဗျာ )

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..