ရွာထဲ. . .ဖုန်းနဲ့ ပိုစ့် တင်နည်း
ကျနော့်မိတ်ဆွေအချို ့ထဲမှာ ဂဇက်ရွာထဲက စာတွေကို မန်ဘာမဝင်သေးပဲ ဝင်ဖတ်နေသူတွေ ရှိနေပါတယ်။
တချို ့က ဒီအတိုင်း တိတ်တိတ်လေး ဆက်လက် ဖတ်ရှုနေကြတယ်။
တချို ့ကတော့. . .ရွာထဲ မန်ဘာအဖြစ်ဝင်ပြီး ပုကျိပုကျိတွေ ဝင်ပြော ဝင်ရေးချင်လာကြပါလေရော။
အဲဒီတော့ သူတို့ မန်ဘာဝင်ချင်တယ် ဆိုပြီး မန်ဘာတွေ ဝင်ကြပေမယ့် အများစုက ဖုန်းတွေနဲ့ ဆိုတော့
ပိုစ့်တင်ရတာ ခက်နေပါတယ်တဲ့။
ဟုတ်လည်းဟုတ်တယ်။
ကွန်ပြူတာပေါ်မှာ မြင်ရတဲ့ ဂဇက်စာမျက်နှာ ပုံနဲ့ ဖုန်းလေးထဲမှာ မြင်ရတာက မတူဘူးလေ ။
အဲဒါနဲ့ ကျနော့် မိတ်ဆွေ မန်ဘာအသစ်လေးတွေက အကောင့်တွေ ကိုယ်စီရှိနေပေမယ့်
ဘာမှ ဝင်မရေးဖြစ် ဘာမှ ဝင်မပြောဖြစ်သလောက်ပဲ တိတ်ဆိတ်မြဲတိတ်ဆိတ် နေပါလေရော။
ဒါကြောင့် သူတို့ သူတို့ ဖုန်းနဲ့ ပိုစ့်လေးးရေး တင်ရတာ အဆင်ပြေအောင်
(တစ်ဖက်တစ်လမ်းက အထောက်အကူရအောင်)
ကျနော် ့ နည်း ကျနော့် ဟန်လေးနည်းနည်း ညွှန်ပြပါရစေ ။
ကျနော်လည်း ဟိုဟိုဒီဒီ ရမ်းလုပ်ရင်းနဲ့ ဒီလိုနည်းလေးနဲ့ ပိုစ့်အချို ့တင်နေတာပါ။
————————————-
ဖုန်းနဲ့ ဂဇက်သုံးသူတွေထဲမှာ အများစုက တစ်မိနစ် နှစ်ကျပ်(သို့မဟုတ်)လေးကျပ်နဲ့
အဝိုင်းလေးလည်တာကို ကြည့်ရင်း အိပ်ငိုက်ရင်း သုံးရသူတွေ ဖြစ်ပါလိမ့်မယ်။
ဂဇက်ထဲတစ်ခါရောက်ဖို့ …
တစ်မျက်နှာကနေ နောက်တစ်မျက်နှာဆီရောက်ဖို့က အတော်လေး ကြာပါမယ် ။
(ဖုန်းနဲ့ကိုမှ wifi free နဲ့ သုံးရသူတွေကတော့ ထားပါတော့)
ဒီတော့ ဖုန်းရဲ ့အင်တာနက် Data switch ကို မဖွင့်ပါနဲ့ဦးး ။
အရင်ဆုံး ကိုယ်ပြောချင်တာကို ချရေးထားပါ။
ကျနော့် နည်းလေးကတော့ ဖုန်းထဲမှာ Gmail အကောင့်ကို ဖွင့်ထားပါတယ်။
ဖုန်းထဲက Gmail အကောင့်က တစ်ခါဖွင့်ထားးရင် အင်တာနက်မရှိလည်း ပြန်ဖွင့်ကြည့်လို့ရပါတယ်။
စာတွေဘာတွေ ပို့တာတို့ ဘာတို့တော့ လုပ်လို့မရဘူးပေါ့။
ဒါပေမယ့် တစ်ခု အဆင်ပြေတာက အင်တာနက်မရှိပဲနဲ့ Gmail အကောင့်ထဲ ဝင်ပြီး
compose ကို ကလစ် / စာတွေ ရေးပြီး save draft
လုပ်ထားလို ့ရနေပါတယ် ။
( အကောင့်ကို ဝင်ပြီးသား ပြန်မအောက်ပဲ ထား ထားဖို့တော့လိုပါတယ် ။ )
ဒါကြောင့် gmail ကို အင်တာနက် မဖွင့်ပဲ
( ဖွင့်ပြီးသားထဲ ) ဝင်လိုက်ပါ။
compose ကို ကလစ်လိုက်ပါ။
To နေရာမှာ ကိုယ်အဆင်ပြေရာ mail လိပ်စာတစ်ခုခုထည့်လိုက်ပါ။
မထည့်လည်းး ပြဿနာမရှိပါဘူး။
ကျနော်ကတော့ ကိုယ့် လိပ်စာ ကိုယ်ပြန် ဖြည့်ထားလိုက်တယ်။
ပြီးရင် subject နေရာမှာ တစ်ခုခုရေးပြီး မှတ်ထားလိုက်ပါ။
ပြီးရင် အောက်က စာရေးလို့ရတဲ့ အကွက်ထဲမှာ ရေးချင်သမျှကို ချသာရေးလိုက်ပါ။
ရေးပြီးရင် စိတ်ကြိုက် စာပိုဒ်တွေခွဲ
သတ်ပုံအမှားတွေ ပြန်စစ်. . .
လိုသလို ပြင်ဆင်ပြီးရင်တော့. . .
အဲဒီ compose mail ထဲက စာသားတွေကို copy ယူလိုက်ပါ။
( တကယ်လို့ စာက ရေးလက်စတန်းလန်းနဲ့ ဆက်ရေးဖို့မဖြစ်လို့ ရပ်ထားရမယ်ဆိုလည်း
ok ပါတယ် ။
အဲဒီ compose mail
စာမျက်နှာကို save draft လုပ်ထားးလို့ရပါတယ် ။
အားမှ Draft ခေါင်းစဉ်အောက်မှာ ပြန်ရှာပြီး ဆက်ရေးရုံပါပဲ ။ )
တလက်စတည်း ရေးပြီးတာနဲ့ တင်မယ်ဆိုရင်တော့ . . . ရေးပြီးသမျှစာသားတွေကို copy ယူ လိုက်ပါ။
ပြီးရင် Gmail ထဲက ပြန်ထွက်ပြီး
Data switch ကို ဖွင့်ပါတော့။
ပြီးရင် Browser ထဲ ဝင်ပြီး
www.myanmargazette.netထဲ ဝင်လိုက်ပါ။
ဂဇက်စာမျက်နှာပေါ်က
log in ကို ကလစ်ပြီး အကောင့်နဲ့ ဝင်လိုက်ပါ။
add new ကို ကလစ်ပြီး . . .
ပိုစ့်ခေါင်းစဉ်ပေးရမယ့်နေရာမှာ ကိုယ့်စာနဲ့ လိုက်ဖက်မယ့် ခေါင်းစဉ်လေးရေးပေး။
ပြီးရင် အဲဒီအောက်က စာရေးရမယ့် ကွက်လပ်ကြီးထဲ တစ်ချက် ထိလိုက်။
စာရိုက်လို့ရမယ့် keyboard ပေါ်လာရင် ဘာစာမှ ထပ်ရိုက်စရာမလိုတော့ပါဘူး။
ခုဏက compose mail ထဲမှာ စာသားတွေကို copy ယူထားပြီမို့ စာရိုက်ရမယ့်နေရာလေးကို လက်ကလေးနဲ့ ဖိထားလိုက်ပါ။
paste ဆိုတဲ့ စာသားလေးပေါ်လာပါလိမ့်မယ်။
အဲဒီ paste ကို နှိပ်လိုက်ရင် ဟိုထဲက copy ယူထားသမျှစာသားတွေ ဂဇက် ပိုစ့်တင်မယ့်အထဲ ရောက်လာတာတွေ ့ပါလိမ့်မယ်။
(အဲဒီလို copy / paste မလုပ်ပဲ ဂဇက်ထဲ တန်းဝင် / add new ထဲ. . .
စာရွက်ယူပြီး စာတွေရေးနေရင် ဖုန်းနဲ့က သိပ်အဆင်မပြေပဲ. . .
စာရိုက်ရတာ ခက်ခဲတဲ့အပြင် အင်တာနက်ကို အချိန်ကြာကြာဖွင့်ထားရမှာမို့ ပိုက်ဆံလည်း အတော်ကုန်ပါလိမ့်မယ်။ )
စာတွေ ရောက်လာပြီဆိုရင်တော့ ok ပါပြီ။
အချိန်ကလည်း အင်တာနက်လိုင်းကောင်းရင် ဂဇက်ဖွင့်ချိန် သုံးမိနစ်လောက်ပဲ
ကုန်ပါသေးတယ်။
စာတွေက အင်တာနက်မဖွင့်ပဲ mailထဲမှာရေးထားတာကိုး ။
စာတွေ ရောက်လာပြီဆိုရင်တော့ အောက်နားကို ရွှေ့သွားကြည့်ပါ။
Tags ဆိုတဲ့ စာသားနဲ့ ကွက်လပ်ကလေး တစ်ခု တွေ့ ပါလိမ့်မယ်။
အဲဒီ ကွက်လပ်ထဲ တစ်ခုခု ချရေးလိုက်ပါ။
စာလေးတစ်လုံးနှစ်လုံးပေါ့။
ဥပမာ ကိုယ်ရေးထားတာ ကဗျာဆိုရင် ** ကဗျာ ** ပေါ့။
ဒါပြီးရင်တော့ . . .
အဲဒီ နားမှာပဲ. . .category ဆိုတဲ့ စာသားတစ်ခုတွေ ့ပါလိမ့်မယ်။
အဲဒီမှာ ကိုယ်ရေးထားတဲ့စာနဲ့ ကိုက်ညီမယ့် တစ်ခုခုကို ရွေးရပါမယ် ။
ကိုယ်ရေးထားတာ ကဗျာတစ်ပုဒ်ဆိုရင် poetry ကို အမှတ်လေးခြစ်ပေါ့။
ဝတ္ထုတိုဆိုလည်း
short story ပေါ့ ။
ဒီနေရာမှာ ဖြတ်ပြောချင်တာက
category နေရာဟာ
ဖုန်းရဲ့ မော်ဒယ်အနိမ့်အမြင့် အရ လုပ်ဆောင်ရတာ ကွာပါလိမ့်မယ်။
တချို့ဖုန်းတွေဆီမှာ category ဟာ ပုံသေကြီး ပေါ်နေပြီး လိုသလို အထက်အောက် ရွှေ ့ ရွေးချယ်လို့မရပါဘူး။
တချို့ဖုန်းတွေကတော့ အထက်အောက်ရွှေ ့ပြီး ကိုယ်လိုတာကို ရွေး အမှတ်ခြစ်လို့ရပါတယ် ။
ပုံသေကြီးဖြစ်နေတယ်ဆိုလည်း ့မြင်နေရတဲ့ထဲက တစ်ခုခုသာ ရွေးပြီး အမှတ် ခြစ်ချလိုက်ဗျို ့။
ဥပမာ creative writing ပေါ့။
creative writing ဆိုတာကတော့ ပေါ်နေပါလိမ့်မယ်။
တစ်ခုခု အမှတ်မခြစ်မိ မရွေးမိရင် Gazette စာမျက်နှာမှာ မပေါ်ဘူးလေ။
ပျောက်သွားမှာဆိုတော့ category တစ်ခုခုသာ ရွေးလိုက်ပေတော့။
(ကိုယ်ရေးတာနဲ့ ကိုယ်ရွေးလိုက်တာ မလိုက်ဖက် အဆင်မပြေရင် ပြန်ပြင်ပေးမယ့်သူတွေ ရှိတယ်။)
ဒါတွေ လုပ်ပြီးရင်တော့ ပိုစ့်က တင်ရုံပဲရှိပါတော့တယ်။
publish ကို ကလစ်လိုက်ပါ။
ဒါဆိုရင်တော့ . . .
