၁၉၈၈ နောက်ပိုင်းကစလို့ မြန်တျန့်ပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် နည်းမျိုးစုံကြံဆ ကြိုးပမ်း အားထုတ်ခဲ့ဂျသဗျ။ အမှတ်ရလွယ်အောင် ခြစ်စနိုး အမည်ပေးရလျင်..

(က) ၈၈၈၈ အရေးတော်ပုံကာလ လူထုအားနဲ့ ရေးဆွဲမယ် ကြွေးကြော်တာမို့ ခြေတပေါင်ကျိုးကစားနည်း။

(ခ) ၁၉၉၀ ရွေးကောက်ပွဲ အန်အယ်လ်ဒီ အနိုင်ရပြီး အာဏာသိမ်း နဝတနဲ့ ထိပ်တိုက်တွေ့ ကြိုးစားတဲ့အခါ တုတ်နှစ်ချောင်း ကုလားမခြေထောက်လျောက်နည်း။

(ဂ) အဲဒီနောက်ပိုင်း သူပုန်လက်နက်ကိုင်တွေပါ ပါလာလို့ သုံးဘီးဖွတ်ချက်ကားစီးနည်း။

ဃ) အခုနောက်ဆုံး ဘွားဒေါ်ဂျီး၊ အစိုးမရ၊ လွှတ်တော်၊ စစ်တပ် လေးဖွဲ့ပေါင်းလုပ်မယ် ဆိုတဲ့အခါမှာတော့ လေးဖက်ထောက်သွားနည်း…။

chicken outသည် အန်အယ်လ်ဒီ သမိုင်းရိုင်းတော့မည်။

chicken outသည် အန်အယ်လ်ဒီ သမိုင်းရိုင်းတော့မည်။

 

တဆက်ထဲ ယနေ့ရရှိဒဲ့ ထူးခြားသဒင်းများဂဒေါ့…

ကင်ဗွန်းတပ် မင်ဂလာ

မြန်တျန့်နိုင်ငံဒေါ် အတွင်းရှိ သေရည်အရက် ထုတ်လုပ်သူများမှ ယမကာထုတ်လုပ်သူ လုပ်ငန်းရှင်အသင်းကို ဖွဲ့စည်းပြီးနောက် ဖာဘိများက ပြည့်တန်ဆာ ဇိမ်နန်းရှင်များအသင်း၊ ဆေးလိပ်ခုံများမှ ဗာဂျီးနီးယား အငွေ့ထူး ဖန်ဆင်းရှင်များအသင်း၊ ကွမ်းယာဆိုင်ရှင်များ၏ ဆေးပေါင်းခသူများအသင်း ပေါ်ပေါက်လာသဖြင့် စစ်အာဏာ သုံးကြိမ်သိမ်း တပ်မဒေါ်ဂျီးအားလည်း တိုင်းပြည်လက်တလုံးခြား ကယ်တင်သူများအသင်းဟု ခေါ်နေဂျသည်။

လေးဖက်ထောက်ပြ

ဖွဲ့ဇီးဗုံ အခြေခွင်ဥပဒေ ပြင်ဆင်ရေး ဘွားဒေါ်ဂျီး၊ စစ်တပ်၊ အစိုးမရ၊ လွှတ်တော် လေးဖက်ထောက် ဆွေးနွေးရန် ဒီချုပ်ဗဟိုအလုပ်မှုဇောင် ကော်မတီမှ ဆုံးဖြတ်ပြီးနောက် ဘာဆက်လုပ်ရမှန်း မသိ၍ ယင်းဆုံးဖြတ်ချက်အား ထောက်ခံဂျင်း၊ အတည်ပြုဂျင်း၊ မှတ်တမ်းတင်ဂျင်း၊ ပုံနှိပ်ဂျင်း၊ ထုတ်ပြန်ဂျင်း၊ ဖြန့်ဝေဂျင်းတို့ ပြုလုပ်ကြဂျောင်း ပါတီဝင်တဦးထံမှ သိရသည်။

ဒဂျီးလိုက်မယ် ချန်မထားနဲ့

မြန်တျန့်သမဒဂျီး ဦးသိန်းစိန်နှင့် မြန်တျန့်ပါတီ အုတ်ကထ ဘွားဒေါ်ဂျီးတို့ ပြည်ပခရီး ခဏခဏ ထွက်နေရာ ၂၀၁၅ သမတရာထူး ဆိတ်ကူးယဉ်လျက်ရှိသော မြန်တျန့်ဂေဇက်သဂျီး မာမွတ်ခိုမ် ခေတ်နောက်ကျမည်စိုး၍ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ ဘုရားဖူး ထွက်မည်ဖြစ်ပြီး အပြန်တွင် အီရန်နိုင်ငံ တီဟီရန်မြို့တော်သို့ဝင်ကာ အယာတိုလာ ဆလိုင်းဖင်ပြောင်၏ ဩဝါဒ ခံယူမည်ဖြစ်သည်။

မာမွတ်လျှာပွတ်

မြန်တျန့်စစ်အစိုးမရ လက်ထက် အမည်ပျက် ဘလက်လစ် ၂၈၀၀၀ အနက်မှ ၂၅၀၀၀ကို ပယ်ဖျက်ပြီးနောက် ကျန်၃၀၀၀မှာ နိုင်ငံဒဂါရဲအဖွဲ့ စာရင်းပေါက် ဖြစ်နေ၍ ဆက်လုပ်မရနိုင်ကြောင်း သမဒရုံးဝံဂျီး ဦးအောင်မင်း ပြောကြားလိုက်ရာ အစ္စလာမ်မစ် အကြမ်းဖက် ဂျီဟက်လှုပ်ရှားမှုနှင့်အပြိုင် ဘတ်စ်ကားများပေါ် နှမသားဂျင်း မစာနာ ဂျီဟပ်ဂျီထောက်ခဲ့သူ နှာပွတ်မာမွတ်ခိုမ် အိမ်ပြန်ခွင့် ဆုံးရှုံးသွားဗီဖြစ်သည်။

သားဂေါင်းရတဏှာ

ပြည့်တန်ဆာဇိမ်ခန်းအတွင်း အသွင်ယူသက်သေအဖြစ် နံပါတ်မှတ်ထားသော ပိုက်ဆံနှင့်အတူ ဗော်လံတီယာ အောင်ပုအား ဧည့်သည်ဟန်ဆောင် ပျော်ပါးခိုင်းပြီး ဝင်ရောက်ရှာဖွေရာ တရားခံများစွာ ဖမ်းဆီးရမိသော်လည်း တာဝံသိပြည်သူ ဘွပု (ခ) မိုက်ခဲဂျော်နီအောင်ပု ထိုနေရာတွင်ပင် ဟက်အတက်ခ် နှလုံးခုန်မြန် သေဆုံးသွား၍  တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်သွားသူအဖြစ် မှတ်တမ်းဝင်သွားသည်။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး