ထိုသတ္တဝါကို လူ ဟုခေါ်သည်
ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး ကြည်နူးကြဖူးတယ်
ကောင်းကင်ကငှက်တစ်ချို့ကိုကြည့်ပြီး လွမ်းဆွတ်ကြဖူးတယ်။
သစ်ပင်တစ်ချို့ကိုကြည့်ပြီး သံဝေဂတွေရကြဖူးတယ်
သစ်ပင်တစ်ချို့ကိုကြည့်ပြီး စိတ်ဓာတ်ခွန်အားတွေရကြဖူးတယ်။
လောကကြီးရဲ့သဘာဝအလှတရားတွေကို ခံစားကြဖူးတယ်
လောကကြီးရဲ့ သဘာဝအလှတရားတွေကို ဖျက်စီးကြဖူးတယ်။
ညရဲ့အလှတရားတွေကို စောင့်မျှော်ကြည့်ခဲ့ကြဖူးတယ်
ညရဲ့အလှတရားတွေကို မေ့လျော့စွာနေခဲ့ကြဖူးတယ်။
လူတစ်ချို့ကိုကြည့်ပြီး ပြုံးခဲ့ကြဖူးတယ်
လူတစ်ချို့ကိုကြည့်ပြီး မျက်ရည်ဝဲခဲ့ကြဖူးတယ်။
မြို့ပြကြီးကိုကြည့်ပြီး ပျော်ရွှင်ခဲ့ကြဖူးတယ်
မြို့ပြကြီးကိုကြည့်ပြီး စိတ်ညစ်ခဲ့ကြဖူးတယ်။
မူးယစ်စေတဲ့ အရာတွေကြောင့် မှားခဲ့ကြဖူးတယ်
မိမိအတ္တတွေ လောဘတွေ ဒေါသတွေ မာနတွေကြောင့် ပိုမှားခဲ့ကြတယ်။
အချိန်ရှိတိုင်း ပတ်ဝန်းကျင်ကို လိုက်ကြည့်ဝေဖန်ဖို့ သတိရကြပြီး
အချိန်ရှိတိုင်း မိမိကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ မေ့လျော့နေခဲ့ကြတယ်။
ိ
ထိုသို့သော သတ္တဝါများသည် ကျွန်ုပ်တို့ လူသားတစ်ချို့ပင် ဖြစ်ကြပါသည်။
ခိခိ..
ဟုတ်ပါရဲ့နော်…
Was this answer helpful?
LikeDislike“မိမိကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ မေ့လျော့နေခဲ့ကြတယ်”
ဒါလေးတော့သဘောကျတယ်…
တကယ်တော့ မေ့လျော့နေတာမဟုတ်ဘူးဗျ…
မိမိကိုယ်ကို ပြန်လည်ဝေဖန်ဆန်းစစ်ဖို့ ကြောက်နေတာ(ကျုပ်အထင်)
ဘာကြောင့်လည်းဆိုတော့…မကောင်းတဲ့အကျင့် တွေကို မပြင်နိုင်လို့ပဲ
Was this answer helpful?
LikeDislikeရွှေဘိုသား ပေါ်တော်မူလာပါလား။

ကြည့်ရတာ စတုတ္ထမြန်မာနိုင်ငံ ထူထောင်တော့မယ် ထင်တယ်။
လူဆိုတာ လူပါပဲ။
လူထဲက လူဖြစ်အောင်သာ ကြိုးစားကြပါစို့။
Was this answer helpful?
LikeDislikeလူတစ်ချို့ကို စိတ်ပျက်လို့
လူတွေထဲက လူဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ဒေါသဖြစ်လို့
ကိုယ်ရောင်ဖျောက်နေတာ မမ ရေ။
စတုတ္ထမြန်မာနိုင်ငံတော်ထူထောင်ဖို့က ဖေပေါက် နဲ့တိုင်ပင်နေရတယ်။
သိတယ်မလား အခြေအနေက ဦးနုလက်ထပ်ကထက်တောင် ပိုဆိုးနေတာဆိုတော့ သိပ်မလွယ်လှဘူး။
ဦးနုလက်ထပ်က ရောင်စုံသူပုန်တွေလေ အရောင်ကြည့်ခွဲလို့ရတယ် အခုဟာက အရောင်ဖျောက် ကိုယ်ဖျောက်သူပုန်တွေ ဘယ်သူတွေမှန်းတောင် မသိနိုင်ဘူး။
Was this answer helpful?
LikeDislikeရွှေဘိုသားလား
စတုတ္ထနိုင်ငံထူထောင်ဖို့လုပ်နေတာမဟုတ်ဘူးဗျ…..
အန်တီမမရဲ့…..
တူနှစ်ကိုယ်နိုင်ငံ
ထူထောင်ဖို့လုပ်နေတာ
ငိငိ….
Was this answer helpful?
LikeDislikemarblecommet ပြောမှ သတိရတယ် တူနှစ်ကိုယ်နိုင်ငံထူထောင်ဖို့ တဲ့
ကျနော်နဲ့ တူနှစ်ကိုယ်နိုင်ငံထူထောင်မယ်ဆိုတဲ့သူက အခုတော့ ပြေးသွားပြီဗျ နိုင်ငံထူထောင်ဖို့ စုဆောင်းရမှာတွေများတော့ မစောင့်နိုင်ဘူးတဲ့ အခု အလွယ်တကူဒီမိုကရေစီရထားတဲ့ နိုင်ငံကြီးထဲမှာ အေးအေးလူလူနေပြီး စာဖတ်နေမလား ပျော်နေမလား မသိဘူး။
Was this answer helpful?
LikeDislikeမောင်ကမ်း ကိုယ်ချင်းစာတတ်တယ်ထင်တယ်။
Was this answer helpful?
LikeDislikeထို ့ကြောင့်…
ကျွန်တော်သည်လည်း.. လူဖြစ်သည်…။
Was this answer helpful?
LikeDislikeရွှေဘိုသားလည်း ရွာကို ချောင်းချောင်းကြည့်နေပုံရတယ်။
ပြန်လာတာ ဝမ်းသာပါတယ်။
Was this answer helpful?
LikeDislikeချောင်းလည်းကြည့်ဖြစ်သလို သတင်းတွေကိုလည်း အမြဲ လူကြုံမေးဖြစ်ပါတယ်။
ဒီလိုပါပဲဗျာ တစ်နေ့တော့ အရမ်းနွေးထွေးတဲ့ ကိုယ့်ရွာလေးထဲ ပြန်လာရမှာပေါ့။
Was this answer helpful?
LikeDislikeကိုယ့်မျက်ချေး ကိုယ်မမြင် သူညား မျက်ချေးမြင် ဆိုသလိုပေါ့နော် ….
Was this answer helpful?
LikeDislike