‘မ’သုံးလုံးဘွဲ့ ပူပူနွေးနွေး ရထားသော ဦးကြောင်ကြီး နောက်ကွယ်မှ လက်သီးပုန်းထိုး အတိုက်ခံနေရသည်။ ၎င်းအား အမြီးရရ လျှာရရ လိုဂျင်သူ သာမီးလေးပေါင်းများစွာ ရှိသလို မလိုတမာ နင်ပဲငဆ သွားပုပ်လေလွင့် ပြောဆိုကြိမ်းမောင်း နေသူများလည်း ရှိဗေသည်။ အချို့ဆိုလျင် ကြောင်ကြီးရသောဘွဲ့ ဖြူသလား မဲသလားဗင် မသိ ဝင်ရောက်ဆွမ်းဂျီးလောင်း၏။ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်သွား၍ ပါးစပ်ထဲ ရောက်ခါနီး ဝက်သားတုံးဂျီး အပုတ်ချ ခံလိုက်ရသူ တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် အဆိုးဆုံးဗင်။ ထမီ စွန်တောင်ဆွဲ (သူ့အပြောဒေါ့ စကပ်အတွန့်) ရွာရိုးကိုးပေါက် နွားလှည်းပေါ် လော်စပီကာ လေးဖက်လေးတန် တင်၍ ဇာတ်သဘင်ကား ကြော်ငြာသဖွယ် ခေါက်တုံ့ခေါက်ပြန် မမောနိုင်မပန်းနိုင် ကြေငြာမောင်းထုလေသည်။

“ကြောင်ကြီးပေါ့အေ့… ဟိုဟာမနဲ့ ဖြစ်နေတာ ကြာလှပေါ့၊ ဖင်တောင်မရှိဒေါ့ဗူး၊ ပြားချပ်နေပီ….။ ဆီဒိုးနားမှာ နေ့တိုင်း ခြိမ်းတွေ့နေဒါ မပြား ခံနိုင်ရိုးလား”  “ဘာဆိုင်လို့လဲဗျ၊ သူတို့ဂျင်း ဖြစ်တာနဲ့ ဖင်မရှိဒါ” သင်္ဘောမှ လောလောလတ်လတ် ဆင်းလာသော ကရင်စီသွပ် နားမလည် ဖြစ်သွားသည်။ “ညည်းဂလဲအေ သင်္ဘောသား လုပ်ပီး အရန်ဂေါ။ ဟိုဒင်းနဲ့ဟိုဟာ ဆက်နေတယ်၊ ဟိုဟာလုပ်ရင် ဟိုဟာကုန်ရော” ချွတ်ကြည့်စရာ မလိုဘူး၊ အပြင်ဗန်း မြင်ယုံနဲ့ အတတ်ပြောနိုင်ဒယ်။” ရွာ အလည်လာသော ဟောင်ကောင် မြေကြွက်စ် ဦးကျောက်နှင့် မြန်မာပြည် ပြန်လာသော ရုရှားထောက်လှမ်းရေးဧဂျင့် ကရင်မလင် နှူးဘာဂီတို့ တယောက်မျက်နှာတယောက် ကြည့်လိုက်မိသည်။ နှုတ်မှ ထုတ်မပြောသော်လည်း မြွေမြွေဂျင်း ခြေမြင်ဂျ၏..။ စဂါးစဂါး ပြောဗာများ စဂါးဒဲမှ အကြံရ.. ဒင်းတို့အတွက် အသုံးလိုမည့် ပစ္စည်းတခု တွေ့လဗျီ။ မိန်းမယူပီးလျင် တင်ပါးဖုံးခါးရှည် ဂျာကင်အင်္ဂျာီ ခြစ်ခြစ်အတွက် ဆောင်ထားရပေမည်။

တရုတ်ကူမြူနစ် ကြေးမုံဂျီး ပေါက်ပန်းဈေး စဂါးကို catcatလန်ဘေးဗေးမှ အားတက်သရော ထောက်ခံသည်။ “ဟုတ်ပါ့ရှင်… ဒင်းဃ နှာဗူးဂျီး၊ အနံ့တထောင်းထောင်းနဲ့” နှာပိတ်နေ၍ ညှောင်နာနာ ဖြစ်နေသော အသံဖြင့် ဝင်ဆော်၏။ သူ့သူငယ်ချင်း မိုက်ဖော်မိုက်ဖက် အထုပ်အရှုပ် 4ဝရုပ် သူငယ်မဃလည်း မစားရသည့်ကြောင် လေးခွနှင့်ဖြောင် ဤသို့ ဘေးဝင်တီး၏။ “ကြောင်သူဒေါ် ငါးကြော်ခိုးဆိုတာ ဒါပေါ့အေ့၊ ဒင်းအကြောင်းပြောရဒါ သနဒယ်” ယခင်ဂဒေါ့ ကြောင်ကြီးအား အပြိုင်လုရင်း ရန်ဖြစ်ကာ ရွှေတိဂုံဘုရားပွဲ မြန်မာ့လက်ဝှေ့တွင် အသေ အကြေထိုးသတ်မည်အထိ အညှိုးကြီး ထားသူဂျများ အဂုဒေါ့ မမှီသည့် စပျစ်သီး ချဉ်ပေသည်တမုံ့။

