တန်ဆောင်မုန်းလပြည့်ည သန်းခေါင်ယံကျော် တာနဲ့ ဆောင်းဥတု(ဟေမန္တ)သို့ ကူးပြောင်းလို့သွားပါပြီ။ ဆောင်းဥတုဟာ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် နေ့မှ တပေါင်းလပြည့်ညလယ်အထိ ဆောင်းလေးလဖြစ် ပါတယ်။

မိုးဥတုနဲ့ဆောင်းဥတုအထူးဥတုပြိုင်ကာလမှာ အပူနဲ့ အအေး လေဒေါသနဲ့သလိပ်ဒေါသတို့ အားပြိုင်ကြပြီး ရောဂါဘယတွေဖြစ်ပွားနိုင်ပါတယ်။ မိုးဥတုမှာလေဒေါသ ကြီးစိုးမင်းမူခဲ့တဲ့အတွက် လေစာအခါးအရသာကို သွေး သားက တောင့်တသလို ဆောင်းဥတုအခါမှာတော့ သလိပ်ဒေါသကြီးစိုးမင်းမူတဲ့အတွက် သလိပ်ငြိမ်စာအချဉ် အရသာကို သွေးသားကတောင့်တပါတယ်။

အခုလို ဥတုနှစ်ပါးအားပြိုင်ကာလမှာ ဥတုနှစ်ပါး လုံးနဲ့သင့်မြတ်အောင် အခါးအရသာဖြစ်တဲ့ မဲဇလီဖူးကို ရှောက်ရည်၊ သံပရာရည်တို့နဲ့ချဉ်ချဉ်လေးသုပ်စားပါက ကျန်းမာရေးကိုကျေးဇူးပြုပါတယ်။ မိုးရာသီမှဆောင်းရာ သီအကူးဥတုနှစ်ပါးလုံးနဲ့ သင့်မြတ်တဲ့အတွက် ရောဂါ ဘယမဖြစ်ပွားအောင်ကာကွယ်ပေးပါတယ်။ သွေး၊ လေ၊ သလိပ်တို့ကို ညီညွတ်မျှတစေပါတယ်။ မဲဇလီဖူးကို အမြတ်တနိုးတန်ဖိုးထား စားသုံးခြင်းဟာ တိုင်းရင်းဆေး ပညာအမြင်နဲ့အလွန်သင့်မြတ်လှတဲ့ ရိုးရာဓလေ့ဖြစ် ကြောင်း တင်ပြလိုက်ရပါတယ်။

=========

နိုဝင်ဘာ ၁၀ ။ ယခုဘဏ္ဍာနှစ်အစမှ နိုဝင်ဘာလ ပထမအပတ်အတွင်း ကုန်သွယ်ခွန် (သွယ်ဝိုက်ခွန်)၊ ဝင်ငွေခွန် (တိုက်ရိုက်ခွန်)၊ တံဆိပ်ကောင်းခွန် နှင့် အောင်ဘာလေခွန်တို့မှ တစ်နိုင်ငံလုံး အခွန်ကောက်ခံရရှိမှုသည်  ကျပ် ၁၆၆၇ ဒသမ ၂၈၁ ဘီလီယံရှိပြီး ပြီးခဲ့သည့်နှစ် ကောက်ခံရရှိမှုမှာ ကျပ် ၁၁၆၄ ဒသမ ၁၂၈ ဘီလီယံဖြစ်ခြင်းကြောင့် ပြီးခဲ့သည့်နှစ် အလားတူ ကာလထက် ကျပ် ၅၀၀ ဘီလီယံကျော် ပိုမိုကောက်ခံရရှိကြောင်းသိရှိရသည်။
နိုဝင်ဘာ ၉ ။  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တင်သွင်းမည့်အချိန်ကို တစ်လ နောက်ဆုတ်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မြန်မာအစိုးရမှ  လူမှုအသိုက်အ၀န်း ၃၉၀၀၀ကျော်နှင့်အိမ်ထောင်စု ၂၆၅၀၀၀ကျော်အား Digital – T2 Set – Top – Box အလုံး ၃၀၄၀၀၀ကျော်အခမဲ့ပံ့ပိုးကုညီပြီး TVများအား Digital စနစ်ကူးပြောင်းခြင်းကိ  ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ဆောင်ရွက်သွားမည်ဟုသိရှိရသည်။
နိုဝင်ဘာ ၈ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမှ ရန်ကုန် တိုက်ရိုက်ပြေးဆွဲမည့် Biman လေကြောင်းလိုင်းသည် လာမည့် ဒီဇင်ဘာလ ၉ ရက်တွင် စတင်ပျံသန်းမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းများတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၇ ။ မြန်မာနိုင်ငံသား စီးပွားရေး လုပ်ငန်းအသီးသီးတို့၏ ဝန်ဆောင်မှုများနှင့် ပစ္စည်းများကို CB Bank Payment Gateway အသုံးပြု၍ အွန်လိုင်းမှ စတင်ရောင်းချနိုင်ပြီဖြစ်ကြောင်း အဆိုပါ စနစ် အသုံးပြုရန် လိုအပ်ချက်အနေဖြင့် ဝက်ဘ်ဆိုက်၊ ငွေပေးချေရန် သို့မဟုတ် ငွေလက်ခံရန် Online Payment Gateway (CB Bank မှ လုပ်ဆောင်မည်) ငွေစာရင်းရှင်းရန်နှင့် ငွေလက်ခံရန်အတွက် CB Bank ရှိ စာရင်းရှင် အကောင့်တစ်ခု လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၆ ။ KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားကြောင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်းအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။  နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်၍ နှစ်ရက်တာ ကျင်းပသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေ့လာသူ မစ္စတာဝမ်ရင်ဖန်၊ ပြည်ထောင်စုဝန်ကြီး ခြောက်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ ပါဝင် တက်ရောက်ခဲ့ပြီး UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် မြန်မာငြိမ်းချမ်းရေး စင်တာ MPC၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ MPC တို့ ပါဝင် တက်ရောက်ခဲ့သည်။
နိုဝင်ဘာ ၅ ။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းသိမ်းကြပ်မတ်ရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ၅၃ ဒသမ ၉၁၁ မိုင်သာ ကျန်ရှိတော့ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ရဲနှင့် ပြည်သူအချိုးမှာ ၁ အချိုး ၉၀၀ ရှိသော်လည်း ရခိုင်ပြည်နယ်တွင်မူ ၁ အချိုး ၅၀၀ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။
နိုဝင်ဘာ ၄ ။ မန္တလေးမြို့တော် အခြေစိုက် စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာများ စုစည်းကာ အလွှာစုံပါဝင်သော မန္တလေး စာပေစကားဝိုင်းကို နိုဝင်ဘာလ ၁၀ ရက်န့မှ စတင်၍ တစ်လလျှင် နှစ်ကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စကားဝိုင်း ဦးဆောင်စီစဉ်သူများထံမှ သိရှိရသည်။  မန္တလေး မြို့တော်တွင် ၁၉၇၀ ပြည့်နှစ်က ပြုလုပ်ခဲ့သော ဓမ္မဗိမာန် စာပေဝိုင်း၊ ဟံသာဝတီ စနေစာပေဝိုင်းတို့မှာ မြန်မာစာပေ လောကတွင် ထင်ရှားခဲ့ဖူးသည်။

နိုဝင်ဘာ ၂ ။ မြန်မာပြည်တွင်းကုမ္ပဏီများဖွဲ့စည်း မှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်မှုကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည့်အပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုလုပ်သာ ကိုင်သာ ရှိစေရေးအတွက် ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင်ရာတွင် မတည်ငွေရင်း ပမာဏနှင့် ကနဦး ထည့်ဝင်ငွေ ပမာဏ ကန့်သတ်ထားရှိခြင်းများကို ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်ဖြင့် ပယ်ဖျက်ပေးလိုက်ကြောင်းသိရှိရသည်။
မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်မှ BE (Aerospace proputsion & Flight vehicles) စက်နှင့် ပျံသန်းယာဉ် ပညာခွဲဌာနမှ နောက်ဆုံးနှစ် ကျောင်းသားများသည်  DAWN SWAZ အမည်ပေးထားသည့် အဝေးထိန်းစနစ်သုံး လေယာဉ်ကို တီထွင်ထုတ်လုပ်ပြီး စမ်းသပ်မောင်းနှင်ခဲ့ရာ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁ ။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက မော်တော်ယာဉ် နံပါတ်များကို ၄စလုံးမှစ၍ အင်္ဂလိပ်အက္ခရာ အဖြစ်သို့ ပြောင်းလဲပေးလျက်ရှိရာ နံပါတ်အဟောင်းများ ဖြစ်သော ၁က၊ ၂က နှင့် ၃က များကိုလည်း ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဦးရေ တဖြည်းဖြည်း ဝင်ရောက်မှု တိုးတက်လာလျက်ရှိရာ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၃ ခုနှစ် သြဂုတ်လ တစ်လအတွင်း ၄၉၂၆၀ ရှိခဲ့ကြောင်း သိရသည်။

kai

About kai

Kai has written 930 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.