ကောင်မလေး မင်းကြောင့် ကိုယ်အရက် သောက်ပီလေး.. တစ်ခြာမရှိဒဲ့ ဆံတိုမလေး တောင်မယေး.. အေ့.. ဟေ့ယောင် ဘပု.. ဖွင့်စမ်း ဆိုင်တံခါး။ ညဂျီးအချိန်မတော်မိုးချုပ် ဦးခြောက်ပြားမြေး မိုက်ကယ်ဂျော်နီအောင်ပု ခွက်ပုန်းအရက်ဆိုင်ရှေ့ ကကြောင်ကြီး ပုဆိုးစလွယ်သိုင်းလျက် တံခါးအား တဘုံးဘုံး ထုနေပေသည်။ ဟာ.. ကကြောင်ကြီး ဘယ့်နှယ်ဖြစ်လာသဒုံး ပုဆိုးမနိုင် ပုဝါမနိုင် ဖင်ကြီးပေါ်လို့.. ကြိရမ်း အရက်တွေ သောက်ထားပါလား၊ လာလာ.. အထဲဝင်။ အောင်ပုအကူညီဖြင့် ဆိုင်ထဲ လေးဖက်ထောက် ဝင်ရမည့်ကိန်းမှ လွတ်သွားသည်။ အေးကွာ.. ညနေက လမ်းသွားရင်း ဘုံဆိုင်ထဲက ပြွတ် ပြွတ် ခေါ်သံကြားလို့ ကြည့်လိုက်တော့ အီးဒုံးဂျီးနဲ့ဝေါင်း.. သူရိုက အချိန်ရရင် သူတိုနဲ့ အဖော်လုပ်ပေးပါဆိုလို့ ဝင်ထိုင်မိရာဂ ခုလိုဖြစ်သွားတာ။ စသောက်တော့ အကောင်း ယဉ်ယဉ်ကျေးကျေးပဲ၊ နည်းနည်း အရှိန်လည်း ရလာရော ငါ့ကို ပေါင်ပေါ် တက်ခိုင်းလို့တက်ခိုင်း၊ ရင်ခွင်ထဲ ဆွဲသွင်းလိုသွင်း အမျိုးစုံ ကျီစယ်ကြတော့တာပဲဟေ့။ ခေါင်းကိုင်လိုက်၊ ဗိုက်ပွတ်လိုက်၊ အမြီးဆွဲရမ်းလိုက် အတော် လက်သရမ်းတဲ့ဟာတွေ။ သူတို့ခေါ်ရင် ယောင်လို့မသွားလေနဲ့။ စိတ်တိုင်းကျ အားရှိပါးရှိ ကလိလို့လည်းပြီးရော ငါ့ကိုထားခဲ့ဂျဒါဗဲ။ ဒါနဲ့ ကိုယ့်ဘွကိုယ် တွေးမိပီး ဝမ်းနည်းလာလို့ နင့်ဆီ ဝင်လာခဲ့သာဗဲ။ ရေချိန် မကိုက်သေးဘူးကွာ၊ ပေးစမ်း အရက်တလုံး..။

