မကွေးမြသလွန်ဘုရားပွဲတော်ကြီး ဆီမီးပူဇော်ပွဲကျင်းပ

Hlaing Zar ChiOctober 22, 20131min530

မကွေးမြို့၊မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၇၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် (၂၅)ကြိမ်မြောက် ဆီမီးပူဇော်ပွဲ အခမ်းအနားအား အောက်တိုဘာ(၁၉)ရက်နေ့ညနေ(၆)နာရီချိန်က မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်ပေါ်ရှိ မဟာအတုလ ရံသီတန်ဆောင်းအတွင်းကျုင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား နမောတ(၃)ကြိမ်ရွတ်ဆိုပြီးဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။ ဇယနေ္တာဂါထာရွတ်ဆိုပြီးလက်အုပ်ချီကန်တော့ခံ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အစိုးရအဖွဲ့ဝန်ကြီးများမှ ဆီမီးများအားကပ်လှူပူဇော်ခဲ့ပြီး ဗုဒ္ဓ္ဒသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ မြသလွန်ဘုရား ကြီး၏ဆီမီး (၉၀၀၀) ပူဇော်ပွဲအား အောက်တိုဘာ(၂၇)ရက်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည် ဆီမီးပူဇော်ပွဲအခမ်း အနားသို့အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ ၊ဂေါပက အဖွဲ့ဝင်များ၊ဧည့်သည်တော်များ စုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြသည်။ယခုနှစ် ဘုရားပွဲတော် မိုးရွာသွန်းခဲ့သော်လည်း ပွဲတော်လာပရိတ်သတ်များ ယမန်နှစ်က ထက် များပြားကြောင်းဒေသခံဂေါပက ရုံးမှပြောကြားသည်။