ခါနွေဦးမို့ လွမ်းရသူပါ

ချစ်သူရယ် အလွမ်းနှစ်ကူးမို့

နွေဦးအလှလေးကတော့

တစ်မျိုးချစ်စရာပေါ့

စိမ်းလန်းခြင်းကင်းတဲ့ နွေဦးလေးမှာ

လေရူးတို့ တစ်သုန်သုန်

အရိပ်မဲ့ မြူခိုးတွေတောင် ကခုန်နေကြပြီ

ဒီချိန်ဆို အလွမ်းတွေအပြည့်နဲ့

စမ်းရေအေးရဲ့ ဘေးနံဘေးက

ချစ်သူလေးကတော့ ရွှေငါးလေးကို

ရေတွက်ရင်း မျှော်နေပြီလား

ပြန်ဆုံနိုင်မယ့်တစ်နေ့ လက်ချိုးရေရင်း

နွေဦးရယ် မြန်မြန်ကုန်ခဲ့ရင်လေ

ပြောလဲ့ချင်စမ်းပါဘိ

ခါနွေဦးမို့ လွမ်းရသူသို့

    ကာရံ 10.2.2014

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..