သုံးဆယ်ဆရာတော်ကြီးအား.. အကြောင်းပြု၍…. မတရားစီးပွားရှာနေသူများရှိနေ

zaw mgAugust 5, 20101min802

ကျန်းမာရေးအတွက်လိုအင်ဆန္ဒတွေပြည့်ဝစေတယ်လို့ဆိုပီးနေ့စဉ် လူထောင်ပေါင်းများစွာလာရောက်

ဖူးမျှော်နေကြတဲ့သုံးဆယ်မြို့ကဆရာတော်ဘုရားကြီးအကြောင်းပြပီး လူတွေအမြတ်ထုတ်စီးပွားရှာနေကြတယ်လို့သိရပါတယ်။

အရင်ကဆို…….ဥက္ကံဆူးလေ…ကားတွေစီးရင်းအိမ်ပြန်နေကြကျွန်တော်… အခုတော့ကားစီးရတာဈေးကြီးသွားပါတယ်…….အပတ်စဉ်

မွေးရပ်မြေကိုပြန်နေကြ..ကျွန်တော်အိမ်ပြန်ရမှာလန့်လာပါတယ်.. ဘာလို့လဆိုတော့ဈေးပိုတောင်းလာတဲ့..ကားခတွေကြောင့်ဘဲဖြစ်ပါတယ်။

ကျွန်တော်တို့..နိုင်ငံမှာဘာသာ…သာသနာ..ထွန်းကားတာလည်းမပြောပါနဲ့… ဘာသာတရားအရမ်းလေးစားကြပါတယ်..ကြည်ညိုကြပါတယ်…

ဒါပေမယ့်ခက်တာက……….ဘာသာတရားကြည်ညိုသူတွေ….. လေးစားသူတွေကိုခုတုန်းလုပ်ပီး..

အမြတ်ထုတ်ကျတဲ့စီးပွားရေးသမားတွေဘဲဖြစ်ပါတယ်…………. အခုဆိုရင်ကားခတွေက..ရန်ကုန်ကနေ ဥက္ကံကို တစ်ယောက်၃၀၀ဝပါတဲ့…………အရင်က၁၀၀ဝကျပ်ပါ……..နောက်ပီး သုံးဆယ်-ကလာတဲ့ ရန်ကုန်သွားမယ့်ကားဟာလည်း ဥက္ကံ-ဆူးလေလို့အမည်တပ်ပီး………သခင်မြပန်းခြံမှာရပ်နားခွင့်ယူပါတယ်… ဒါကလည်းခရီးသွားတွေအဆင်ပြေလို့..ကောင်းတဲ့အစီအစဉ်ပါ…

ဒါပေမင့် ……..ဥက္ကံ-ဆူးလေ လို့..အမည်ခံပေမယ့် ဥက္ကံအတွက်..အခုဆိုလက်မှတ်မရောင်းပေးတော့ပါဘူး…………… ဒါလဲ..စီးပွားရေးသမားတွေရဲ့ကိုယ်ကျိုး တစ်ဘက်တည်းကြည့်တတ်တဲ့အကျင့်ပါ…………အခုဆိုဂျာနယ်တွေမှာလဲပါ……….. ဟိုမှာပါ..ဒီမှာပါ………နေရာတကာပါလို့..မြန်မာနိုင်ငံတစ်နိုင်ငံလုံးလူသိများကျော်ကြားနေပါပီ……

ဒီလို………ဗုဒ္ဒဘာသာဝင်တွေအတွက်………ကိုးကွယ်ယုံကြည်အားထားရာ. .ကြည်ညိုဖွယ်ကောင်းတဲ့ဆရာတော်ကြီးပေါ်လာတာ…….အလွန့်အလွန်ဝမ်းသာစရာပါ………

ဒါပေမယ့်………..မတရားလောဘကြီးစီးပွားရှာနေသူတွေအတွက်တော့ မလုပ်သင့်မလုပ်အပ်တဲ့..အပြူမှုတွေကိုရပ်သင့်ပီဆိုတာ……… အားလုံးကသိနေပါတယ်။

ဆရာတော်ကြီးဟာမေတ္တာ ဓါတ်နဲ့…လူတွေကိုလွမ်းခြုံပေးနေသလို…………… လူတွေဟာလည်းမေတ္တာပွားပြီး..လူအချင်းချင်း………. မေတ္တာထားနိုင်ကျပါစေလို့ဆုတောင်းအကြံပေးလိုက်ပါတယ်။

2 comments

  • loki

    August 6, 2010 at 5:00 am

    ဒါကတော့ ဒီလိုပါပဲ..ငရဲမကြောက်တဲ့သူတွေက တို့တိုင်းပြည်မှာ အများသား..ငရဲတောင်သူတို့ကိုကြောက်ရမလိုဖြစ်နေပြီ။တော်ကြာကူတို့ခ တစ်မတ်ကိုကန်ထရိုက်ဆွဲလိုက်ရင်ခက်ကုန်မယ်။.

  • winne

    August 6, 2010 at 7:22 am

    ဘာတွေ ဘယ်လို ဖြစ်ကုန်ကြတာလဲ။

Leave a Reply