မျက်လုံးထဲမှာ

oapsoe kyiOctober 17, 20131min760

မှိုတစ်ပွင့်မှမပွင့်တဲ့အရပ်ဒေသမှာ

မိုးတစ်ရာသီကုန်သွားပြီ

နေရောင်ခြည်ရဲ့ အလိုတော်အတိုင်းဘဲလေ

ရေအိုင်တစ်ခုလိုနေထိုင်ခွင့်လေးပါဘဲ

ရွှေငါးတွေက ဟိုး အစကတဲက မရှိခဲ့တာမဟုတ်လား

သံလိုက်အိမ်မြှောင်ကို နှိုးစက်ပိတ်လိုက်တယ်

စစ်ထားတဲ့ရေနဲ့ စစ်ထားတဲ့ အမှိုက်တွေကြား

ကွဲနေတဲ့ ဖန်ခွက်တစ်လုံးရဲ့ရာဇဝင်အရ…

အဲ့ဒီတိတ်ခွေဟာ အဲ့ဒီအခန်းမှာ ဇာတ်သိမ်းခဲ့ပါတယ် ။

(အုပ်စိုးကြီး)