“နေဗာအုံးဗျ၊ ‘မ’ သုံးလုံးဘွဲ့ပိုင်ရှင် ဘယ်နှစ်ယောက် ရှိနေလို့လဲ၊ သိထားတာ မိုးပြာမာမီမာမွတ်ခိုမ် တဦးထဲပါ။ အသစ်ပေါ်လာဗျံပီလား။” ဆင်ခြင်ဂျင်းပညာအကြောင်းတွေးရင်း သွေးတိုင်းအဝတ် လက်မောင်းနှင့်လည်ပင်း မှားပတ်တိုင်း၍ ဆရာဝံလိုင်စင် ပြုတ်သွားသူ ကဇော်သန့် သဒင်းစာပါ ပယ်ဖျက်ပေးသည့် နာမည်ပျက်စာရင်း တကိုင်ကိုင်နှင့် မေးခွန်းထုတ်ရာ ပါလထူဘွဲ့ ကျမ်းပြုနေသူ ဒေါက်ဒေါက် အေကေကေအိုမှ ထောက်ခံသည်။ “မဆိုင် ဝင်မရှုပ်နဲ့ ဒေါက်တာ… ကိုယ့်ဟာကို အိမ်ပြန် ဖုံတက်နေတဲ့ နားကြပ်ရှာ ဖုံသုတ်”  “ဟိုဒေါက်တာ ကြေးအိုး… အိမ်မပိုင် ခြင်လာ မရိုက်နဲ့၊ မှောက်လျက် ကြမ်းပြုဒါ အားမရ လူဂိုသွားပြု…” အာဝင်ချောင်မိသော ဆရာဝံနှစ်ဦး ကုတ်ချောင်းကုတ်ချောင်းဖြင့် လူအုပ်ထဲမှ ထွက်သွားသည်။

ကြောင်ကြီးနှင့် သဒင်းကြီးနေသော ခရစ်စတယ်လှိုင်း ကြေငြာချက်ထုတ် ငြင်းသည်မှာ “ကိုကိုကြောင်ကြီးနဲ့ သာမီး ရိုးရိုးသားသား ခြစ်တာပါ၊ ဆီဒိုးနားသွားဒါဂလည်း သူနဲ့အတူ သွေးပူ လေ့ကျင့်ခန်းလုပ်တာ၊ သာမီးဒို့ ဆိတ်ဖြူစင်တာ သာမီးဒို့ဗဲသိဒယ်၊ ဖြူသမှ ဆွတ်ဆွတ်ကို ဖြူနေဒါဗဲ ဖိုးဆိတ်ဖြူပါရှင်။” လူအုပ်စု အုပ်စုမြင်လျင် ဘင်္ဂါလီအရေးဖွရန် ကြံနေသော ဧဝဒီဂျီး၊ ဟဂျီနု၊ ဆလိုင်းဖင်ပြောင်တို့ ၎င်းတို့သယ်လာသည့် စမူဆာတောင်း ဘေးချကာ သံတွဲအရေး တောင်ကုတ်အရေး မကျေနပ်ကြောင်း လူဒဂါ လျောက်ပြောသဖြင့် ပွဲပိုဆူလာသည်။ မန်းမြို့မှ အလယ်ရောက်နေသော ကပေနှင့်ကရဲစည်ဒို့ဂါး လမ်းဘေးချထားသော စမူဆာတောင်းအား ပံ့သကူ အလှူမှတ်ခါ သာဓုခေါ်လျက် အချဉ်ရေမြိုင်မြိုင်ဖြင့် ထမင်းလွတ်တီးတော့သည်။ ထိုအချိန်ဝယ် ရွာလုံခြုံရေး ပတ္တရောင်လှည့်နေသော ကစံလှဂျီး လက်သီးလက်မောင်းတန်း ဝင်ရောက်လာ၍ ရုတ်ရုတ်သဲသဲ ဖြန်ကုန်ရာ… “အယ်မယ်လေး.. ဝဟာဒွေ ကုန်ပါပီ ကုန်ပါပီ၊ လုဒို့ ရန်ဖြစ်ချင် တနေရာသွား ဖြစ်ကြပါ၊ ဝဆီ လာမရှုပ်ကြပါနဲ့.. မိုးနတ်မင်း ကယ်ဒေါ်မူ…။

ထိန်းမရသည့်အဆုံး ကကြောင်ကြီးကိုယ်တိုင် ဝင်ရှင်းရဒေါ့သည်။ “ကျွဲရောင်းလာဂျသော ပိတ်သက်ကျီးခများ.. လူအုပ်ကြီးတခုလုံး ရေဖြန်းလိုက်သည့် မီးခဲအလား ရှဲကနဲ ငြိမ်ကျသွားသည်။ ကြောင်ကြီး၏ စွဲမက်ဖွယ်အပြုံး၊ တောက်ပသော ကိုယ်ရှိန်ကိုယ်ဝါ၊ ဩဇာတိက္ကမ ပြည့်စုံသော ကေသရာဇာ ခြင်္သေ့မင်းအသံ၊ တင့်တယ်ခန့်ညား ကိုယ်လုံးကိုယ်ပေါက် ဆက်ဆီကျလွန်းလှသည်။ အတင်းပြောနေသော ကြေးမုံဂျီး၊ 4ဝရုပ်၊ ဘေဗေးတို့ မည်သို့ မျက်နှာထား တင်းထားသော်လည်း အသနားခံ မျှော်လင့်နေသည့် မျက်လုံးများဂါး ငြင်းမရ.. သိသာလှသည်။ လွတ်သောငါး ကြီးသည်မှာ ဒင်းတို့မှအစစ်..။

“ပိတ်သက်ကျီးခများ.. အနော့်ဒို့ဂို မတရား စွပ်စွဲဒါဒွေ…. ရပ်သင့်ပါဗီ၊ ဒဂယ်ဒေါ့ ခရစ်လေးဃ အနော့် မွေးစား သာမီးလေးဗာ။” ကြေးမုံဂျီးမျက်နှာ ရှုံ့မဲ့ကာ ပါးစပ်မှ တလှုပ်လှုပ် ပြောဟန်ပြင်စဉ်.. “မှုန်ဂျီး… နေအုံး… ငါ့စဂါး မဆုံးသေးဗူး” သူ့ငယ်နာမည် လူဂျားဒဲ ခေါ်ခံရ၍ တွန့်သွားသည်။ ကြောင်ကြီးနှင့် လုံးဝမသိ ရွှီးထားသည်များ ပေါ်ကုန်လျင် ဒွတ်ခ။ catcatလန်ဘေဗေးနှင့် အထုပ်အရှုပ် 4ဝရုပ်တို့ဂါး ကြေးမုံဂျီးအပေါ် မျက်စောင်း တခဲခဲ… ဖွတ်ထွက်မှ တောင်ပို့မှန်း သိဂျပီ။ “ကျနော်ရတဲ့ “မ” သုံးလုံးဘွဲ့ဆိုဒါ “မောင်မြန်မာ” ဖြစ်ပါဒယ်။ မာမွတ်ခိုမ်လို အဝီဇိနရဲ ဇောက်ထိုးဆင်းမည့် မိုက်မဲမှု မသုံးလုံးနဲ့ သွားမရောဂျပါနဲ့။ ဖင်ပြားတယ် ဆိုတာကလည်း ကမ္မဌာန်း ထိုင်လွန်းလို့ပါ။ ပိတ်သက်ကျီး ယုန်အောင် လေပေါ်ပျံပြမယ်။” ပြောပြောဆိုဆို တိုက်နံရံဘေး လက်ထောက်၍ လေပေါ်ရပ်ပြလိုက်ရာ ဦးချသူချ ဆလံတိုက်သူတိုက် လက်ဝါးအုပ် ဆုတောင်းသူတောင်း ဖြစ်ကုန်ပြီး နော်ရွှီး သာမီးလေးဆိုလျင် သူဒေါ်ဆင် ကြောင်ကြီးနောက် လိုက်မည်ဒဂဲဂဲ ဖြစ်၍ သူ့ဘဲ နှူးဗာဂီမှ ကြိုးတုပ် အိမ်ပျံခေါ် သွားရသည် အထိဗင်…။

ဈန်ပျံ ညဏ်သန် မြန်ဆန် လှံတံ

ဈန်ပျံ ညဏ်သန် မြန်ဆန် လှံတံ

 

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး