‘မဟုတ်တရုတ် ကြေးမုံဂျီးကို ဆန့်ကျင်ဂျ’ ဤဂါး ကမ္ဘာတလွှား သဲသဲလှုပ် အောင်မြင်ကျော်ကြား လျက်ရှိသော မြန်တျန့်ဂေဇက် သဒင်းစာ တည်ရှိရာ တဏှာဂေဇက်ရွာထိပ်မှ နံနက်စောစောစီးစီး လွင့်ပျံလာသံဖြစ်သည်….။ အော်ဟစ်ဆူပူနေသူမှာ သာမီးလေးများအား နေပူမိုးရွာမရှောင် လျှာကျွေးနေသည့် ဦးကြောင်ကြီး။ အရက်မူး သောင်းဂျန်းသည် ဆိုရအောင်လဲ အရက်ပျံ အနံ့ပင် မခံနိုင်ဂျောင်း လူဒိုင်းသိကြသည်။ ရပ်ထဲရွာထဲ အခြင်းချင်း စကားများ ရန်ဖြစ်လေသလား..။ ဒါလည်း မဖြစ်နိုင်၊ ကြေးမုံဂျီးတွင် ထိုကဲ့သို့ သတ္တိဗျတ္တိမရှိ၊ အိမ်ပေါက်စေ့ ရွာလည်လျောက် ကြောင်ကြီးအတင်းလှည့် ပြောတတ်သည်မှလွဲ အခြားအပို မလုပ်ရဲ။ ရွာထိပ်သင်ပုန်းဝယ် အကြိမ်ဖန်များစွာ နာမည်တပ် စိန်ခေါ်သည်ကိုတောင် ပြန်တုံ့ပြန်ရန်ဝေးစွ၊ ဘာရေးထားသည်ကိုပင် ကိုယ်တိုင် သွားမဖတ်ရဲ၊ တရုတ်ကူမြူနစ်ပါတီ အားကိုးနှင့် ထောင်ထောင်ထောင်ထောင် လုပ်ရဲသူသာဖြစ်သည်။

ကြောင်ကြီးဂါး ပိုမိုရဲတင်းလာဂျေပီ။ ကြေးမုံဂျီးကား ထုံးစံအတိုင်း တုပ်တုပ်မျှ မလှုပ်ဝံ့၊ တအိမ်လုံး မီးအမှောင်ချ ပြတင်းတံခါး အကုန်ပိတ်၍ ကုတင်အောက်ဝင်နေသည်။ စပ်စုသူများ အိမ်တံခါးခေါက် သတင်းမေးသည့်အခါ အတွင်းမှ ‘လူဂျီးတွေ အရှိဗူး၊ အလှူခံဆို ကန်တော့ပါသေးရဲ့’ မနှဲလေးသံဖြင့် ဖြေလေသည်။ နွေလည်ခေါင် ပစ်ချသည့်မိုးကြိုးဂို တရုတ်လုပ်ထီးနှင့် ကာနေရှာသော တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီးဗေတီး၊ သနားစဖွယ် အလျဉ်းမရှိချေ။။ (မှတ်ပလားကွ တရုတ်သဗုံ ကြေးမုံဂျီး..)

သို့သော်လည်း သူတော်ခြင်း သတင်းလွေ့လွေ့ ဆိုသည့်အတိုင်း ၎င်းဖက်မှ ပစ်ကူပေးမည့် ရွာသူားအချို့ ရောက်လာကြသည်ဝယ် အပ်နှင့်ထွင်းရမည့်အမှု ဒုံးပျံနှင့်ပစ်ရသည့်အထိ ကြီးကျယ်သွားလေတော့သည်။ ‘အဲလိုတော့ မပြောသင့်ဘူးအေ့၊ ဒါ လူမျိုးရေး ခွဲခြားတာ.. မြန်မာပြည်မှာမွေး မြန်မာပြည်မှာစား အတူတူပေါ့’ ‘ဟုတ်တယ်အေ၊ တချိန်က အမှားတွေ ပြန်မလုပ်သင့်တော့ဗူး။ ရွာတွင် ဘာကိစ္စရှိရှိ စွာစွာစွာစွာ လုပ်နေသည့် အပိုဂျီးအဖွဲ့မှ ကန့်ကွက်သံဖြစ်သည်။ သင်္ဘောသီးဝယ် ပြန်လာသော မစ္စတာဖောကလည်း ရတုံးရခိုက် ‘ လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီ၊ မဟာဗမာ လူမျိုးဂျီးဝါဒ သွပ်သွင်းနေသလော၊ စဉ်းစားဂျစေလိုပါဒယ်’ ဝင်ထောင်၏။ ထိုအခါ နားမလည် ပါးမလည် သူများပြောတိုင်း ယုန်ဒက်သော ခယစ်စတယ်လှိုင်းနှင့် နော်ရွှီး ပက်ကညောမလေးနှစ်ဦး တာလဘောဟင်းချက်နေရာမှ ရုတ်ခြည်း ထလာပြီးလျင် ‘ဟေး မကောင်းတိကောင်း တိကောင်းလားဟေ့…’ ဆိုဂါ ကေအန်ယူ အလံလွင့်လျက် ကရင်ဒုံးယိမ်း ထကလေသည်။

