ကျွန်တော်အမြင်တွင် အချို.သူများ.  က တစ်ခါတစ်လေ အမှန်တရားခေါင်းစဉ်အောက်ဝင်ပြီး သူရဲကောင်းဖြစ်လိုစိတ်က လွန်လွန်ကျုးကျုး ရှိတတ်ကြသည် ။ ကိုယ်.ပေါင် ကိုယ်လှန်ထောင်းရဲခြင်းကို ကြီးမြတ်သော စွန်.လွှတ်မှုအဖြစ် မှတ်ယူတတ်ကြသည် ။ ဖြစ်စဉ်တိုင်းကို အတိတ် ၊ ပစ္စုပ္ပာန် ၊ အနာဂတ် တို.ထက် ကိုယ်လိုသော တစ်နေရာကိုသာ ဆစ်ပိုင်းကြည်.တတ်ကြသည် ဟုမြင်မိသည် ။

 

994669_427413380719867_687636304_n copy

ယခုကျွန်တော်တို. ၂၇ ကြိမ်မြောက် အရှေ.တောင် အာရှ အားကစားပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ကို မြန်မာ.ရိုးရာခြင်း ( အမျိုးသမီး ) ဖြင်. အရ ယူနိုင်ခဲ့ပြီဖြစ်သည် ။ ရမှာပေါ. ဒါကို ဘယ်သူမှမှ မကစားတတ်တာ ၊ ကိုယ်.နိုင်ငံမှာ လုပ်တယ်ဆိုပြီး မတရားလုပ်ယူတာဟု အပေါ်တွင်ပြောခဲ့သော ကိုယ်.ပေါင်ကိုယ်လှန်ထောင်းရင်း အမှန်တရားမြတ်နိုးသူများ ခေါင်းစီးတပ် ပုဂိုလ်တို.က ဆိုကြပေမည် ။ ဟုတ်ပါသည် ။ဒါမျိုး ကျွန်တော်တို.က ခုမှ လုပ်တာ ၊သူများနိုင်ငံတွေက လုပ်လာတာ ၄၄ နှစ် ရှိနေပါပြီဟုပင်ပြောရမည်ဖြစ်သည် ။ အားလုံးက အမှန်တရားတစ်ခုတည်းကိုသာ မြတ်နိုးနေသည်ဟု မထင်ပါနှင်. ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ကို မထိခိုက်သမျှတော. ဘယ်နိုင်ငံမဆိုအမှန်တရားကို ၊ လူပုဂိုလ်ကို ၊ ၀ါဒရေးရာကိုချစ်ပြတတ်ကြပါသည် ။ တစ်ခုပဲကွာသည်က အချို.နိုင်ငံတို.က စကားပြောချိန် ၊ အသံ့တိတ်နေရမည်.အချိန်ကို တိုင်ပင်စရာမလိုပဲ အားလုံးကွက်တိကျနေတတ်သော်လည်း ကျွန်တော်တို.ကတော. တစ်ယောက်တစ်ပေါက် ဖြစ်နေတတ် တာသာကွာပါသည် ။

တကယ်ကလည်း ယခုမိမိတို.အိမ်ရှင် ဘ၀ တွင် ဤ အားကစားကို ထည်.သွင်းခွင်.ရဖို.ကြိုးစားခဲ့ကြသည် ။သို.သော် ကျွန်တော်တို.၏ ရိုးရာ ခြင်းလုံးသည်အပြည်ပြည်ဆိုင်ရာ ပိုက်ကျော်ခြင်း၏ အစိတ်အပိုင်း တစ်ခုအဖြစ်သာ ရပ်တည်ခွင်.ပေးခဲ့ခြင်းဖြစ်သည် ။ ထို.အတူ မြန်မာ.စစ်တုရင်ဆိုလျှင်လည်း ယခုပြိုင်ပွဲတွင် ထည်.သွင်းခွင်္င်. ပြုခဲ့သော်လည်းထိုနာမည်နှင်.ပင် ရပ်တည်ခွင်.မရခဲ့ပါ ။အခြားနိုင်ငံတို.က သူတို.အိမ်ရှင်ဖြစ်ချိန်တွင် သူတို.ရိုးရာကစားနည်းမျိုးစုံ ထည်.သွင်းကြသလို သူတို.အားသာချက်မရှိသော ကစားနည်းတို.ကိုချန်ထားခဲ့စဉ်က မိမိတို.အနေဖြင်. ဘာသံမှမထွက်ခဲ့ ။ ၄၄ နှစ်ကြာမှ အခွင်.အရေးလေး တစ်ကြိမ်ပြန်၇သောအခါ အခြားနိုင်ငံအချို.က အသံထွက်လာသလို အမှန်တရားမြတ်နိုးလွန်းသည်ဆိုသူများကလည်း အသံထွက်ခဲ့ကြသည် ။

တကယ်က သူတို.တွေ လုပ်သမျှခံခဲ့ရပြီးဖြစ်ပါသည် ။အကကို Dancing Sport ဆိုပြီးေ၇ွှတံဆိပ် အများအပြား ရယူခဲ့သူများ ၊ ကြက်တောင်ကို ကွင်းအတွင်း ခပ်သွင်းရသော ကစားနည်းများ အပါအ၀င် ကြားဖူးနားဝပင်မရှိသော ကစားနည်းမျိုးစုံတို.ကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်ပါသည် ။သေချာသည်က ကျွန်တော်တို.ဒိုင်တွေနှင်.ပေါင်း၍ တစ်ဖက်သတ် အနိုင်ယူသော နည်းဖြင်.ရွှေရယူခဲ့ကြခြင်းမဟုတ် ။ ကိုယ်.ရိုးရာ အားကစားနည်းကို အရှေ.တောင်အာ၇ှမှ တစ်ဆင်. ပျံ.နှံ.ဖို. ကြိုးစားရင်း ယခုနှစ် Sea Game ၏ ပထမဆုံးရွှေကို ရယူနိုင်ခဲ့ခြင်းဖြစ်သဖြင်. ကျေနပ်ပါသည် ။ကျွန်တော်ကတော. (အချို.သူတွေ ခံယူထားသောအမှန်တရားထက် ရွှေတံဆိပ်ကို (နိုင်ငံအတွက် ) ပိုမြတ်နိုးခဲ့ပါသည် ။

လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်ဗျာ ။

About သီဟ မျိုး

သီဟ မျိုး has written 1 post in this Website..