“အပြင်း ထန် ဆုံး သော တုန့် ပြန်ခြင်း”


အရောင် မ ရှိ
အဆင်းမရှိ
အနံ့  မ ရှိ
အ ရ သာ မ ရှိ
ပုံသဏ္ဍန် မရှိ
ဆို သော အရာကို
ရေ ဟု ခေါ် သည်တဲ့။

ဆိုး တဲ့ အရောင် အတိုင်း လိုက်
ထည့် တဲ့ ခွက် အတိုင်းေ ပြာင်း
သွန် လို သွန်
မှောက် လို မှောက်
ကြိုက် သ လို ထား
ငြင်း ဆန် ကန့် ကွက်ခြင်း
မရှိ သော ရေ။

သို့သော်
သုည ဒီ ဂရီ ရောက် ရင်
အေးခဲ
ဒါပေ မယ့် လည်း
အချိန် ကာလတစ်ခုမှာ
မူ လ ေ ရ ဘ ၀
ပြန် ရ နိုင် ပါသေးတယ်။

တစ် ရာ ဒီ ဂရီ ကျော် ရင်တော့
ဆူပွက်ပြီး
အ ငွေ့ ပျံ
ပြင်းထန် သော
တုန့် ပြန် ခြင်း ရဲ့အဆုံး
မူရင်း ရေ ဘ ဝ
ပြန်ရ ဘို့ ဆို တာ
အတော် လေး ခက် ခဲ
ဆုံး ရှုံး ခြင်း တွေ နဲ့
လဲ မှ
နဂိုရ် ဘ၀ ပြန်ရ မယ် ထင် ပါ တယ်။

ကို ပေါက် လက် ဆောင် အ တွေး စဉ်
25-4-2014

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1607 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။