တရံရောအခါ က …တောတောင်ထူထပ်တဲ့..လှိုင်ဂူကြီးတခုထဲမှာ ..သွေးစုပ်လင်းနို့တွေစုနေကြသတဲ့….
လင်းနို့တစ်သန်းလောက်နေတာဆိုတော့….အနံ့တွေက တော်တော်နံဆိုပဲ…သို့သော်လည်း
.သူတို့ဟာ သူတို့ကျတော့…ရှယ်မွှေးတယ်လို့ထင်မှာပေါ့…ကိုယ့်အနံ့ဆိုဘယ်သူမှ နံတယ်မထင်ဘူးမလား …အဟီး

အဲ့ထဲမှာ ..နှလုံးလမ်းကြောင်းမှာ ကျွန်းအကြီးစားခံနေတဲ့ ….လင်းနို့လေးတစ်ကောင်လည်းရှိသတဲ့…
တော်တော်ရုပ်ဆိုးဆိုပဲ….ရုပ်ဆိုးတဲ့လင်းနို့အမျိုးအစားထဲမှာမှ …ရုပ်ဆိုးတယ်ဆိုတော့ စဉ်းစားသာကြည့်ကျတော့….
နောနော်…လိုမျိုး…အတိုင်းထက်အလွန်ပဲနေမှာပေါ့……
ဖွန်သမျှလည်း…သဲထဲရေသွန် …လင်းနို့မလေးတွေ…တစ်ကောင်တစ်မြီးမှပြန်မကြိုက်ဘူးတဲ့……လင်းနို့ ဒသဂီရိ လေးပေါ့…
( ငါနဲ့များကွာချက်…..ငါဆိုလိုက်သမျှရ အာဟိ )
အဲ့ဒါနဲ့…အဲ့ကောင်လေး က …စိတ်ညစ်ရင်းနဲ့ အသက်တိုခဲ့သည်ပေါ့ကွယ်……..

ဒါနဲ့ သူကလေးက ..နောက်ဆုံးအချိန်မှာ….ကံများကောင်းချင်တော့…ဘုရားနဲ့သွားတွေ့သတဲ့……
ဒီမှာသူက ပေါက်ကွဲတာပေါ့…ဘုရားဘယ်လိုလုပ်လိုက်တာလဲပေါ့….အလွန်ကြီးပဲပေါ့…ကျွန်တော့်ကိုဖန်ဆင်းတဲ့နေ့က အရှင်ဘုရား ပျင်းများနေသလားပေါ့…
အဖြစ်ဖန်ဆင်းချင်ရင်လည်း ..အသဲနှလုံးထည့်မပေးပါနဲ့လား
အဲ့လောက် နှိပ်ကွပ်ရသလားပေါ့ …..မျက်ရည်တွေနဲ့ကွိုင်တာပေါ့……
အဲ့မှာ ..ဘုရားကသနားသွားပြီး…..
အေးကွာ…ငါသတိမထားလိုက်မိဘူး……ဒီဘ၀တော့ရှိစေတော့ပေါ့…..နောက်ဘ၀ ကိုမင်းဖြစ်ချင်သလို…ဖန်ဆင်းပေးမယ် ဆိုပြီးကတိပေးလိုက်သတဲ့….

အဲ့မှာ …သကောင့်သား က အပီတောင်းတာပေါ့.

1) ဒီဘ၀မှာမစွံသမျှ ..နောင်ဘ၀တွင် …မိန်းကလေးများနှင့်သာနေလိုသည် ။
2)သူနေထိုင်ခဲ့သော ဂူနှင့်အနံ့ အသက်တူသောနေရာတွင်သာနေလိုသည်။
3)သွေးစုပ်လင်းနို့ဆိုတော့….သွေးအရသာကိုခုံမင်သဖြင့်…နောင်ဘ၀တွင်လည်းသွေးစုပ်ချင်သည်.
4)လင်းနို့ဘ၀မှာစိတ်ကြိုက် ..ပျံသန်းခွင့်ရသဖြင့်…..နောင်ဘ၀တွင်လည်း..အတောင်ပံပါလိုသည်…
5)လင်းနို့သဘာဝ ..ရှက်ကြောက်တတ်သဖြင့် ..လူမမြင်ရသောနေရာတွင်သာ…နေလိုသည်…

အဲ့လိုလေးတောင်းပြီးသကာလ …ဘုရားကိုမေးလိုက်တယ်…ဖြစ်လားပေါ့ ..agree လားပေါ့…
ဘုရားကလဲ သနားစိတ်ကလေးအခံရှိနေတော့….အမောင်လင်းနို့လေး…ထပ်စဉ်းစားအုံးမလားပေါ့….
လင်းနို့လေးကလည်း…ဘုရား..ကျွန်တော်ကို အဲ့လိုလေးပဲဖန်ဆင်းပေးပါလို့…ထပ်ပြောသတဲ့…

အဲ့ဒါနဲ့ …ဘုရားကလည်း….သက်ပြင်းတချက်ချပြီ……ဖန်ဆင်းပေးလိုက်တယ်တဲ့….
ဒါနဲ့လင်းနို့လေးကလဲ……..ညမွှေးပန်းလေး…..ဖြစ်သွားသတဲ့ကွယ်……

………………….

…………………..

…………………..

ညမွှေးပန်းကဘာလဲဟု မေးသော ..မဒီများ…..အန်းလီသုံးလို့ ဖြစ်မည်….
ညမွှေးပန်း = အမျိုးသမီးလစဉ်သုံးပစ်စည်း……အဟီး…..

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