ပထမ မေးခွန်းရဲ့ အဖြေကတော့  ပြောင်းဖူးဖြစ်ပါတယ်…

ဒုတိယ မေးခွန်းရဲ့ အဖြေကတော့ ဆိုင်ကယ်စီးခြင်းကို ပြောတာပါ…

တတိယ မေးခွန်းရဲ့ အဖြေကတော့ သနပ်ခါးသွေးခြင်းကို ဆိုလိုတာပါ…

ဖြေပေးကြတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်… :D

အဖြေမှန်တဲ့ သူငယ်ချင်းတွေကလည်း နောက်ထပ်မေးတဲ့ မေးခွန်းတွေကို ဖြေကြည့်ပါဦးလို့ ဖိတ်ခေါ်အပ်ပါတယ်… :D

အပေါ်က အဖြေတွေရဲ့ အမေးက ဒီလိုပါ…

“ပထမမေးခွန်းက

မတိုမရှည် တထွာလောက် ထိပ်ပေါ်မှာ အမွှေးပေါက်…

အဲဒါက ဘာလဲ?

ဒုတိယမေးခွန်းက

တက်တက်ချင်းခွ၊ ခွခွချင်းအော်၊ အော်အော်ချင်းထွက်…

အဲဒါကရော ဘာလဲ? ဘာကိုဆိုလိုတာလဲ?

တတိယမေးခွန်းကတော့

ခံရတဲ့သူက ပက်လက်၊ လုပ်တဲ့ သူက ကုန်းကုန်း၊ ထွက်လာတော့ ပျစ်ပျစ်အရည်တွေ…

အဲဒါ ဘာလုပ်နေတာပါလိမ့်?

ရုတ်တရက် ရိုင်းတယ်ထင်သွားမယ် ထင်တယ်…

တကယ်အဖြေကို သိရင်တော့ မထင်လောက်တော့ပါဘူး…  :P”

About lu ta lone

lu ta lone has written 261 post in this Website..