တောင်တွင်းကြီးမြို့နယ်၊ ဆည်ကြီးရွာနေ အသက်(၄၈)ရှိ အမျိုးသမီးသည် အောက်တိုဘာ(၁၅)ရက်နေ့နေ့လည်(၁)နာရီ ချိန်ကနေအိမ်၌ ထမင်းစားနေစဉ် ညီမဖြစ်သူရောက်ရှိလာပြီး တစ်ရွာတည်းနေ မောင်ဖြစ်သူ မိုးကျော်ဦးအား ယောက္ခမတော် သူ ဦးဖိုးလှ အသက်(၆၀)နှစ်မှ ဓါးဖြင့်ခုတ် တုတ်ဖြင့်ရိုက်သဖြင့်လဲကျနေကြောင်းပြောပြသိရှိရသဖြင့် ဒေသခံရာအိမ်မှူး ဦးကျော်စိုးမိုး နှင့်အတူသွားရောက်ကြည်ရှုရာ မိုးကျော်ဦး မှာ ဦးဖိုးလှ၏နေအိမ်လှေကားတွင်လဲကျနေသည်ကိုတွေ့ရှိရပြီး ဦးခေါင်းဝဲဘက်ဂျို စောင်း(၄)လက်မခန့်ပေါက်ပြဲဒဏ်ရာ၊ညာလက်မောင်းညိုမဲဒဏ်ရာ၊ညာပခုံးညိုမဲဒဏ်ရာ၊ညာနားအတွင်းသွေးထွက်ဒဏ်ရာ၊ညာ လက်သန်းနှင့်လက်ခလယ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိတွေ့ရှိခဲ့ကြောင်း မိုးကျော်ဦးမှာ၎င်းနှင့်ကွဲကွာနေသည့် ဇနီးဖြစ်သူအား သွားရောက်ခေါ်ယူစဉ် ယောက္ခဖြစ်သူ ဦးဖိုးလှနှင့်စကားများရန်ဖြစ်၍ ဦးဖိုးလှမှဓါးဖြင့်ခုတ် တိုတ်ဖြင့်ရိုက်ကြောင်းပြောပြသိရှိရသ ဖြင့် ဦးဖိုးလှအား အရေးယူပေးရန် မဌေးမြင့် မှတိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားနယ်မြေရဲစခန်း မှ (ပ)၁၂၄/၁၃၊ ပုဒ်မ ၃၂၅ / ၃၂၆ ဖြင့်အမှုဖွင့်ထားကြောင်းသက်ဆိုင်ရာရဲမှတ်တမ်းအရသိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..