ဒီနေရာမှာ စကားစပ်မိလို့ ကြားဖူးနားဝ ဟာသလေးတခုကို ကျွန်တော် ပြောပြကြည့်ချင်ပါတယ်။

နိုင်ငံရေးဆိုတာ …တဲ့….ဆက်စီကျတဲ့ ရေကူးဝတ်စုံ နဲ့ တူတယ်…တဲ့။
ပြထားတာတော့ အများကြီးပဲ…တဲ့။ အဓိကကျတဲ့ နေရာကိုတော့ သိုဝှက်ထားတယ်..တဲ့။

 

6. Cristina Fernadez de Kirchner

လက်ရှိအာဂျင်တီးနားရဲ့ သမ္မတခရစ်စတီးနားကို CFK လို့ ချစ်စနိုးခေါ်ကြပါတယ်။ ယခင် က အာဂျင်တီးနားဖတ်စ်လေဒီနဲ့ ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့ဖူးတဲ့ Eva Peron ကို အမွေဆက်ခံသူလို့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ လူသိများပါတယ်။ မှန်ပါတယ်။ ခရစ်စတီးနားဟာအီဗာလိုရုပ်ချောပါတယ်။ အီဗာလိုပဲထက်မြက်ပြီးလက်တင်အမေရိကမှာအထင်ကရရှိလှတဲ့ အင်ဂျင်တိုင်းသားတွေကိုကောင်းမွန်စွာဦးဆောင်နိုင်စွမ်းရှိပါတယ်။ ၅၅ ဦးမြောက် အာဂျင်တီးနားသမ္မတခရစ်စတီးနားဟာသူမရဲ့ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရုပ်ရည် နဲ့ မဲအများအပြားရခဲ့ပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို သိတ်မကြာခင်မှာ … လာတော့မဲ့ ဖောက်ကလန်ကျွန်းကိစ္စ ကိုဖြေရှင်း ပြီးမှားယွင်းကြောင်းသက်သေပြပါလိမ့်မယ်။


5. Ruby Dhalla

အိန္ဒယနွယ်ဖွားကနေဒီယန်းလွှတ်တော် အမတ် ရူဘီကတော့ ကနေဒါမှာ သြဇာတိက္ကမကြီးတဲ့ အလုပ်သမားပါတီရဲ့ အဖွဲ့ဝင်တစ်ဦးပါ။လွှတ်တော်အမတ်ဖြစ်တဲ့ အချိန်မှာအသက် ၃၀ အရွယ်ပဲရှိပါသေးတယ်။ အိန္ဒယခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အင်ဒီရာဂန္ဒီ က သူ့ကိုရွှေရောင်တောက်ပနေတဲ့ အနာဂတ် လို့ နမိတ်ဖတ်ခဲ့ပါတယ်။ အခါအားလျော်စွာရှိတဲ့ တနေ့မှာအိန္ဒိယမှာ ပြန်လည် အခြေချဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။ ပြိုင်ဖက်တွေနဲ့ ပါတီတွင်းလုပ်ဖော်ကိုင်ဖက်တွေက ရူဘီရဲ့ အသားအရေကို အလွန်သဘောကျကြပါတယ်။ ရွှေမှုန့်စားပြီးမွေးဖွားတယ် ဆိုတဲ့ စကားကို ရူဘီကို တွေ့မှ ယုံကြည်တော့တယ် လို့ နိုင်ငံရေးသမားများကဆိုကြပါတယ်။


4. Sarah Palin

အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်း မှာယောင်္ကျားတကာတို့ ငေးမောကြည့်ရှူရလောက်အောင် လိင်ဆွဲဆောင်မှုအားကောင်းပြီးလတ်ဆတ်တဲ့ အလှတရားတို့နဲ့ ကြွယ်ဝတဲ့ မိန်းမသားနှစ်ဦးရှိပါတယ်။ နှစ်ဦးစလုံး က ချောမောလှပတာချင်းလဲတူပြီးထက်မြက်တဲ့ဥာဏ်ပညာရှိတာခြင်းလဲတူပါတယ်။ တစ်ဦး က ဟီလာရီကလင်တန် ဆိုရင် နောက်တဦးကဘယ်သူများပါလိမ့်….။ လာမည့် ရွေးကောက်ပွဲတခုခု…မှာ သမ္မတဖြစ်လာဖို့အထိရေပန်းစားလှပါတယ်။
လူတကာ က အစိုးရအဖွဲ့တခုခုမှာ ကြီးမားတဲ့ ရာထူးရှိလာနိုင်တယ် လို့ ခန့်မှန်းနေကြပေမဲ့ သူမကအခုအချိန်မှာ ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း အဆင့်သာရှိပါသေးတယ်။ နိုင်ငံရေးသမားတစ်ဦးထက် နူးညံ့စွာ လှပတဲ့ ကျောင်းဆရာမတစ်ယောက် နဲ့ ပိုတူနေတဲ့ ဆာရာပါလင်းဟာ အလာစကာ ပြည်နယ်အတွက်တော့ ပန်ထွာဘုရင်မပါပဲ။ ထူးဆန်းတာတခုကသူမရဲ့ အားသာချက် နဲ့ အားနည်းချက်ဟာ တခုတည်း ဖြစ်နေတာပါပဲ။ သူမဟာအလွန် စမတ်ကျပြီး စကားပြောတာကအစ ခပ်ထက်ထက်ဆိုတော့ တော်ရုံတန်ရုံ ၀ါနုတဲ့ နိုင်ငံရေးသမား ပေါက်စလေးတွေဟာသူမ ရှ့မှောက်မှာ အိုးတိုးအန်းတမ်း ဖြစ်သွားရလေ့ ရှိပါတယ်။ ဒါဟာသူမရဲ့ အားသာချက်ပါ။ ရီပါပလီကင် က အမတ်တဦး က ဆွေးနွေးပွဲတွေ ပြုလုပ်တဲ့ အခါမှာဆာရာရဲ့ အလှတရား က စိတ်အနှောက်အယှက်ဖြစ်ရတယ်…လို့ ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။
ဆိုလိုချင်တာက အစောကပြောခဲ့သလိုမျိုးပဲ အရမ်းလှပြီး လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ရှိလွန်းနေတဲ့အတွက် တချို့တိုင်းရေးပြည်ရေးနဲ့ ပတ်သက်တာတွေကို မဆွေးနွေးဖြစ်ပဲ လူကို စိတ်ရိုင်းစိတ်မိုက်တွေ ၀င်လာစေတဲ့ လှုံ့ဆော်မှုကို သွယ်ဝိုက်ပြီး ဖြစ်ပေါ်လာစေပါတယ်။ ဒါဟာ သူမအတွက်တော့ (အံ့သြစရာကောင်းလှတဲ့) အားနည်းချက်တခုပါပဲ။

ဆာရာပါလင်းကတော့ ဒီအလှတရားတွေဟာတမင်လုပ်ယူထားတာမဟုတ်ဘူးလို့ ငြင်းရှာတယ်။
ကျန်းမာရေးလိုက်စားတဲ့ အတွက် သူမရဲ့ ခန္ဓာကိုယ်ဟာ ကျစ်လစ်သွယ်လျပြီး နိုင်ငံရေး လောကသားတွေအတွက် အိပ်ရာဝင် အိပ်မက်တခုသာ ဖြစ်နေစေတာလို့ ဆိုပါတယ်။ ကျန်းမာရေး မဂ္ဂဇင်းတွေနဲ့ ထင်ပေါ်ကျော်ကြားတဲ့ စာနယ်ဇင်းအဖုံးတွေမှာ အမြဲလိုမော်ဒယ်ဖြစ်နေလေ့ရှိတဲ့ ဆာရာပါလင်းဟာ ရုပ်ရှင်နယ်ပယ်ထဲ ၀င်ဖို့ ဆန္ဒမရှိပါဘူး။ ဒီအကြောင်းကိုအင်တာဗျူးဖို့ FoxNews က ကမ်းလှမ်းတဲ့အခါမှာ စကားတခွန်းကို (one word လို့ သုံးပါတယ်…) ၁၅ ဒေါ်လာပေးခဲ့ရပါတယ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံလောကမှာ ရုရှ ရဲ့ အခန်းကဏ္ဍကို ဖယ်ထုတ်ချင်တဲ့စိတ်ရှိသူ ဖြစ်လို့ အိုဘားမားရဲ့ မျှခြေရှိ ငြိမ်းချမ်းရေး လမ်းစဉ်တွေနဲ့တော့ သိတ်မကိုက်ညီလှပါဘူး။
ဒါကြောင့် ရီပတ်ပလီကင် နိုင်ငံရေးသမားတွေ အတွက် စာသားတခု တိုးလာပါတယ်။
သူတို့ပြောကြတာက ….ဆာရာပါလင်းရဲ့ အမြင်တွေကိုလက်သင့်ခံနိုင်မှ လက်သင့်ခံဖြစ်လိမ့်မယ်။
ဒါပေမဲ့ ဆာရာပါလင်းလှတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ကြဘူး…တဲ့။


3. YuliaTymoshenko

နှင်းတွေ ပိန်းပိတ်အောင် ဝေလွင်နေတဲ့ ဆောင်းမနက်ခင်းမှာသိမ်မွေ့တဲ့ ပန်းပွင့်ကလေးတစ်ပွင့် ကို နူးနူးညံ့ညံ့ ငေးကြည့်ဖူးပါသလား။
ယူကရိန်းသားတွေကတော့ အဲဒီတောက်ပတဲ့ ကံကောင်းမှုကို ရခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူလီယာဟာယူကရိန်းသမ္မတအဖြစ် နှစ်ကြိမ် ထမ်းဆောင်ခဲ့လို့ပါပဲ။ ၁၉၆၀ ကမွေးဖွားခဲ့ပါတယ်။ Forbes မဂ္ဂဇင်းကြီးက သူမကို ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးစာရင်း မှာထည့်သွင်းပြီးမျက်နှာဖုံးတင် ချီးမြောက်ခဲ့ပါတယ်။ ကနေဒါ သတင်းစာတွေနဲ့ ယူကရိန်းသတင်းစာတွေဟာ ယူလီယာအကြောင်းမပါရင် ရောင်းအားကျလေ့ရှိတယ် လို့ အဆိုရှိကြပါတယ်။ ၂၀၀၄ ခုနှစ်မှာ ယူကရိန်းမှာ လိမ္မော်ရောင် တော်လှန်ရေး ဖြစ်ပွားတဲ့အခါမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီးနေရာရလာခဲ့သူတစ်ဦးပါ။ ဒါကြောင့် ယူကရိန်းသူတွေက ဒဏ္ဍာရီထဲက သူရဲကောင်းမလေး ဂျုန်း ဆိုပြီးတင်စားလေ့ရှိကြပါတယ်။
မင်းသားကျော်သူနာမည်ကြီးစက…လွယ်အိတ်မှာထုံးတဲ့ ကျော်သူထုံး ဆိုပြီးနာမည်ကြီးသလိုမျိုး ယူလီယာရဲ့ ကျစ်ဆံမြီးဖက်ရှင် ဟာ ယူကရိန်းသူတိုင်းအတွက် ပွဲနေပွဲထိုင်တွေမှာ မထုံးမဖြစ် ထုံးကြလေ့ရှိတယ်။
ဒီကျစ်ဆံမြီးလေးတွေကို ပိုက်ထွေးချင်တဲ့ နိုင်ငံရေးသမား ယူကရိန်းသားတွေ များပြားခဲ့ဖူးတာကတော့ အမှန်တရားတခုပါပဲ။

About ဇေယျာစံ

zay san has written 5 post in this Website..

~ လူစွမ်းကောင်းများ သည် အတွင်းခံဘောင်ဘီ ကို အပြင်ထုတ်ဝတ်ကြ၏