ဟိုလူဒွေ ၅လပြည့် တင်တော့ ကျော်လည်း ၅လပြည့် တင်ရတာပေါ့ဗျာ…

တကယ်က…ဒင်းတို့ ၁ရက်ကလေး စောသွားတယ်…ဂျ.. .ကျော်က ၂၄ မှဆိုတော့
အင်း ။။။။ ဂနေ့ ၅လ တင်းတင်းပြည့်သဗျ… တိုက်တိုက်လေးရယ်မှ ဆိုင်ဆိုင် … ကနေ့က မွေးသမိခင် မိဘနှစ်ပါးရဲ့

အန်နီဗာစရီလည်း ဖြစ်နေပြန်တာကိုး ….။

 

 

1525281_10201703827456220_954844072_n (1)

မနက်က ဘုရားကန်တော့တော့ …မားသားကြီးက နေမကောင်းဖြစ်နေတဲ့

နော်ရှီး အတွက် ဆုတောင်းခိုင်းတော့ တယောက်တည်း ကျိတ်ပြုံးမိသေးရဲ့…..

ငိငိ….

နင့်ဘုရားနဲ့ ငါ့ဘုရား … ပရိုတိုကောလ် တွေ ရှုပ်ကုန်မယ်… အာ .ဟိ..

 

ကျုပ်ကလည်း ကျုပ်ဗျ…. တခါတလေ … ပျင်းရင်… ချစ်သုဝေ ကို လှအောင် ဖန်ဆင်းပီး နိ ကို ၀အောင်ဖန်ဆင်းတဲ့

ကိုယ်တော့်ကို မောင် နည်းနည်းတော့ ဖုတယ် ကွာ … ထ-ထ လုပ်တတ်သေးတာ..

ထားပါတော့ဗျာ… ဘုရားတွေအကြောင်း…. ဒါတွေပြောရင် …. ဟိုလူယီးတွေ သည်းခြေကြိုက်ဖြစ်ကုန်ဦးမယ်..

တနေ့သေကြရမှာ မသေခင် ကြိုက်တဲ့ဘုရား ဦးချထားကြ…

 

 

အဟမ်း… ဟိုလူတွေလိုပေါ့နော… ၅လပြည့် အမှတ်တရ တထုထု ရေးရရင်ဖြင့်….

 

ဟန်နီ … နေမြန်မြန်ကောင်းတော့နော်….

 

 

 

နော်ရှီးနဲ့ မောင် …. ဟို ရမ်ဒီဂျက်ဆင် နဲ့ ကျန်းကျိရိ တို့ ဟားနီးမူး ကို လိုက်နှောက်ယှက်ရဦးမယ် မလား..

ယူဘီ လေးရာ့သုံး ကို ကိုသစ်မင်းရေးပီး ပလင်းဘွိုင်း ကြီး ဆိုတယ် မှတ်တယ်… ဟိ….

ဟိုလူကြီးလည်း ခုတလောတော့ အဲ့သီချင်းပဲ နားထဲ ကြားနေမှာပါလေ…

အဲသည်တော့မှ ဒါတ်သေတွေ တပြွတ်ကြီး ရိုက်တင်ကြတာပေါ့ကွယ်…..

 

 

962905_670579156327368_320283010_n

 

 

 

တော်သေးဘီ…

 

 

P.S

ဒါတွေမြင်ပြီး သကာလ …

ခရိုနီတွေ အပြောင်ခုတ်သွားလို့ အရှေ့ရိုးမ တခုလုံးပြောင်နေ ရှာသော ရန်ကုန်ရောက် အဘဆွေ … ဆဲစေသဒီး …..

 

(စကပ်ကလေးက လှထှာ ဟယ် ဆိုလို့ … ဂျင်းဘောင်းဘီနဲ့ ပုံ ပြောင်းတင်ထားခြင်း မဟုတ်ပါ)

 

ဒချိ ဒချိ…

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011