ဂွပ်ခနဲ အရက်ပုလင်းအား ရေမရော မော့ချလိုက်ရင်း.. ရုတ်ချည်း ငေးငိုင်ကျသွားသည်၊ နောက်မှ တဖြည်းဖြည်းဂျင်း.. ငါ့.. ဂို.. သူ.. မုန်း… သွား.. ဗီ။ အစပ်ဆက်မရှိ ကောက်ခါငင်က ပြောချလိုက်သည်။ ငါ့ဘွဟာ လူတဂါ လက်ညှိုးထိုး အဆဲဆို ခံရတဲ့ စစ်ထောက်လှမ်းရေးပြုတ်တွေ အတိုင်းပါပဲကွာ။ သူ့ခမျာ စစ်တပ်ကလည်းဆဲ၊ ကြံ့ဖွတ်လည်းမကြည်၊ ဒီမိုမုန်းတီး၊ လူထုအဖက်မလုပ်.. အားကိုးစရာ မောင်မြတ်ခိုင်လေး ကျန်လို့ တော်တော့တယ်။ အဲလိုပဲ ငါ့မှာလည်း ရန်သူဒွေ ဝိုင်းနေဒါ နင်ပဲ အဖော်ကျန်ဒယ်။ မင်းချီးစားစမ်း… ကကြောင်ပဲစားပါ၊ ဟောသည်မှာ။ ဂျော်လ်ကီပု သူအမြတ်တနိုး သိမ်းထားသော ဘလူးချိစ် ထုတ်ကျွေးလိုက်သည်။ မှန်၏.. ကကြောင့်စကား နားထောင်ခဲ့၍ ဘိန်းစား ဂျလေဗီ ပေါက်လွှတ်ပဲစား ဘဝမှ ယခုကဲ့သို့ ဆိုင်နှင့်ကန္နားနှင့် ဘုံဆိုင်ပိုင်ရှင် ဖြစ်လာခဲ့သည်၊ နောင်ဆို ဇိမ်ခေါင်းပင် ဖြစ်ပေဦးဒေါ့မည်။ အေ့.. ငါ့ကိုကွာ အယုတ်တမာဂေါင်တဲ့၊ ငကြောင်ဒဲ့။ ဗျာစ် ဘူပေါလဲ ဘယ်ငတ ပေါရဲသလဲ။ ကပု ရှုးရူးရှဲရှဲ ဖြစ်သွားသည်။ စားနေသော လဖက်သုပ်ထဲမှ ငရုတ်သီးတောင့် ကိုက်မိ၍ဖြစ်သည်။ ခွစ်စတယ်လှိုင်းပေါ့ကွာ.. ဒီနေ့ ရပ်ကွက်ရုံးရှေ့ အော်ကြီးဟစ်ကျယ် ကလော်တုပ် ဆဲနေတာ ငါနားနဲ့ဆက်ဆက် ကြားခဲ့ရဒယ်။ ခြစ်သူရဲ့ အမုန်းလောက် ပြင်းထန်တာ ဘယ်မှာ ရှိလို့လဲ..။

ငါ့မှာတော့ ကရင်-ဗမာ ငြိမ်းချမ်းရေး သင်္ကေတ ခြစ်သူရင်ခွင်ရယ်လို့ မျှော်လင့်လိုက်ရဒါ။ ခုတော့ ရင်ဝ ဆယ်ပေါင်တူနဲ့ ထုခံရသလို အသဲနှလုံး တဆတ်ဆတ်ခါအောင် နာတယ်။ အဟင့်..။ ဒီကြားထဲ နောက်ပက်ကညော တယောက်ကလည်း ငါ့ကို စေတန်မာရ်ကြောင်.. ငရဲအိုး ဇောက်ထိုးဆင်းမည့်ကောင်တဲ့.. ပေါယက်လိုက်ကြတာကွယ်..။ သူရို့ကိုယ်သူဒို့ဒေါ့ သူဒေါ်ဆင် ဖျသမီးဒေါ် ရင့်ကြက်သဘောပြည့် နှလုံးလှသူဒဲ့..။ ငါကြားဖူးဒါတော့ သခင်ယေရှုက ကိုယ့်ပါးတဖက်အရိုက် ခံရလျင် နောက်ပါးတဖက် ထိုးပေးပါဒဲ့.. ခုတော့ ပါးရိုက်နားကိုက် တုတ်တချက် ဓါးတပြက် ကြားလို့ကောင်းသေးရဲ့လား အရက်ဂဒို့.. အေ့..။

