မကွေးမြို့၊ရွာသစ်ပွဲကြိုရပ်ကွက် နတ်မောက်လမ်းရှိ မကွေးဟိုတယ်ခန်းမတွင်နံနက်(၉)နာရီ(၃၀)မိနစ်ချိန်က Internation Labour Organization( Freedom Of Association Programme) နှင့်အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန တို့ပူးပေါင်းကာ မကွေးမြို့အခြေစိုက်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊လုပ်ငန်းရှင်များအားဖိတ်ကြားခဲ့ပြီးအစည်းအဝေးကျင်းပပြုလုပ်ခဲ့ ကြောင်းအစည်းအဝေးတွင် Internation Labour Organization မှ နည်းပညာအရာရှိချုပ် Mr Patrick Quinn မှ အလုပ်သမား အသင်းဖွဲ့စည်းခြင်းနှင့်အလုပ်သမားအဖွဲ့အစည်းဥပဒေ အကြောင်း နှင့်အလုပ်သမားအငြင်းပွားမှုဥပဒေအကြောင်း တို့အားဆွေး နွေး ခဲ့ကြသည်။ ထိုဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးနှင့်စီမံခန့်ခွဲရေးဝန်ကြီး ဦးမြင့်နိုင်၊နေပြည်တော်အ လုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်တင်မာထွေး နှင့်မကွေးမြို့ အခြေစိုက်ဌာနဆိုင်ရာများ၊ဝန်ထမ်များ၊ လုပ်ငန်းရှင်(၆)ဦး၊အလုပ်သမား(၂၄)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..