သဂျီးဦးခိုမ် ရေးသား၍ သဂျီးဂဒေါ် မဒမ်ဗရောင်း ထုတ်ဝေသည့် ဗုဒ္ဓဘာသာအဆစ် စာအုပ်ထွက်ရာ နားမလည် ပါးမလည် ဝယ်သူများ ပိုက်ဘောမိကုန်သည်။ အကြောင်းမှာ အာရေဗျ၊ အူရဒူ၊ ဖာစီ၊ ဘင်္ဂါလီ ဘာသာတို့နှင့် ရေးထားသောကြောင့်ဖြစ်၏။ အတော်ဆိုးတဲ့လူ ပိုက်ဆံရှာတာ ရိုးရိုး မရှာဘူး၊ ဘာသာရေး ခုတုံးလုပ်တယ်  !@#$%.. အေးလကွာ ငါလဲအဟုတ်မှတ် ဝယ်မိတာ တေဇမ်း..။ ပွစိပွစိ ဆူညံပွက်သံ လျှံထွက်လာသည်…. သဂျီးကတော့ သူမဟုတ်သလို အေးအေး ဆေးဆေး ခလေးမွေး.. နောက်သာမီးလေးတယောက် ယူရန်ပင် စိုင်းပြင်းနေသည်..။

အဒဲ့ကောင် ခံပေါ့ကွာ.. အသနားဘူး။ ခွီးထဲမှ ပြောတိုင်းယုံ ရောင်းတိုင်းဝယ် မေးတိုင်းဖြေ.. ဟေ့ သခင်ဆိတ် မွေးဂျပါကွ… နို့သောက်၊ အသားစားလို့ရတယ်.. ကရိကထလည်း အများဘူး။ စားချိန်တန် ကွင်းထဲလွှတ်.. အိပ်ချိန်တန် ခြံမောင်းသွင်းယုန်ဘဲ။ သားပေါက်တကောင် ငါးထောင်၊ ဆယ်ကောင် တကောင်အပိုပေးတယ်…။ စာအုပ်အဝယ် ရောက်လာသူများ တွေဝေကုန်သည်။ ဆိတ်နှင့်စာအုပ်တန်ဖိုး တူနေ၍ဖြစ်သည်..။ ထိုအချိန်ဝယ် အနားရှိ လဖက်ရည်ဆိုင်မှ ထွန်းအိန္ဒြာဘို သီချင်းပျံ့လွင့်လာသည်။ မီးနဲ့ရေ ဘယ်ဟာကို ရွေးမဲ.. အိုးနာနာ ဒူးနာနာ…..။

ဖလော်ရှော်ပါ မာမွတ်ခိုမ်၏ deadသန

လုပ်သားပြည်သူကျီးခင်ဗျား.. ဒီစာအုပ်ဟာဆိုရင် မက္ကာမြို့နေ ကျနော် သခင်ဂျီး အာယာတိုလာ မာမွတ်ခိုမ် ကိုယ်တိုင် ကိုဘေးနွားဂျီး ဆယ်ကောင်တိတိ မီးကင်ပြီး နေ့ညမအိပ် ဘီယာလေးစုပ် နွားကင် မြည်းလိုက်နဲ့ အပတ်တကုပ် ရေးသားစီမံထားတာ ယုံကြပါ။ ဒဂယ်ဗာဗျာ.. ဟောသည့် ပုတ်လောက်ရှိတဲ့ ဘီယာဗိုက်ကြီးဟာ ခိုင်လုံတဲ့ သက်သေပါဗဲ..။ ဘီယာဗူးခွံတွေကတော့ ရောင်းစားလိုက်လို့ အရှိဒေါ့ဘူး….. သို့ပေသိ နွားရိုးတွေ အမှိုက်ပုံမှာ ရှိပါအုံးမယ်။ မယုံရင် အမှိုက်ပုံသွား တူးကြည့်ဂျပါ…။ သဂျီးကား ဘီယာမူးမူးနှင့် စွတ်ပြောလေပြီ။ လုပ်ပုံကိုလည်းကြည့်အုံး.. မစဉ်းမစား.. စာအုပ်ရေတသိန်း ပုံနှိပ်ပြီး တအုပ်ငါးထောင်နှုန်းနှင့် သိန်းငါးထောင် အပွကြံခြင်းဖြစ်ရာ…….. တွက်ရေးမှာ စက်သူဌေး ထွက်ကြည့်တော့ မီးမလာ… ဆင်ခြင်တုံမဲ့လွန်းလှသည်.. သနားစရာ အလျဉ်း မလိုချေ….. ဒင်းထိုက်နှင့်ဒင်း ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ်.. တရုတ်ပြည်ဈေးကွက်သို့ ငါတဘို့ ကုမ္မဏီပိုင်ရှင် ကြေးမုံဂျီး မှတဆင့် အီတွန့်ဗွမ် စနစ်ဖြင့် ပို့ရန်သာ ရှိချေတော့သည်။ ဆာယိုနာတား သဂျီးရေ ဆာယိုနာတား.. :harr:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 642 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး