ပျိုးမိခဲ့တဲ့ ပန်းကလေး

တဖြည်းဖြည်း အလှဝင်

ရချင်သူတွေများ

ပျားပိတုန်းက အကွက်ချောင်း

အပေါင်းပေါင်းသော အန္တရာယ်

ရှိလို့ရယ် မလာရအောင်

ကြံဆောင်ရ ဥယျာဉ်မှုးကောင်း

ရေလောင်းလို့ ပေါင်းသင်

ဆောင်းအဝင် နှင်းတွေကြား

နားဖို့ရယ်ဝေး

အို   ပန်းကလေးရေ

ထူးခြားစေတဲ့ သူ့အသွင်

မြင်သူတိုင်းကငေး

လှသွေးလည်းကြွယ်

ချစ်စဘွယ်ဟန်များ

အံ့အားသင့်စေ လူတိုင်းလေ

ထိုသို့သောအခြေ

ချူလိုသူတွေက များလာ

ခမျာသော ဥယျာဉ်မှုး

ခူးပိုင်ခွင့်ရယ် မရှိ

ကြည့်လျက်နှင့် အသည်းနာ

မတားသာ ဒီဘဝ

မညီမျှတဲ့ သည်အခြေ

သည်းကြွေလို့ လူပမ်း

အပူလမ်းက ဝေဒနာ

ဘယ်သူလာလို့ သိမလဲလေ ။

4a

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..