အောင်လံမြို့မရဲစခန်းမှဒုရဲအုပ် ထွန်းထွန်းလင်းနှင့်အဖွဲ့မှသက်သေများနှင့်အတူ အောက်တိုဘာ(၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီ(၄၅)မိနစ်ချိန်က ရွာတောင်ရပ်ကွက် မြို့ပတ်လမ်းရှိ မတင်ဇာခိုင်  အောင်လံမြို့နယ်နေသူ၏ ကွမ်းယာဆိုင်နှင့်မုန့်မျိုးစုံ ဆိုင်အား နှစ်လုံးထီရောင်းချနေကြာင်းသတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ နှစ်လုံးထီစာရွက်စာတမ်းများနှင့်လောင်းကြေးငွေကျပ် (၁၉၄၅၀)တို့အား ကွမ်းယာခုံ အံဆွဲအတွင်းမှတွေ့ရှိခဲ့သဖြင့် သက်သေမျာရှေ့တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး အဆိုပါတရားမဝင် နှစ်လုံးထီလောင်းကစားပြုလုပ်သူ မတင်ဇာခိုင်အား အောင်လံမြို့မရဲစခန်းက (ပ)၇၅ /၂၀၁၃၊ လောင်းကစား ပုဒ်မ ၁၅(က) / ၁၆(က)ဖြင့်အမှုဖွင့်ထားကြောင်းနှင့်အဆိုပါနေ့ နေ့လည်(၁၁)နာရီ(၅၀)မိနစ်ချိန်က ချောက်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် သန်းမြင့်နှင့် အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူး ၏ လောင်းကစားဖမ်းဝရမ်းအမှတ် ၂၆/၂၀၁၃ ဖြင့်ချောက်မြို့ အမှတ်(၁၀)နယ်မြေ ပတ္တမြားရပ် ကွက် ရှိ  ကိုကိုဦး ၏နေအိမ်အား ဝင်ရောက် ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာ တွင် အသုံးပြုသော စာရွက်စာတမ်း များနှင့် လောင်းကြေးငွေကျပ်(၂၃၆၀၀)တို့အားသိမ်းဆည်းရမိသဖြင့် လောင်းကစားပြုလုပ်သူ ကိုကိုဦးအား သက်ဆိုင်ရာချောက် မြို့နယ်၊မြို့မရဲစခန်းက (ပ)၁၂၃/၂၀၁၃၊လောင်းကစားပုဒ်မ ၁၅(က)ဖြင့်အမှုဖွင့် ထားကြောင်းရဲမှတ်တမ်းများအရသိရှိရသည်။ မကွေးတိုင်းဒသကြီးအတွင်း စက်တင်ဘာ(၁)ရက်နေ့မှ(၃၀)ရက်နေ့အထိလောင်းကစားဖမ်းဆီးရရှိမှုစာရင်းအရ ချဲ(၃)မှု၊နှစ် လုံး(၂)မှု၊ဖဲ(၁)မှု ၊ဘောလုံး(၂)မှု၊ အခြား(၂)မှု စုစုပေါင်း(၁၀)မှု၊တရားခံ အမျိုးသား/အမျိုးသမီး(၁၇)ဦး၊သိမ်းဆည်းရမိလောင်း ကြေးငွေစုစုပေါင်းကျပ်(၅၀၀၉၀၀)သိမ်းဆည်းရမိခဲ့ကြောင်း မကွေးမြို့တွင်ချဲ၊နှစ်လုံးပျောက်ကွယ် သွားသော် လည်း ဖဲနှင့်ဘောလုံး (၁)မှုစီသာရှိကြောင်းဆက်လက်၍လည်းမကွေးတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုနှင့်အညီတိုင်းဒေသ ကြီးအတွင်း လောင်းက     စားမှုများ ကင်းစင်ပ ပျောက်အောင် အရှိန်အဟုန်ဖြင့် ဖမ်းဆီးဖော်ထုတ် သွားမည်ဖြစ်ကြောင်း လောင်းကစားဖမ်း ဆီးရေး ရဲတပ်ဖွဲ့မှပြောသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..