ထိုအချိန်ဝယ်.. အပြင်မှ ကပု..ကပုဟု လေသံတိုးတိုး ခေါ်သံကြားရသည်။ ကြည့်လိုက်တော့ ဘလေဇာကုတ် ဖားလားဝတ် ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသော လူအိုဂျီးတဦး ပုလင်းအလွတ် ခါးကြားထိုးလျက်… ကပု ထုံးစံအတိုင်း တလုံးပေးပါ၊ လကုန် ပေါင်းပေးပါ့မယ်။ ဒီလူ မြင်ဖူးတယ် စဉ်းစားစမ်း.. ဘယ်သူဖြစ်မလဲ၊ ကကြောင် မူးနေသည့်ကြားမှ မှတ်မိသွားသည်။ အိုး..ဟိုး ဟိုး၊ မာမွတ်ခိုမ် သဂျီးဇုတ် ဒီမှာ ခွက်ပုန်းလာခုတ်သကိုး။ မာမွတ်သဂျီးလည်း ကြောင်ရှေ့မှောက်လျက်လဲသော ကြွက်စုတ်ပမာ လွန်စွာတုန်လှုပ်လျက်.. ဘယ်သူမှ လျောက်မပြောပါနဲ့ကွာ။ မနက်ဖြန် ဓမ္မာရုံမှာ ထေရဝါဒဘုန်းကြီးတွေ မရိုးသားဘူးလို့ စွဲချက်တင်စရာရှိလို့ပါ။ အိုကေ အိုကေ.. ဗျားလည်းဗျားအပူနဲ့ ကျုပ်လည်းကျုပ်အပူနဲ့ လွတ်စေလွတ်စေ၊ သို့ပေသိ ရွာထဲက ပတ်ကညော နှစ်ယောက်အကြောင်း သိချင်တယ်။ သူတို့ကဘာတွေမို့ ကျုပ်ကို စော်ကားမော်ကား ဒီလောက် ပြုရဲသလဲ။ ကြောင်ကုတ်မှာ မကြောက်လား။ ဆိတ်ထိန်းပါ ကကြောင်.. နင်နဲ့ ပြသနာတက်တဲ့ ပက်ကညော နှစ်ဗွေဆိုတာ ကေအန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘောမြေး နော်ရွှီးနဲ့ ကေအန်ယူကေအန်အယ်လ်အေ ခွဲထွက်အဖွဲ့ ဗိုလ်ချုပ်ကြီးထိန်မောင်ရဲ့မြေး ခြစ်စတယ်လှိုင်း ဆိုဒါပဲ။ ငါလည်း မတတ်နိုင်ဘူး၊ ဒင်းရို့အိမ်မှာ အမ်၁၆တွေ ချိတ်ထားတာ မြင်ဖူးတယ်။ ဂွီစ် အဲလောက်တောင်လား။ ဗျားဂျီး မတတ်နိုင်လဲ နေပစေ၊ ကျုပ်ဟာကျုပ် နည်းလမ်းလျှာဆုံးမမယ်။

ဆြာကျောက်စ် ချီးစားကြည့်ဗျာ..။ ဘာကွ.. ဦးကျောက်စ်ခဲ ပုန်းရည်ဂျီးဟင်း စားရင်းတန်းလန်း ဒေါကန်သွားသည်။ ဆောရီး ဆောတီး.. သိပ်ခံစားနေရလို့ စဂါးမပီ ဖစ်သွားဒါ။ ကျနော့်ကို ရွံစရာကောင်းတယ် အကျင့်တန်တယ် ဘာညာနဲ့ပြောတာ နှစ်ယောက်ရှိပြီ။ တရုတ်သဗုံ ကြေးမုံဂျီးဆို မပြောပါဘူးဗျာ.. သူက ပန်းသေးမွတ်စ်သဂျီး မာမွတ်ခိုမ် အားကိုးနဲ့ စွာနေတာ။ ခုဟာက အသားထဲက လောက်ထွက် ဘယ်လောက်ရှက်ဖို့ ကောင်းသလဲ။ ဖွီ…. ဒါမျိုး လောကဂျီးမှာရှိလား၊ မိုးနတ်မင်း မကြောက်ထင်ရဲ့…။ ဒီလိုဗျာ ရွာထဲက ပက်ကညောနှစ်ဗွေ ကျနော့်ကို ဘလိုင်းဂျီးပေါ်တင် နစ်နစ်နာနာ စာတတန်ပေတန် ရေးဖွဲ့သီကုံး လင်္ကာစပ်ဆို သီကျူးတေးရင့်ဂျသဗျ။ ကျားနဲ့မ ဖက်လုံးရရင်လည်း ကောင်းရဲ့..။ အဲလိုလဲ နပန်းလုံးခွင့်မရ၊ နင်ပဲငဆ ပြောပြန်တော့ လျှာအရိုးမရှိ လျောက်ပြောတယ်နဲ့ လျှာဂျီး အစော်ကား ခံရဦးမယ်။ ဒီဒေါ့ ဘာဆက်လုပ်ရမလဲ.. ပြောဗျာ၊ ဦးကျောက်စ် ခုပြော..။ ခဏဆိုင်းပါဦး ကကြောင်ရယ်.. ငါ ရှေ့လ မင်ဂါဆောင်ပြီးသွားရင် ပြသနာ ရှင်းပေးပါ့မယ်၊ ဒီကြားထဲ ဂွေထုထားနှင့်.. ပြောပြောဆိုဆို မော်တော်ကားဘီးဂွေနှင့်တူ ထုတ်ပေးသည်။

ဒုံး..ဒုံး.. ခရစ်စတယ်လှိုင်းကွ… နော်ရွှီးကွ.. မှတ်ပလားကွ..။ ဟေ့..ဟေ့ နေအုံး.. ခရစ်ကအိုကေ.. နော်ရွှီးတော့သွားမထိနဲ့ ယာကူဇာမောင်ဂီစံ လာသတ်လိမ့်မယ်၊ သူ့ပစ္စည်းကွ..။ တိန်စ်.. အဲ့ဒါဆိုလည်း ခရစ်စတယ်လှိုင်းကွ ပက်ကညောသဗုံမကွ၊ ဒုံး ဒုံး..။ ဒါနဲ့ ဦးကျောက်စ် ကြတော့ မထုဘူးလားဗျ..။ ဟား.. ငါက အဲလို တိုက်ပွဲလေးတွေ တိုက်စရာ မလိုတော့ဘူး၊ စစ်ပွဲ တကာတို့၏မိခင် မားသားအော့ဖ်သဝါး စစ်ပွဲကြီး ဆင်နွှဲဖို့ အားမွေးနေတာ၊ ဒီမှာကျန်း..ဖီးကြမ်း၊ ကြက်ဥ၊ ပျားရည်၊ နွားနို့။ ဟိုက်ရှားဗား.. လဖက်ရည်ဆိုင် ဖွင့်မလို့လားဗျ.. ဒီလောက် စုံရအောင် တပုံတပင်ဂျီး..။ မင်းမသိ ဆက်ထုနေစမ်းပါကွာ.. ဒါတွေ ခလေး သိစရာလိုဝူး။ ဩော်.. သနားစရာ ကောင်းလိုက်တဲ့ ဦးကျောက်စ် နိုင်ငံဂျား အနေကြာလို့ မြန်တျန့်စကား လိပ်ပတ်လည်အောင် မပြောဓာတ်လျှာတော့ဘူး၊ သနားဖို့ ကောင်းလေဇွ။ ဒုံး..ဒုံး…ဒုံး မှတ်ပလားကွ။ ဟောဟဲ ဟောဟဲ လခွီးမှပဲ ဟုတ်သေးပါဘူး၊ ငါ့ကြတော့ တဒုံးဒုံးနဲ့ ဂွေထု၊ သူကြတော့ တဖြဲနဖြဲစား.. ဒီဟောင်ကောင် မြေကြွက်စကားဆက် နားထောင်ရင် လျှာထွက်သေဖွယ်ရာ ရှိတယ်။ တရွာမပြောင်း သူကောင်းမဖြစ် အချိန်ရှိတုံး နောက် တနေရာလစ်လေမှ..။

ကေအန်ယူ ပက်ကညော ခွစ်နှင့်ရွှီး လက်နက်ငယ် ပစ်ခတ်လေ့ကျင့်နေစဉ်

ကေအန်ယူ ပက်ကညော ခွစ်နှင့်ရွှီး သတ်မည်ဖြတ်မည် တဂဲဂဲ ဖြစ်နေစဉ်

အင်း..ဒီတခါတော့ ပြတ်ပြတ်သားသားဖြစ်အောင် ကာချုပ်ကြီးမင်းအောင်လှိုင်ဆီ ဝင်လေမှ.. တတ်နိုင်ဗူး မစားရတဲ့အမဲ သဲနဲ့ပက် ရက်စက်မှ တော်ကာကြမည်။ ဒုံးဂွမ်းဖြောင်း.. ကာချုပ်ကြီးကို အနော်ကြောင်ကြီး အလေးပြုပါ၏။ ကြောင်ကတိုး ချေးတုံး ဆယ်ပိဿာ လက်ဆောင်ပဏ္ဏာ ဆက်သကြောင်းပါ။ မျက်မှောင်ကြုပ်နေသော ကာချုပ် ချက်ခြင်း မြူးတူးပြုံးရွှင် ရယ်မောသွားသည်။ လာကွာ ကကြောင်ကြီး.. ထိုင်ထိုင် ဆိုဖာပေါ်မှာ၊ ဘာသောက်မလဲ ကော်ဖီ၊ လဖက်ရည် အအေး….။ အားလုံး ပြည့်စုံပါသည် ကာချုပ်။ ခုလာတာ အရေးတကြီး အကြံပြုစရာ ရှိလို့ပါ။ ဘာတုံးကွ ဘယ်လောက်အရေးကြီးလဲ..။ ကာချုပ်တို့ စစ်ဆင်ရေးလုပ်နေတာ ကချင်ကိုချည်း မဲတိုက်မနေသင့်ဘူး၊ ကရင်ဖက်လည်း လှည့်လုပ်သင့်တယ်။ ဒင်းတို့ ငြိမ်နေတာ အဟုတ်ထင်ရင် မှားသွားမယ်ကာချုပ်။ ဘာအကြောင်းထူးပေါ်လို့လဲကွ၊ ငါ့ဆီ ဘာသတင်းမှ တက်မလာပါဘူး၊ သူတို့ဟာသူတို့ ငြိမ်နေတာ သွားမဆွတာကောင်းတယ်။ အဲသာခက်တာပေါ့.. ကေအန်ယူနဲ့ ကေအန်အယ်လ်အေ နှစ်ခု ပြန်ပေါင်းမိနေတဲ့ အထောက်အထား အနော်ရထားတယ်။ တပ်ခြင်း ကွဲဟန်ဆောင်ပြီး မြို့ပေါ်မှာ သူရို့ ပက်ကညောနှစ်ဖွဲ့ ပေါင်းလှုပ်ရှားနေတယ်။။ ကေအန်ယူဗိုလ်နော်ရွှီးက ဖွဗွတ်နယ်မှာ စည်းရုံးရေး လုပ်ပြီး ကေအန်ယူ/ကေအန်အယ်အေတပ် ဗိုလ်ခရစ်စတယ်လှိုင်းက မျန်တျန့်မြို့ထဲ သောင်းကျန်းနေတယ်။ နယ်မြေခံ တပ်၊ရဲ၊ပြည်သူ့စစ် တကောင်တမြီးမှ မလှုပ်ရဲ ပြန်ချရဲဟန် မတူဝူး။ အဲဒါ တပ်ချုပ် လက်ပိုက်ကြည့်နေရင် အခြေအနေ ပိုဆိုးသွားမယ်။ တိုင်းပြည်ဂျီး ပြိုကွဲသွားမှာဆိုးလို့ အဘဆီ အရဲစွန့် သတင်းပို့တာပါ။ သူတို့ကို အရှင်ဖမ်းမိရင် တိုးကြောင်ကြီး ပြန်လည်ပြုပြင်ရေးစခန်းမှာ ဆိတ်ရှိလက်ရှိ အပီအပြင် ဆုံးမပစ်ဖို့ တာဝံယူပါမည် အဘ..။ အနော်လာသွားတယ်လို့ ဘယ်သူ့မှ မပြောပါနဲ့နော်၊ သူတို့ကိုအပြတ် ရှင်းပြီးတဲ့အခါ နောက်ထပ် ကြောင်ချီးမွှေး အချိန်တရာ လာပို့ပါဦးမယ်။ ပြန်ခွင့်ပြုပါဦးအဘ..။ မြန်တျန့်တပ်မဒေါ်ဂျီး အဓွန့်ရှည်ပါစေ.. ဒချိ ဒချိ ဒချိ။

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး