ခင်မောင်စိုး….ဒီမိန်းမကိုစိတ်ကုန်နေမိပြီ…..ခင်မောင်စိုးဒီမိန်းကလေးကို
စတွေ့ တုန်းကငါ့ အပေါ်တော်တော်အနစ်နာခံ…ငါ့ အပေါ်အမြဲကောင်းရှာသည်လို့ ပဲမြင်မိပါသည်။
ဒီမိန်းကလေးနယ်ကတတ်လာကာအလုပ်လုပ်နေရသည်မှာ…တစ်ယောက်တည်းမို့ ခင်မောင်စိုးသနားမသည်ကအမှန်
အားကိုးမရှိသည့် မိန်းကလေးကိုခင်မောင်စိုးအိမ်ရောက်လာကတည်းက   အိမ်မှာထမင်းဟင်းဝယ်စားစရာမလို တော့ 
အလုပ်သွားအလုပ်ပြန်ဒိုင်ခံချက်ပေးလေသည်။ ခင်မောင်စိုးထမင်းစားလျှင်လက်ဆေးရေကအဆင် သင့် ပင်….
ဒါကိုပါတ်ဝန်းကျင်ကခင်မောင်စိုးတစ်ယောက်ကံကောင်းလိုက်တာလို့ ချီးကျူးကြမြဲ….
ခင်မောင်စိုးအလုပ်ကပြန်လာလျှင်“မောင်စိုးရေနင်ကြိုက်တဲ့ ငါးဟင်းကိုရခိုင်ချက်လေးခပ်စပ်စပ်လေးချက်ထားတယ်”
ရေမိုးချိုးပြီးထမင်းစားတော့ လေ…ခင်မောင်စိုးမောပြေလေးပေါ့ ။…..
တစ်ခါတစ်လေခင်မောင်စိုးအရက်သောက်သည်။အိမ်မှာသောက်လျင်အမြည်းလုပ်ပေးနေကြပါ…..
ဒါကို  ခင်မောင်စိုးက  ငါ့ မိန်းမကတော်တယ်လိုက်တာကွာလို့ ပြောနေကြ…..
အခုတလောခင်မောင်စိုး  ဟိုဘက်ခန်းကမိန်းမတွေနဲ့ စကားပြောရင်အိမ်နောက်ဖေးမှအသံမျိုးစုံကြားရသည်။
ဥပမာ….အိုးပြုတ်ကျသံစလောင်းဖုံးလွတ်ကျသံ  တို့ ပေါ့ …
ပထမတော့ ရိုးရိုးသားသားလွတ်ကျတယ်လို့ …ခင်မောင်စိုးထင်ခဲ့ သည်။နောက်မှ….ထိုသို့ မဟုတ်မှန်း
ခင်မောင်စိုးသိလာရသည်။  ခင်မောင်စိုး  ဒီမိန်းမစိတ်ကိုသိလိုသောကြောင့်   တစ်ည  ထမင်းစားနေတုန်း
အိမ်ရှေ့ မှဖြတ်သွားသောမိန်းကလေး(အသိ)တစ်ယောက်ကိုထမင်းစားပါဦးလို့ ခေါ်လိုက်ကာမှ
ဒီမိန်းမသောင်းကျန်းတော့ သည်  ထမင်းစားခေါ်ရအောင်…“ဟိုဟာမကရှင့် မယားလားဟင်”
နှာဘူး ကထကိုထတယ်ဆိုပြီး   ခင်မောင်စိုးအားရန်လုပ်နေတော့ သည်။ခင်မောင်စိုးလည်း…..
ဒါမျိုးလုပ်လို့ ဘယ်ရလိမ့် မလဲဆိုပြီး….ထမင်းဝိုင်းကိုသိမ်းပြီး…အခန်းတံခါးကိုသေသေချာချာပိတ်ကာ
မိန်းမနဲ့ နဘန်းလုံးတော့ သည်။မိန်းမကိုထိုးသည်   ကန်သည်…ရိုက်သည်..
မိန်းမကလည်းမှီတဲ့ နေရာကိုကုန်းကိုက်သည်။  ပါတ်ဝန်းကျင်ကလည်းဝင်မဆွဲပေ….
နောက်နေ့ ထိုမိန်းမမျက်နှာယောင်ကိုင်းနေသည်။  ခင်မောင်စိုးပေါင်မှာလည်း…ကိုက်ရာများက
မြင်မကောင်းပေ…..။
ဒါမျိုး……ခင်မောင်စိုးကိုလာမလုပ်နဲ့ သေသွားမယ်…
ခင်မောင်စိုးတဲ့ ဟေ့ ….တစ်စိုးပဲရှိတယ်လို့ ကြိမ်းမောင်းလေသည်။
ပါတ်ဝန်းကျင်အတွက်ရယ်စရာနှစ်ယောက်ဟုသတ်မှတ်ထားသည်။အမှန်တော့ ……
ခင်မောင်စိုးရဲ့ အမည်အရင်းက“ခင်မေစိုး”ဖြစ်သည်…..
လူမှန်းသိတတ်ကတည်းကယောကျာင်္းစိတ်ဝင်နေသူတစ်ယောက်ဖြစ်သည်။
ယောကျာင်္းလေးတွေကိုလည်ပင်းဖတ်ပေါင်းကာ…ဖွန်ကြောင်တတ်သူဖြစ်လေတော့ သည်။
ချစ်ခြင်းမေတ္တာဖြင့် 
မိုးမင်းသား(၂၄.၁၁.၂၀၁၃)
About မိုး မင်းသား
မိုး မင်းသား has written 48 post in this Website..
သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။