သင် ့ ဖုန်းလေးနဲ့ သင့်စာတစ်ပုဒ်
ဂဇက်စာမျက်နှာထက်မှာ တင်လိုက်နိုင်ပါပြီ။
သင့်ပိုစ့် ကို ပြန်သွားကြည့်ချင်ရင်တော့. . .
အပေါ်နားက အိမ်ပုံလေးကို ကလစ်ပြီး Home စာမျက်နှာကို သွားကြည့်ရုံပါပဲ ။
————————————
နည်းနည်း အတွန် ့ထပ် တက်ချင်သေးတာက. . .
တချို ့ဖုန်းတွေက gazette ထဲ ဝင်လိုက်ရင် ကွန်ပြူတာမှာ ပေါ်သလို စာမျက်နှာ ဒီဇိုင်းမဟုတ်ပဲ . . .
log in တောင် ဝင်ရခက်ပါတယ်။
log in ဆိုတဲ့ စာလုံးးလေးတောင် မမြင်ရပါဘူး။
ဒါဆိုရင်တော့. . .
www.myanmargazette.net
ကလစ်ပြီးတာနဲ့ ပိုစ့်တွေရဲ့ ခေါင်းစဉ်တွေ အပေါ်ကနေအောက်အထိ စီစီရီရီ မြင်ရမယ်။
အဲဒီ စာမျက်နှာရဲ့ အောက်ဆုံးအထိကို ဆွဲချသွားကြည့်ရင်. . .
Mobile | Desktop ဆိုတဲ့ စာသားနှစ်ခုကို မြင်ရပါလိမ့်မယ်။
အဲဒီထဲက Desktop ဆိုတာလေးကို ကလစ်လိုက်ရင် ကွန်ပြူတာမှာ မြင်ရသလို ဂဇက်စာမျက်နှာကြီးကို မြင်ရပါပြီ။
ဒါဆိုရင်တော့ ရွာထဲ သွားရလာရတာ လွယ်ကူသွားပါပြီ။
***********************
ဒါက ကျနော် ဖုန်းနဲ့ ဂဇက်ထဲ ပိုစ့်တင်နည်းလေးပါ။
အင်တာနက်ဖိုးလည်း သိပ်မကုန်အောင် ချွေတာရာရောက်ပါတယ် ။
တစ်ခုတော့ရှိတာပေါ့။ ဖုန်းနဲ့ပိုစ့်တင်ရာမှာ ဓါတ်ပုံ ထည့်မရပါဘူး။
ကျနော့် ဟန်းဆက်ကပဲ နိမ့်နေလို့လားမသိ။
ဘာပဲဖြစ်ဖြစ် ဒီလိုလေး လုပ်လို့ရနေတာကပဲ တော်တော်အဆင်ပြေပါတယ်။
ပုံတွေ ဘာတွေ နဲ့ ဝေဝေဆာဆာတင်ပြရမယ့်ပိုစ့်ဆိုရင် ကျနော်က အထက်ပါနည်းအတိုင်း ရေးပြီးသားစာသားတွေကို copyယူ . . .
gazette ထဲက ပိုစ့်တင်တဲ့နေရာမှာ paste လုပ်။
ပြီးရင် ချက်ချင်းမတင်ပဲ
gazette ထဲမှာပဲ အဲဒီပိုစ့်ကို draft လုပ်ထားလိုက်ပါတယ်။
အားတဲ့အခါမှ အင်တာနက်ဆိုင်ကိုပြေးပြီး လိုအပ်တဲ့ ပုံတွေ ထည့် တင်ပါတယ် ။
( အိမ်မှာကွန်ပြူတာလေးတစ်လုံး မပိုင်သေးတဲ့ ရွာသားတစ်ယောက်ရဲ့ ဒုက္ခပေါ့ဗျာ)
ကျနော့်နည်း ကျနော့်ဟန်လေး တင်ပြလိုက်ပါတယ်။
ဒီထက် ပို အဆင်ပြေမယ့် နည်းများရှိရင်လည်း ပြောကြပါဦး။
လေးစားချစ်ခင်လျက်
ဆက်ဆက် (Gazette)
8 / 4 / 2014 / 11 :00 am
( မင်္ဂလာဒုံ )
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကိုယ့်ဘာသာကိုယ်ဆိုရင်..ပုံတွေနဲ ့ မပြတတ်ဘူး ။
အခု လုံမလေးမွန်မွန်က.. ပုံလေးတွေကို screen shot လုပ်ပြီး..ပို ့ပေးလာလို ့…
ပိုစ့်ထဲ… ထည့်ပြလိုက်ပါတယ် ။
သူက Gmail ထဲမှာ…မလုပ်ပဲ.. note pad ထဲ.မှာ..ရေးတာပါ.. ။ ဒါလေးပဲ..ကွာတာပါ.. ။
ပုံလေးတွေ.. ကူညီပေးတဲ ့..မွန်မွန်ရေ..ကျေးဇူးပါဗျ… ။
ပြီးတော့.. ဒီပိုစ့်ရေးရာမှာ..တစ်ဖက်တစ်လမ်းက..ကူညီပေးခဲ့တဲ့..သဂျားကိုလည်း ကျေးဇူးပါ..လို ့…
———————
အောက်ကပုံလေးတွေကို.. ကြည့်လိုက်ကြပါဦး….
-
1. Note ထဲမှာရိုက် (သို့မဟုတ်)မေးလ်ထဲက compose စာမျက်နှာမှာ စာရိုက်
-
2.ကော်ပီကူး
-
3. Browser ကနေ ရွာကိုသွား.. ဒါက mobile view
-
4. အောက်က destop ကို နှိပ်ရင် ကွန်ပျူတာကအတိုင်း မြင်ရမယ်
-
5. Desktop view
-
6. New post က ဟိုးအပေါ်မှာ.. နည်းနည်းတော့ သေးတယ်
-
7. ဒီကိုရောက်
-
8. Paste လုပ်
ပိုစ့် ခေါင်းစဉ်နေရာမှာတော့.. စာသားတွေအကုန်လုံးကို paste မလုပ်လိုက်ပါနဲ့နော် ။
-
9. ဒီမှာလည်း paste လုပ်
-
10. Tag ရေး
-
11. Category ခွဲ
-
12. Publish ကို နှိပ်လိုက်ရုံသာ…
ဟာ…မိုက်သွားပြီ။ ကိုကြီး အလင်းဆက်ရေ ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်လည်း ဖုန်းနဲ ့ပိုစ့်တင်ပေမယ့် ကိုအလင်းဆက်ပြောသလို မဟုတ်ဘူးဗျ။ အခု အစ်ကိုပြောတာ ပိုလွယ်တယ်။
Was this answer helpful?
LikeDislikeအဆင်ပြေတယ်ဆိုရင် ဝမ်းသာပါအိ
Was this answer helpful?
LikeDislikescreenshot တွေပါ ထည့်ပေးပါလားဟင် ပိုရှင်းအောင်လို့
Was this answer helpful?
LikeDislikeအိုက် screenshot တွေ တော့ လုပ်ပြတတ်ဘူးရယ်

အဲ့လိုပုံတွေနဲ့ ပြရင် ပို အဆင်ပြေမှာ
အံစာ ကူရင်ကောင်းမယ်။
ဒီပိုစ့်ကို ဒီပိုစ့်ထဲက နည်းအတိုင်းပဲ တင်ထားတာလေ။
ဖုန်းနဲ့က ဘာပုံမှတော့ ထည့်ပြမရ. . .
Was this answer helpful?
LikeDislikeနာ့ ဖုန်းနဲ့ က ပို့(စ) ဆို တစ်ခုပဲ ဖတ်လို့ရတယ်။
ကွန်ပြူတာမှာမြင်ရသလိုလည်း ဟုတ်ဘူးးး
ဟိုနေ့က ပို့(စ) တင်ချင်လို ရှာတာ မရပေါင်။
:hint:
Was this answer helpful?
LikeDislikeအင်းး
အဲဒီလိုကြီး ကျနော်လည်း ဖြစ်ဖူးတယ်မမဂျီးရေ။
အဲ

ဒါပေမယ့် ဘယ်ကဘယ်လို ဘာတွေ ကလစ်လိုက်လို့
ရသွားတယ်တော့ မမှတ်မိတော့ဘူး
အဟိ
desktop မြင်ကွင်း မရွေးရသေးလို့များလား
Was this answer helpful?
LikeDislikeနာကတော့ note pad ထဲမှာ ရိုက်ထားတယ်… ရှားရှားပါးပါးပါ.. ဖုန်းနဲ့ရိုက်ရတာ ပြောချင်တာတောင် မေ့သွားလို့..
ပြီးရင် ကော်ပီကူးပြီး တင်တယ်ပေါ့..
screen shot နဲ့ လုပ်ကြည့်ပေးပါဦးမယ်.. ရလိုရငြားပေါ့..
Was this answer helpful?
LikeDislikeမွန်မလေး လုံလုံရေ….
ပုံလေးတွေ. ..ကူညီပံ့ပိုးပေးတဲ့အတွက်.. ကျေးဇူးအထူးပါ…နော်.. .။
Was this answer helpful?
LikeDislikeကျေး ဇူး တင် ပါ တယ်
အ ဆက် က လေး ရေ
Was this answer helpful?
LikeDislikeဟုတ်ကဲ့ … ။
Was this answer helpful?
LikeDislikeလွယ်လိုက်တဲ့နည်း
အလွန်အဆင်ပြေပါကြောင်း
သို့သော် သဂျီးခဏခဏ ကလိရင် ပေါက်ရတွေဖြစ်ကုန်ရော
Was this answer helpful?
LikeDislikeဟုတ်ပါ့ဗျာ.. ။
————-
ဒါနဲ ့…
ဒီနည်းကို.. မရခင်က.. ကျနော်…
ဦးဆာရဲ့နည်းနဲ ့.. ပိုစ့်တင်နေတာပါနော်..
————–
Was this answer helpful?
LikeDislikeမကလိရပေါင်ဗျာ..
အပ်ဒိတ်လုပ်တာခင်ဗျ…။ လုံခြုံရေးအခြေအနေအရ.. အပ်ဒိတ်လိုက်ရင်..အရင်ဆက်တင်သမားတွေ ဒုက္ခရောက်ကောင်းရောက်တတ်ပါတယ်..။
ဆိုတော့..
ဒီလောက်ကြိုးစားပန်းစားရေးတင်နိုင်တာကို..အသိအမှတ်ပြုပါကြောင်းနဲ့.. ဒီပိုစ့်ကိုကွန်ဂရက်ထဲ..လင့်ခ်ထည့်လိုက်ပါကြောင်း…
Was this answer helpful?
LikeDislikeအဟီဟိဟီ
ကျေးကျေးဘာ သဂျီး
Was this answer helpful?
LikeDislikeကျေးဇူးကြီးပါ့ ရွာထဲအဲ့ဒါမှပဲလူစည်တော့မယ်။
Was this answer helpful?
LikeDislikeအဟိ။
Was this answer helpful?
LikeDislikeဖြစ်နေတာက အဓိကက .. တင်တဲ့ပိုစ်က စာတွေ မှာ ရှေ့စာလုံးတွေမမြင်ရတာဘဲ..။ Edit ပြန်လုပ်တော့ မြင်ရတယ်။ရူးချင်တယ။်
Was this answer helpful?
LikeDislikeတိန်
ဘာကြောင့်ပါလိမ့်
နည်းပညာဆရာများဖျစ်တဲ့ သဂျားတို့ အံဇရာတို့ ပြောပြနိုင်မလား ဟင်
Was this answer helpful?
LikeDislikeဟီးး သိဘူး
Was this answer helpful?
LikeDislikeအဲဒီရှေ့စာလုံးတွေကတော့ မှန်းပြီးဖတ်နေရာတာပဲ။ ဿ ဆိုလည်း မပေါ်ဘူး။ဖွဘုတ်ထဲလည်း အဲသလိုဖြစ်နေတာပါပဲ။
အခက်တွေ့နေတဲ့ မန်ဘာတွေကို ဒီလို ကူညီပေးတဲ့ အလက်ဆင်းအား သိုင်းခရုအကြီးကြီးပါလို့။
Was this answer helpful?
LikeDislikeအဲဒီ စာလုံးတွေ အကုန်မပေါ်တာတို့
တချို ့နေရာ ပေါ်ပြီး တချို ့နေရာ မပေါ်တာတို့ကလေ
စက်ထဲမှာ သွင်းထားတဲ့ မြန်မာဖောင့်ကြောင့် ဖြစ်လိမ့်မယ် ထင်တယ်ခည။
ကျနော့် ပထမသွင်းထားတဲ့ ့မန်မာစာက အဲဒီလိုမျိုး ကမ႓ာ လို့ ရေးလို့မရ။
ပိုစ့်ရေးမယ့် ကွက်လပ်ထဲက မြန်မာစာ တစ်ခုမှ မပေါ်
လေးထောင့်အကွက်ကလေးတွေချည်းပဲ ပေါ်တာ
မြန်မာလို တစ်လုံးမှ ပိုစ့်ထဲ ရိုက်မရ
E ကျတော့ ရိုက် လို့ရတယ်။
အဲ Home စာမျက်နှာထဲ ပြန်သွားကြည့်
view post ထဲသွားကြည့်ရင်တော့ အားလုံး ပေါ်တယ်
ညာဘက်ဘေးက comment ပေးသွားသူတွေ နဲ့ ပိုစ့်နာမည်တွေ ပြထားတဲ့နေရာကို ကြည့်တော့ မြန်မာစာ တစ်လုံးမှ မပေါ်
အဲဒီလိုတွေ ဖြစ်နေတာ။
အဲဒါ ဖုန်း service ဆိုင်တစ်ခုကို သွားပြီး ပြကြည့်တော့
ဖုန်းထဲ ထည့်ထားတဲ့ မြန်မာဖောင့်က တချို့ ဝက်ဆိုက်စာမျက်နှာတွေမှာ သုံးထားတဲ့ မြန်မာဖောင်နဲ့ မကိုက်ညီတဲ့ သဘောမျိုးတဲ့။
အဲဒါ သူ ့ဆိုင်က မြန်မာဖောင့် ပြောင်းထည့်ပေးလိုက်တာ
(၃၀၀ဝ ပေးးရတယ်။)
အခုတော့ အဆင်ပြေနေပါရောလား။
ဘာအခက်အခဲမှ မရှိသလောက်ပဲ ။
ကျနော် မြန်မာဖောင့် ပြောင်းသွင်းလိုက်တဲ့ဆိုင်က
ရှစ်မိုင်လမ်းဆုံက ရဲမျက်မှန်ဆိုင် ဘေးမှာ ရှိတဲ့
ဆိုဖီ ဆိုတဲ့ ဖုန်းဆိုင်ပါ။
———
အဲ့လို ဖြစ်နေသူတွေ မြန်မာဖောင့် ပြောင်းကြည့်ရင် အဆင်ပြေလေမလား
Was this answer helpful?
LikeDislikeအရင်တုန်းကလည်း လည်း ရုံးကစက်ကနေတင်တာပဲ ဒီဖောင့်ပဲ..အခုမှဖြစ်နေတာ..။ အဲဒါ သူဂျီးကို ဖြေရှင်းပေးခိုင်ပါလား။ အစ စလုံးတွေမမြင်ရဘူး။ဖြစ်နေတာလေ..။
Was this answer helpful?
LikeDislikeအမ်..
ကျုပ်တယောက်ထဲဖြစ်နေတယ်ထင်နေတာ…
ဆိုတော့… မိုက်ခရိုဆော့ဖ်က ဝင်ဒိုးစ်ထဲထည့်ထားတဲ့.. ယူနီကုဒ်အစစ်ဆိုတာကြီးတွေနဲ့ဆိုင်မယ်ထင်..။
Was this answer helpful?
LikeDislikeဒါလောက်ကောင်းတဲ့ပို့စ်ကို ဘယ်လိုလူတွေက အနီတွေပေးနေရတာတုန်းဟ………
Was this answer helpful?
LikeDislikeစိတ်နီနီ
လူနီနီကြီးတွေ နေမှာပေါ့ဗျာ
Was this answer helpful?
LikeDislikeအင်းးး
ဘယ်လိုတွေပါလိမ့်
ကျနော်တော့ အခု ဘာအခက်အခဲမှ မရှိပဲ အဆင်ပြေလို့. . .
Was this answer helpful?
LikeDislikeဖုန်းထဲထည့်သွင်းထားတဲ့ အပရီကေးရှင်းနဲ့လဲဆိုင်မယ်ထင်တယ် ။ မြေခွေးမီးလျှံ လို့ခေါ်တဲ့ ဖိုင်းယားဖောက်ကနေဝင်ရင် စာလုံးတွေ အမှန်အတိုင်းမပေါ်ဘူး ။ မန်းဂ ဇက်တက်မှမဟုတ် အခြားဝက်ဆိုဒ်တွေဝင်လို့လည်းအဆင်မပြေဘူး ။ One Browser ကနေဝင်ရင် အဆင်ပြေတယ် ။ မင်ဘာလိုဂျင်တစ်ခါဝင်ထားပီး ပတ်စ်ဝတ်ကို မှတ်ခိုင်းထားယုံပဲ။ သူ့ဟုမ်းပေ့ထဲမှာ ဝက်ဆိုဒ်တွေကိုမှတ်ပေးထားတယ် ။ အဲ့ဒါဖွင့်လိုက်တာနဲ့ ကိုယ်ဝင်ချင်တဲ့ ဝက်ဆိုဒ်ရောက်တာပဲ။ မှတ်စု အကြမ်းရေးတာကတော့ ကာလာနှုတ် ဆိုတာရှိတယ် ။ သင့်ဖရီး ဆိုတာလဲရှိတယ် ။ သင့်ဖရီးကဘာနဲ့တူလဲဆိုရင် ဒက်စတော့ က မိုက္ခရိုဆော့ဝပ် နဲ့ဆင်တယ် ။ အဲ့မှာ အရင်ရေးပြီး ကော်ပီ ပေ့နဲ့ တင်နေတာ လေးလကျော်လာပီပဲ ။ တစ်ခုပဲ လိုင်းမကောင်းရတဲ့ကြားထဲ ဝမ်းဘရောက်ဇာက နဲနဲလေးတယ် ။ အင်တာနက်ဖွင့်ထားချိန် ကြာရင်တော့ သူ့အရှိန်နဲ့သူဟုတ်နေတာပဲ ။
Was this answer helpful?
LikeDislikeကျေးကျေးဗျို့
Was this answer helpful?
LikeDislike