ဤသို့ ရှုပ်ရှပ်ခက်နေသည်ကို တာလီဘန် ဆလိုင်းဖင်ပြောင်၊ အေ့ဝဒီဂျီးတို့က အခွင့်ကောင်းယူဂါ အသေခံ ဗုံးခွဲမည်ပြုစဉ် ပက်ကညောယိမ်းနှင့်အပြိုင် ထပ်တရာလိမ်မယ် အကဆိုဂါ လူအုပ်တွင်းဝင်၍ လူပြိုလူအိုမရှောင် ဝင်နှိုက်၊ညှစ်၊လိမ်ဆွဲသော ဖြိုးခြစ်သူ ဦးဆောင်သည့် လိင်တူချသူများကြောင့် အကြမ်းဖက်သမားများအား ဖောက်ခွဲရေးပစ္စည်းများနှင့် လက်ပူးလက်ကြပ် ဖမ်းဆီးရမိတော့သည်။ သဂျီးဥခိုမ်ကလည်း လူ့အခွင့်အရေး ပဋိညဉ်ကြေငြာစာတမ်း ဖတ်ကည လူခြင်းအတူတူ ခွဲခြားဆက်ဆံခွင့် မရှိကြောင်း ခါတော်မှီ ဆေးဝင်သုတ်၏။ စင်ကာပူရ ဇွိမမက ရွာသင်ပုန်းဝယ် ပီကင်းဘဲကင်လုပ်နည်း ကပ်ခါ မသိမသာ ကြေးမုံးဂျီးအား ထောက်ခံသည်။

ကြောင်ကြီးဖက်ဝယ် ဘယ်သူမှ မရှိတော့ပြီမို့… အရူးကွက်နင်းကာ သိုင်းကွက်ပြောင်းရတော့သည်။ ‘အဟမ်း.. ဂလိုရှိပါတယ်.. .. ကိုကိုဒို့ မမဒို့ အထင်လွဲကုန်ဂျပီ၊ အနော့်ဆိုလိုရင်းက ကြေးမုံဂျီး တရုတ်မဟုတ်ဘူးထင်လို့ ဆန့်ကျင်ဂျလို့ ပြောချင်ဒါပါ။ အထက်အညှာ တောင်တွင်းကြီးမှာဆို ပျုအဆက်အနွယ်တွေ အများကြီးရှိပါဒယ်။ သူတို့ရုပ်တွေကြည့်ရင် တရုတ်အတိုင်းပါပဲ။ ပြီးတော့ မနုဿပြင်ညာရှင်များကိုယ်တိုင် ဗမာဆိုဒါ တိဗက်ကနေ ဆင်းသက်လာတာလို့ လက်ခံကြတယ်။ ဒဂယ်ဒေါ့လည်း လူသားအစ တရုတ်ကပါ။ အဲဒီကနေ မုန့်ကုလားမဲ ကြိုက်သူက အာဖရိကန် လူမည်းဖြစ်၊ မုန့်ပေါင်းကြိုက်သူက လူဖြူဖြစ်၊ ထန်းသီးမုန့်ကြိုက်သူက လူဝါဖြစ်၊ ခရမ်းချဉ်သီးချက်ကြိုက်သူက ရက်အင်ဒီးယန်း ဖြစ်ကုန်တာနေမှာ..။ အားလုံးဆန္ဒနဲ့အနော် တထပ်ထဲပါပဲဗျာ..။ ကဲကဲ ကြေးမုံဂျီးလည်း အိမ်ထဲပိတ် ငိုမနေနဲ့ဒေါ့၊ ထွက်ထွက်.. နေတောင် အတော်လင့်ပြီ၊ ဦးကြောင်ကြီးနဲ့ ဘုရားသွား ကျောင်းတက် အတူလုပ်ရအောင်………………။

စစ်သမီးကြေးမုံဂျီး ခြစ်မငြီးဆေးကုန်တီး ခွစ်အဟီးမေးတုန်သီး ဟစ်ပြီးဗေးပုံတီး..

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး