မင်းတုန်းမြို့နယ်၊ပုဇင်းဒါးကျေးရွာနေ စိုးသူ၊အသက်(၂၃)နှစ်သည် အောက်တိုဘာ(၂၀)ရက်နေ့ညနေ(၄)နာရီချိန်က ၏နေအိမ်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေး ချက် အရ မင်းတုန်းမြို့နယ်၊အလယ် ချောင်းနယ်မြေရဲစခန်း မှ စခန်းမှူး ရဲအုပ်သိန်းလွင်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးတို့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ စိုးသူတွင်ပြင်ပ ဒဏ်ရာ မတွေ့ရှိရဘဲ နေအိမ်ခေါင်မိုးကြွက်လျောက်တန်းတွင်ကြိုးတန်းလန်းဖြင့်သေဆုံး နေသည်ကိုတွေ့ရှိရသောကြောင့် အဆိုပါသေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိနိုင်ရန် မင်းတုန်း မြို့နယ် ၊အလယ်ချောင်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်  ၁/ ၂၀၁၃ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။

About Thiha Phone Mo

Thiha Phone Mo has written 23 post in this Website..