မင်းဘူးမြို့နယ်တွင် လွန်ခဲ့သောနှစ်ပေါင်း(၃၀)ကရဟနာဟုသမုဒ်သည့် ဆရာတော်၏ရုပ်ကလပ်လောင်းပျောက်ဆုံးမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် နန်းတော်ကုန်းကျေးရွာ မင်းဘူး-မင်းလှကားလမ်းဘေးရှိ သာသနနုဂ္ဂဟကျောင်း ဝန်းအတွင်း ဂန္ဓာကုဋီတိုက်အတွင်းရှိ လွန်ခဲ့သောနှစ်ပေါင်း(၃၀)ခန့် (၁၂.၃.၁၉၈၃)ရက်ကပြန်လွန်တော်မူသွားခဲ့သည့် ဆရာတော် ဦးနိန္ဒိယ သက်တော်(၈၆)နှစ်၊ဝါတော်(၆၆)ဝါ၏ရုပ်ကလပ်အား မှန်ခေါင်းသွင်းလျှက်ထားရှိရာ အများပြည်သူများ ဖူးမျှော်ကြည်ညိုကတော့နိုင်ရန်ထားရှိခဲ့ရာ အောက်တိုဘာ(၂၉) ရက်နေ့နံနက်(၆)နာရီချိန်က လက်ရှိကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာမှ ဂန္ဓာကုဋီတိုက်တံခါးအားဖွင့်ကြည့်ခဲ့ရာသော့ဖျက်ထား ခြင်းမရှိဘဲ သင်္ကန်းဖုံးအုပ်ထားသည့် အရိုးစုများအားလုံး အဆိုပါ ဂန္ဓာကုဋီတိုက်အတွင်းရှိ မှန်ခေါင်းအတွင်းမှပျောက်ဆုံးသွား ကြောင်း သက်ဆိုင်ရာနန်းတော်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းသူမှပြောကြား၍သိရှိရသည်။အဆိုပါ ဆရာတော်ကြီးအား ရဟန္တာဟုသမုဒ်ကြကြောင်းလည်း ဒေသခံများကပြောကြားသည်။

အောင်လံမြို့နယ်တွင် ချောင်းရေတိုက်စားမှုကြောင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းပြတ်၍မီးလောင်ကျွမ်းမှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ် ကျောက်ဆည်ကျေးရွာ၏အရှေ့ဘက်ကိုက်(၄၀၀)ခန့်အကွာရှိ ဘွတ်ကြီးချောင်း အတွင်းဖြတ်သန်းသွားသည့် ပြည်-ဆားခါးသဘာဝဓါတ်ငွေ့(၁၄)လက်မပိုက်လိုင်းသည် အောက်တိုဘာ(၂၉)ရက်နေ နံနက်(၃) နာရီခွဲချိန်ခန့် က ချောင်းရေတိုက်စားမှုကြောင့်အနောက်ဘက်ကမ်းပါးထိပ်နှင့်ချောင်းအလယ်တို့တွင်ပိုက်ပြတ်ခဲ့သဖြင့် အနောက် ဘက် ကမ်းပါး ထိပ်နေရာမှစတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ၊အဆိုပါမီးတောက်သည်အမြင့်ပေ(၁၀၀)ခန့်မြင့် တက်လောင် ကျွမ်း ခဲ့ကြောင်း  သိရှိရသည်။မီးလောင်ကျွမ်းမှုကြောင့် ကျောက်ဆည်ကျေးရွာမှ ဦးမင်းလွင်၏ ပဲတီစိမ်း၊မြေပဲ ခင်း(၃)ဧက၊ဦးခင်မြင့်၏ ပဲတီစိမ်း(၁)ဧက၊ ဦးတင်ဇော်ဦး၏ ပဲတီစိမ်း(၅)ဧကတို့မီးလောင်ကျွမ်းပျက်စီး သွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့်လူ၊တိရိစ္ဆာန် နှင့်နေအိမ်များမီးလောင်ပျက်စီမှုမရှိကြောင်း ထိုမီးလောင်နေရာအား သက်ဆိုင်ရာ တီတွတ် (MOGE) မှ အင်ဂျင်နီယာ ဦးအောင်ကျော်ထွန်း နှင့်အဖွဲ့ရောက်ရှိပြီးသဘာဝဓါတ်ငွေပို့လွှတ်မှုအား ခေတ္တရပ်တန့်ထားနိုင်ခဲ့ ကြောင်းသိရှိရသည်။အခင်းဖြစ်နေရာသို့ဒေသခံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆင့်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးတင်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင်များမှထိန်းသိမ်းလျှက်ရှိကြောင်း ပျက်စီးဆုံးရှုံးမှုတန်ဘိုးအသေးစိတ်အား သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..