Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ချောက်မြို့၊အမှတ်(၆)အောင်မြေရပ်ကွက်ရှိ သီရိရတနာခန်းမတွင် (၁၃၀၀)ပြည့်အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတု အခမ်းနားအားကျင်းပေ ရးကော်မတီ (ချောက်မြို့)နှင့်မြန်မာလူ့အဖွဲ့အစည်းများ သတင်းမီဒီယာများတွေ့ဆုံဆွေးနွေးပွဲအား အောက်တိုဘာ(၇)ရက်နေ့နေ့လည်(၁၂)နာရီ(၃၀)မိနစ်ချန်က ကျင်း ပ  ပြုလုပ်ခဲ့ရာ အခမ်းနားကျင်းပရေးကော်မတီဥက္ကဌ ဦးညိုသွေးမှအခမ်းအနားဖြစ်မြောက် ရေး   ဆောင်ရွက်နေမှုများ အားရှင်းလင်းပြောကြား၍ လည်းကောင်း၊ ဆိုင်းဘုတ်တင်ခွင့်မရ ရှိခြင်းကိုရှင်းလင်းပြောကြားခြင်းပြည်သူများ မှဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီးဆက်လက်၍ ဒုဥက္ကဌ ဒေါက်တာ ယ.ူဌေးမောင် မှ (၁၃၀၀)ပြည့်အရေးတော်ပုံသည်နယ်ချဲ့အားလက်နက်မပါဘဲတိုက်ခိုက်ခဲ့သည့်တိုက်ပွဲဖြစ်ကြောင်းပြောကြားခဲ့ပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အလုပ်သမား/လယ်သမား/ကျောင်းသား/ရဟန်းရှင်လူပြည်သူများညီညွတ်မှုဖြင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊အလုပ်သမား/လယ်သမား/ကျေင်းသား/ရဟန်းရှင်လူပြည်သူများလူ့အခွင့်အရေးရရှိရေးဆောင်ရွက်ရန်၊ဒီမိုကရေစီအရေးဆောင်ရွက်၍ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ရန်၊စစ်မှန်သောတိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆောင်ရွက်ရန်စသည့်အထက်ဖော်ပြပါကြေငြာချက်(၆)ချက်တို့အားထုတ်ပြန်ကြေငြာခဲ့သည် ဆက်လက်ပြီး ကော်မတီအတွင်းရေးမှူး ဦးသိန်းမြင့်မှ သမိုင်းကိုမေ့ပျောက်မသွားစေရေး အတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ တိုင်းရင်းသားရေးရာတာဝန်ခံ နန္ဒာစစ်အောင်မှ စက်တင်ဘာ(၁၈)ရက်နေ့တွင်(၁၃၀၀)ပြည့်အရေးတော်ပုံစိန်ရတုအခမ်းအနား ကျင်းပရေးကော်မတီ (ရန်ကုန်)ကိုဖွဲ့စည်းပြီးမြန်မာတစ်ပြည်လုံးတွင် ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ရေးအတွက်ေ ဆာင် ရွက် နေ ကြောင်း၊ကော်မတီမှအောက်ပါနိုင်ငံရေး ဦးတည်ချက်(၅)ရပ်အားချမှတ်ထားကြောင်း (၁)တစ်နေ့အလုပ်ချိန်(၈)နာရီ တစ်နေ့ လုပ်ခအနည်းဆုံး (၅၆၀၀) ကျပ်ရရှိရေးနှင့်အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး(၂)သိမ်းဆည်း လယ်ယာမြေအားလုံးပြန် လည်ရရှိရေးနှင့်တောင်သူ လယ်သမား အခွင့်အရေးအပြည့်အဝရရှိရေး(၃)ကျောင်းသားသမဂများ မဖျက်သိမ်းရေး၊တရားဝင်ရပ် တည်ခွင့်ရရှိရေးနှင့်ကျောင်းသားအခွင့်အရေး အပြည့်အဝရရှိရေး(၄) (၁၃၀၀)ပြည့်အရေးတော်ပုံစိတ်ဓါတ်ဖြင့် အလုပ်သမား၊ တောင်သူလယ်သမား၊ကျောင်းသားများနှင့် အတူပြည်သူလူထုတိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာ  ပေါင်းစုံသွေးစည်းညီညွတ်ရေး၊ (၅)စစ်မှန်သော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနှင့်ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ဖြစ်ထွ န်း   ပေါ်ပေါက်ရေးတို့ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည် အဆိုပါအခမ်းအနားသို့သတင်းမီဒီယာနှင့်လူမှု အဖွဲ့အစည်း များမှ ဦးမြင့်သန်း အာရှအလင်း ဂျာနယ်၊ပြေကျော်အောင် လူထုပုံရိပ်သတင်းဂျာနယ်၊ဇွဲမာန် ဧရာဝတီသတင်းဂျာနယ်၊ နေဝင်းစံ ဆရာသမဂ၊ရဲဝင်းနိုင် အလုပ်သမား သမဂ(ရန်ကုန်)၊ ထွန်းထွန်းနိုင် အလုပ်သမားသမဂ(ရန်ကုန်)၊နန္ဒာစစ်အောင် တိုင်း ရင်းသားရေးရာတာဝန်ခံကျောင်းသားသမဂ(ရန်ကုန်) ၊ဒေါ်သန်းသန်းဌေး၊ ဥပဒေ အကြံပေး တောင်သူလယ်သမားသမဂ၊ ဒေါ်မြနန္ဒာလင်း နယူးမြန်မာဖောင်ဒေးရှင်း၊ဦအောင်ဇေယျ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ဒေါ်အိရွှေစင်ညွန့် (၁၃၀၀)ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီ(ရန်ကုန်)တို့တက်ရောက်ခဲ့ကြသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..